မြတ်စွာဘုရားက များစွာသော ပရိယာယ် စကားတို့ ဖြင့် ဘုရားဖြစ်ကြောင်း သိစေလျက်
ဓမ္မစက္က ပ၀တ္တနသုတ္တန်ခေါ် ဓမ္မစကြာ တရားတော်ကို ဟောဋ္ဌကားတော်မူလေသည်။
တရားတော်၏ အဆုံး၌ ရှင်ကောဏ္ဍည သည် သောတပတ္တိဖိုလ် ၌ တည်လေသည်။ ထိုနောက် မြတ်စွာဘုရားက ဓမ္မစကြာ ဒေသနာတော်ကိုပင် အကျယ်ဟောပြတော်မူသဖြင့် ၀ါဆိုလပြည့်ကျော် တစ်ရက်၌ အရှင် ၀ပ္ပ ၊
နှစ်ရက်နေ့ ၌ အရှင် ဘဒ္ဒိယ ၊
သုံးရက်နေ့ ၌ အရှင် မဟာနာမ် ၊
လေးရက်နေ့ ၌ အရှင် အဿဇိ တို့ သည်အသီးးသီး သောတပတ္တိဖိုလ်၌ တည်ဋ္ဌကလေသည်။ ဤသို့ အားဖြင့် ပဉ္စ၀ဂ္ဂီ ငါးဦးလုံး ဧဟိဘိက္ခာ ရဟန်းအဖြစ် ရောက်ပြီးသော် ၀ါဆိုလပြည့်ကျော် ငါးရက်နေ့၌ မြတ်စွာဘုရားသည် အနတ္တလက္ခဏ သုတ္တန် ကို ဟောဋ္ဌကားတော်မူရာ ပဉ္စ၀ဂ္ဂီ ငါးဦးလုံး ရဟနဍ္ဍာ ဖြစ်တော်မူကြလေသည်။
ပဉ္စဝဂ္ဂီငါးဦးအားအနတ္တလက္ခဏသုတ်ဟောကြားတော်မူရာ( ဓမ္မေခစေတီတော် )
အဝေးကနေဋ္ဌကည့်လျှင်ဖြင့်သာမန်အုပ်တွေနဲ့ တည်ထားတဲ့စေတီလို့ ထင်ရပေမဲ့အကယ့်ကိုအနီးကပ်ရိုက်
ဋ္ဌကည့် လျှင်ဖြင့် အုပ်ချပ်များပေါ်တွင် ပန်းပုလက်ရာများတွေ့ မြင်ရမည်ဖြစ်ပါသည်။
မြူနှင်းကြားကဓမ္မေခစေတီတော်ကိုအဝေးကဖူးတွေ့ ရပုံ
သစ္စာ (၄) ပါး
- ပဋ္ဋိသန္ဓေ နေရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်သောသူတို့နှင့် ကွဲခြင်း၊ မချစ်မနှစ်သက်သောသူတို့နှင့် တွဲရခြင်း၊ လိုတာမရခြင်း စသည်တို့သည် ဆင်းရဲရာအမှန် (ဒုက္ခသစ္စာ) ဖြစ်သည်။ စွဲလမ်းစရာ ခန္ဓာ ငါးပါးနှင့် စပ်သမျှသည်လည်း ဆင်းရဲရာအမှန် (ဒုက္ခသစ္စာ) ဖြစ်သည်။
- လိုချင်တက်မက်မှု တဏှာသည် ဆင်းရဲ ဖြစ်ပေါ်ခြင်း၏ အကြောင်းရင်းအမှန် (သမုဒယသစ္စာ) ဖြစ်သည်။ ဤအကြောင်းရင်း တဏှာကို ပယ်ရမည်။ (ပဟာတဗ္ဗ)
- ဤတဏှာ လုံးဝချုပ်ငြိမ်း၍ ယင်း၏ အကျိုးဆင်းရဲ မဖြစ်ပေါ်ခြင်းသည် ဆင်းရဲငြိမ်းခြင်းအမှန် (နိရောဓသစ္စာ) ဖြစ်သည်။ ဤ ဆင်းရဲငြိမ်းခြင်း သဘာဝကို ကိုယ်တွေ့ဉာဏ်ဖြင့် သိမြင်ဆိုက်ရောက် ရမည်။ (သစ္ဆိကာတဗ္ဗ)
- မဂ္ဂင်ရှစ်တန်သည် ဆင်းရဲငြိမ်းရာသို့ ရောက်စေနိုင်သော အကျင့်လမ်းအမှန် (မဂ္ဂင်သစ္စာ) ဖြစ်သည်။ ဆင်းရဲငြိမ်းလိုလျှင် ဤ မဂ္ဂင်ရှစ်တန်ကို မိမိသန္တာန်၌ ဖြစ်ပွားအောင် အားထုတ်ရမည်။ (ဘာဝေတဗ္ဗ)
No comments:
Post a Comment