သက္ကရာဇ် ၁၀၃ ခုနှစ် ဘုရားဖြစ်တော်မူပြီး ၂ လအကြာ ၀ါဆိုလပြည့် စနေနေ့ တွင် ဗာရာဏသီပြည်အနီး ဣသိပတန မိဂဒါဝုန် ဘေးမဲ့တော၌
ကောဏ္ဍည -
အရှင်ဝပ္ပ -
အရှင်ဘဒ္ဒိယ -
အရှင်မဟာနာမ် -
နှင့်
အရှင်အဿဇိ - ဟူသည့်
ပဉ္စ၀ဂ္ဂီ ငါးပါး ဟုခေါ်သော ရသေ့ ငါးဦးအား ဟောကြားတော်မူသော တရားဦးဖြစ်သည့် ဓမ္မစကြာတရားတော်ကို ဟောတော်မူခဲ့သည်။ မိဂဒါဝုန်တောအဝင်
ဓမ္မစကြာတရားတော်ဟောတော်မူရာမှာအုတ်ခုံတစ်ခုကိုမြင်တွေ့ ရပါမည်။
ထိုအုပ်ခုံနေရာသည် ဓမ္မရာဇိက ကုန်းမြေစေတီတော်အုပ်ခုံပင်ဖြစ်ပေသည်။
ဤမြေဤနေရာတွင်မြတ်စွာဘုရားထိုင်၍ဓမ္မစကြာတရားတော်ကိုဟောတော်မူခဲ့ပါလားဆိုတဲ့အသိနဲ့ 
ဘုရားကိုသတိရမိသည်။
ပဉ္စဝဂ္ဂီငါးဦးအား တရားဦးဓမ္ထဋ္ဌကာဟောရာအထိမ်းအမှတ် ဓမ္ထရာဓိကစေတီ
တရားဦး ဓမ္မစက်မှာ အနှစ်သာရ (၃)ချက်ရှိပါတယ်။
၁။ ရှောင်ရှားရန် အစွန်းနှစ်ဘက်၊
၂။ လိုက်နာရန် အလယ်လမ်းနှင့်
၃။ ထိုးထွင်းသိမြင်ရာ သစ္စာ(၄) ပါးတို့ ဖြစ်ကြပါသည်။
(၁)
ဇာတိပိဒုက္ခာ
အမိဝမ်းတွင်း၌ သန္ဓေတည်နေရခြင်း၊ မွေးဖွားရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
(၂)
ဇရာပိဒုက္ခာ
အိုမင်း ရင့်ရော်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
(၃)
ဗျာဓိပိဒုက္ခာ
နာရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
(၄)
မရဏမ္ပိဒုက္ခံ
သေခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
(၅)
အပိယေဟိ သမ္ပယောဂေါ ဒုက္ခော
မချစ်မနှစ်သက်သောသူတို့နှင့် အတူတကွ ပေါင်းသင်းနေထိုင်ရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
(၆)
ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော
ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
(၇)
ယမ္ပိစ္ဆံ နလမဘတိ တံပိ ဒုက္ခံ
လိုချင် တောင့်တအပ်သည်ကို မရခြင်းသည် ဆင်းရဲ၏။ (ဗုဒ္ဓ)
အဝင်ဝလမ်းညွန်မြေပုံ
1 comment:
Thanks you so much for your share. I would like to copy some photos. How to copy it? And also want to know which travel agent is best in Yangon to go there. If u have time, pls details. Travel name and ph no also can. Thanks
Post a Comment