Monday, May 3, 2010
မဟာဗောဓိညောင်ပင်နှင် ရွှေ့ပလ္လင် (ပထမသတ္တဟ)ပလ္လင်္ကသတ္တာဟ
မဟာဗောဓိညောင်ပင်သည် ပေတရာခန့် မြင့်သည်။ မဟာဗောဓိစေတီ၏ အနောက်ဖက်တွင် ရှိသည်။ မြတ်စွာဘုရားသခင်၏ ဖွားဖက်တော် တစ်ပါးဖြစ်၍ သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိခဲ့ရာနေရာဖြစ်သည်။
 မူလဗောဓိပင်ကား မဟုတ်ပေ။ သမိုင်းများအဆိုအရ ဟိန္ဒူဘုရင် သသင်္ကသည် ထိုဗောဓိညောင်ပင်ကို ခုတ်လှဲဖျက်ဆီးခဲ့သည်။ သမိုင်းအဆက်ဆက်ကလည်းဖျက်စီးခံခဲ့ရသည်ဟုဆရာတော်ကမိန့် ဆိုခဲ့ သည်။
                                                          မဟာဗောဓိညောင်ပင်(နေ့ ရှု့ ခင်း)
                                                      မဟာဗောဓိညောင်ပင်( ညရှု့ ခင်း )
မြတ်စွာဘုရားသည်ဗောဓိပင်နှင့်ရွှေပလ္လင်မှာဘုရားအဖြစ်သို့ ရောက်တော်မူသော် ပထမသတ္တာဟဖြစ်သည်။
                                                 မဟာဗောဓိပင်နှင့်ရွှေပလ္လင်အနီးကပ်ပုံ
မဟာဗောဓိပင်ခြေရင်းမှမြေများကိုလူတွေယူကြလွန်းသဖြင့်ယခုအခါအပင်ခြေရင်းကိုအုပ်တိုင်သံတိုင်းများ
ဖြင့်ခြံစည်းရိုးကာထားသဖြင့်ခက်ခက်ခဲခဲယခုလိုအနီးကပ်ရအောင်ကင်မရာကိုအတွင်းထဲထည့်ပြီးလူကအပြင်က
နေ- နေပြီးရိုက်ယူခဲ့ ရပါသည်။ စိတ်တိုင်းကျဖူးမြင်ကြပါကုန်။
                                                   မဟာဗောဓိပင်နှင့်ရွှေပုလ္လင်ဆိုင်းပုဒ် -
ကျွန်ုတို့ ဘုရားသည်  -   မဟာဗောဓိပင်နှင့်ရွှေပလ္လင်ကိုရဖို့လေးသင်္ချေနှင်ကမ္ဘာတစ်သိန်းပါရမီများဖြည့်ဆည်းပူးခဲ့ ရသည်။
     ဘုရားသည် သူ၏အသွေးအသား-ခန္ဒကိုယ်-အသက်-မျက်စိ-သားသမီး-ဇနီးတို့ ကိုပေးလှူခဲ့ ပါသည်။
                                          ပလ္လင်မှာပင်မာန်ငါးပါးကိုအောင်မြင်တော်မူခဲ့သည်။
ပဋိစ္စသမုပ္ပါဒ်တရားတော်ကို အပြန်ပြန်အလှန်လှန် ရှု့ ကြံလျှက် အပရာဇိတပလ္လင်မှာ( ၇ ) ရက်ကြာဈာန်သမာပတ်ဝင်စားလျက် သီတင်းသုံးနေတော်မူသည်။
                            ဤကဲ့သို့ နေတော်မူခြင်းသည် ပထမ( ပဌမသတ္တာဟ)ဖြစ်သည်။
ယင်းသို့ ပလ္လင်ထက်၌ ခုနစ်ရက် စံတော်မူခဲ့သည့် ပထမ သတ္တာဟကို ပလ္လင်္ကသတ္တာဟ ဟုခေါ်လေသည်။
စိမ်းစိုနေသောမဟာဗောဓိညောင်ပင်
လူတွေကိုရှောင်ပြီးတော့ဓါတ်ပုံရိုက်ယူလို့ မရနိုင်ခဲ့ ပါ။ နွေရာသီဆိုရင်ဖြင့်ရိုက်ယူလို့ရတယ်လို့ဆရာတော်က
မိန့် တော်မူခဲ့သည်။ (နွေရာသီဆိုဘုရားဖူးလာသူများပူလွန်းလို့ အလာနည်းသည်ဟုထင်သည်။
မဟာဗောဓိညောင်ပင်အရင်းမှာ တိဘက်ဗုဒ္ဒဘာသာဝင်များသူတို့ နည်းသူ့ တို့ ဟန်ဖြင့် မြတ်စွာဘုရားကို
ရိုသေစွာကြည်ညိုသဒ္ဒါပွားနေကြပုံအမျိုးမျိုး
သံစုံဘုံကလေးများမှာစည်းချက်ညီညီနှင့်နားထောင်လို့ ကောင်းသည်။ 
ဘေးမှမြင်နေရသောပလပ်စတစ်အိပ်ကလေးများမှာဘုရားလာရောက်ရှစ်ခိုးသူမျာကိုကုသိုလ်ဖြစ်ကျွေးသည့်
အသီးအနှံအစုံထည့်ထားသောအိပ်ကလေးများဖြစ်သည်။
ယောက်ျားကလေးများလည်းကုသိုလ်ယူကြသည်။
မိန်းမများလည်းကုသိုလ်ယူကြသည်။
ဒီလောက်ဥသီဥတုအေးတဲ့အချိန်မှာတောင်မှကုသိုလ်အတွက် ကလေးလူကြီးလာရောက်ကြသည်ကို
ကြည့် ပြီးအတုယူမိသည်။
မဟာဗောဓိအပြင်ဖက်မှ မြင်ကွင်း
ဘုရားရှစ်ခိုးနေကြသောတိဘက်ဘုန်းတော်ကြီးများနှင့်တီဘက်လူမျိုးများ
ဒေါင့်ပေါင်းစုံမှဓါတ်ပုံများ
No comments: