Tuesday, May 4, 2010

အနိမိသ သတ္တာဟ ( ဒုတိယသတ္တာဟ)


ခုနစ်ရက်မြောက်၍ ပလ္လင်ထက်မှ ထလျှင် နတ်ဗြဟ္မာ အပေါင်းတို့စိတ်၌ ဘုရားအဖြစ်သို့ ရောက်ခြင်းတွင် သံသယရှိနေသည်ကို ပယ်ဖျက်ရန် ကောင်းကင်သို့တက်၍ တန်ခိုးပြာဋိဟာ ပြတော်မူသည်။ ယင်းသည့်နောက် ပလ္လင်၏ အရှေ့မြောက်ထောင့် ၁၀၄ ပေခန့်အကွာတွင် ရပ်တော်မူ၍​ သဗ္ဗညုတ ရွှေဉာဏ်တော်ကိုရရာ ပလ္လင်တော်နှင့် ဗောဓိပင်ကို မမှိတ်မသုံကြည့်၍ ခုနစ်ရက်စံတော်မူခဲ့သည့် နေရာကို အနိမိသ သတ္တာဟ ဟုခေါ်၍ ဒုတိယ သတ္တာဟဖြစ်သည်။
ထိုနေရာတွင် အထိမ်းအမှတ် တည်ထားသော အနိမိသစေတီတစ်ဆူရှိသည်။ 


            မဟာဗောဓိစေတီတော်ကြီးပုံမျိုးဖြစ်သော်လည်းငယ်ပါသည်။ အမြင့် ( ၅၅ )ပေခန့် ရှိပါသည်။


                              အနိမိသစေတီအတွင်းရှိဘုရားရုပ်ပွားတော်( မတ်တပ်ရပ်ကိုယ်တော် )


                      အနိမိသစေတီအတွင်းရှိဘုရားရုပ်ပွားတော်( မတ်တပ်ရပ်ကိုယ်တော် ) အနီးကပ်




No comments: