နာလိံ္ဋာတက္ကသိုလ်ကိုနာလိံ္ဋာမြို့ တွင်တည်ရှိသည်။
မြေဧကအကျယ် ၄၁၉ ဧကရှိ၍ စာသင်ကျောင်းပေါင်း ၁၈၀ ရှိသည်။ ကျောင်းအတွင်းရှိစာကြည့်တိုက်မှာ -
အထပ် ၉ ထပ်အထိမြင့်သောအဆောက်အဦးလည်းအပါအဝင်ဆောက်လုပ်ထားရှိခဲ့ သည်။
အေဒီ ၅ ရာစုမှ ၁၂ ရာစုအထိနှစ်ပေါင်း ( ၇၀၀ ) ကျော်တည်ရှိခဲ့ သည်။
အဝင်ဝကျောက်စာချပ်
အောက်ခြေအုပ်လှေကားများကိုကြည့်ခြင်းဖြင့်ယခင်ကတော်တော်ကလေးခိုင်ခိုင်ခန့် ခန့် ဆောက်လုပ်ထားရှိ
ခဲ့ မည်မှာအသေအခြာပင်ဖြစ်မည်။
စာသင်ကျောင်းတွေရဲ့ အုပ်လှေကားတွေများလား
ရှေးတုံးကရေတွင်းတွေကတော့အတူတူနီးပါးတည်ရှိခဲ့သည်။
ဓါတ်ပုံထဲမှာဓါတ်ပုံဆရာ၏အရိပ်ပါသွားသည်ကိုတော့ခွင့်လွှတ်နားလည်ပေးကြပါခင်ဗျာ-
အဆောက်အဦးတွေကတော့တမျှော်တခေါ်သွားလို့ ဆုံးနိုင်တော့မည်မဟုတ်-
ယခင်ကအခိုင်အခန့် ဆောက်လုပ်ခဲ့သည်ဆိုတာ- - - - - -
အဆောက်အဦးဆောက်လုပ်ခဲ့တဲ့အင်ဂျင်နီယာများကပိုသိမည်ထင့်  -
တကျောင်းနှင့်တကျောင်းဆက်သွယ်ထားခဲ့ သည့်အုပ်လှေကားများ ( အနီးကပ် )
တကျောင်းနှင့်တကျောင်းဆက်သွယ်ထားခဲ့ သည့်အုပ်လှေကားများ ( အဝေးမြင်ကွင်း )
ကျောင်းအဆောက်အဦးကိုအနောက်ဖက်မှမြင်ကွင်း -----
အရှေ့ ဖက်ကလားအနောက်ဖက်ကလားမသိပေမဲ့ အုပ်လှေကားကြီးကတော့အခိုင်အခန့် မားမားရပ်
ဆက်လက်ဖေါ်ပြပါအုံးမည်။
No comments:
Post a Comment