Monday, July 19, 2010
စည်းကမ်းနှင့်ဂျစ်တူး(သို့ ) နယူးဒေလီမှဘူတာရုံ
စည်းကမ်းသည်လူ၏တန်ဘိုး
ဒီစာတန်းကိုဂျစ်တူးတို့ ဖေဖေကသူ၏စာကြည့်ခန်းထဲတွင်ချိတ်ဆွဲထားသောဆိုင်းပုဒ်ပြားကလေးဖြစ်သည်။
စည်းကမ်းနှင့်ပတ်သက်၍အမြဲအပြောခံရသည်။ လက်သဲညှပ်တို့ စာအုပ်တို့ ကင်မရာတို့ စသည်စသည်
တို့ ကိုသူနေရာနှင့်ထားဖို့ အမြဲပြောနေရသည်ကဂျစ်တူးဖြစ်သည်။
ဂျစ်တူးကိုကိုနဲ့ တော့တော်တော်ကလေးကွဲလွဲသည်-ကိုကိုကစည်းကမ်းကိုရိုသေ၏၊
အထိမ်းအသိမ်းကောင်းသည်၊၊ ထားတော့ယခုပြောချင်တာကဂျစ်တူးသည်စည်းကမ်းကိုတော်တော်ကလေး
မလိုက်နာမလေးစားသူတစ်ယောက်သာဖြစ်ခဲ့ သည်၊၊ အထူးသဖြင့် ဓါတ်ပုံနှင့်ပတ်သက်လာလျှင်
တော်တော်ကလေးစည်းကမ်းဖေါက်ဖျက်ခဲ့သူသာဖြစ်ခဲ့ သည်။ မရိုက်ရဆိုတာကိုမှရိုက်ချင်တာမျိုး-
အဲဒီစည်းကမ်းကိုတော့ဂျစ်တူးမလိုက်နာနိုင်ခဲ့ ပါ။ ဒါကြောင့်ဒီဓါတ်ပုံများကိုတင်ပြနိုင်ခြင်းဖြစ်သည်။ ဂျစ်တူးသာစည်းကမ်းလိုက်နာနိုင်သူဖြစ်ခဲ့ပါကဒီဓါတ်ပုံတွေမြင်ရလိမ့်မည်မထင်။ လိုက်ပို့ ကြသည့် သူငယ်ချင်း
တွေကတော့ဂျစ်တူးကိုတော်တော်ကလေးစိတ်တိုကြမည်ဖြစ်သည်။ ဒီနေရာကနေတောင်းပန်လိုက်ပါသည်။
ခွင့်လွတ်နားလည်ကြပါခင်ဗျား- - - - - -
အိံဍ္ဍိယနိုင်ငံရှိ နယူးဒေလီမြို့  တွင်းရှိ  Metro( မီးရထားဘူတာရုံ ) အပေါက်ဝအဝင်ဂိတ်ဖြစ်သည်။
လုံခြုံရေးစစ်ဆေးနေသည်မှာလေဆိပ်တွင်စစ်ဆေးသည့်နည်းအတိုင်းဖြစ်သည်။ လုံးဝဓါတ်ပုံရိုက်ခွင့်မပြုပါ၊
ဂျစ်တူးကလည်းစည်းကမ်းလိုက်နာလိုက်ပုံများကတော့လုံးဝကိုမရိုက်ရမနေနိုင်ပိုဖြစ်ရသည်။
ကင်မရာကိုထုတ်ရိုက်တော့လူတွေအကုန်ကြောက်နေကြသလိုထင်မြင်မိသည်။ အားလုံးကင်မရာမြင်ကွင်း
အောက်ကနေပြေးထွက်ကြသည်။ လုံးဝကိုအံ့ ဩမိသည်။ တခြားနေရာတွေမှာဆိုသူတို့ ကုလားကလေးတွေ
တော်တော်ဓါတ်ပုံရိုက်ခံချင်ကြသည်။
ကြည့်ပါအုံးဘယ်သူမှကိုကင်မရာမြင်ကွင်းထဲမှာမပါ၊ သေသေခြာခြာလူမပါချင်လို့ ရှင်းချင်ရင်တောင်-
ယခုလောက်ရှင်းလင်းနေလိမ့်မည်မထင်။
လက်မှတ်အဝိုင်းပြားထိုးပြီးမှဝင်ရသည့်ရထားအပေါက်ဝ- စင်္ကာပူတို့ မလေးရှားတို့ ကတော့လက်မှတ်-
ကဒ်ပြားဖြစ်သည်။ လက်မှတ်ရောင်းသည့်နေရာ-
နယူးဒေလီကလက်မှတ်များကတော့ပလပ်စတစ်အဝိုင်းပြားကလေးများဖြစ်သည်။ကလေးအတွက်ကအနက်
ဝိုင်းအပြားကလေးဖြစ်ပြီးလူကြီးတွေအတွက်ကတော့အပြာရောင်အဝိုင်းပြားကလေးများဖြစ်သည်။ အဝိုင်းပြားပေါ်တွင် ဘုရင်မနန်းတော်တံဆိပ်ကလေးကိုဖိနှိပ်ထားသည်။
 ခိုးရိုက်ရတာဆိုတော့ အသေးစိတ်ပါအောင်မရိုက်ယူနိုင်ခဲ့ ပါ။
မရိုက်ပါနဲ့ ဆိုကာမှ အဝင်ရောအထွက်ရောရအောင်ရိုက်ယူပြစ်လိုက်သည်။
ကင်မရာကိုပက်လက်လှန်ပြီးအမိုးတွေကိုပါ ပါအောင်ရိုက်ယူလိုက်သည်။ မှတ်ထားအဲဒါဂျစ်တူး-
 အပေါ်ကနေပါတက်ရိုက်လိုက်သေးသည်။ လိုက်ပို့ တဲ့သူငယ်ချင်းတွေကတော့စိတ်တွေတိုနေကြသည်။
လိုက်ပို့ တဲ့ ဦးဇင်းကလေးကလည်း ဂျစ်တူးအဲလိုမလုပ်ပါနဲ့ မကောင်းဘူးဆိုပြီးပြောနေပေမဲ့ သူတို့မသိအောင်
ခိုးရိုက်သည်။ သူတို့ ရှေ့ မှာကင်မရာမချိန်ရင်ပြီးတာဘဲ ( ကင်မရာချိန်မှဓါတ်ပုံရိုက်လို့ ရတာမှမဟုတ်ဘဲ )
စည်းကမ်းတကျတန်းစီနေသောလူများကိုဓါတ်ပုံထဲတွင်တွေ့ မြင်နိင်ပါသည်။
လူတွေတန်းစီနေကြသည်။ ရထားထဲကထွက်လာတဲ့ သူပြီးမှအပြင်ကတန်းစီထားတဲ့ အတိုင်းရထားအတွင်း
အတွင်းသို့ ဝင်ကြရသည်။ ကုလားတွေစည်းကမ်းရှိကြပုံမှာတော့ ဒီနေရာမှာစံတင်လောက်ပါသည်။
ရထားအလာကိုတန်းစီစောင့်နေရင်းနဲ့  တီဗွီကနေ ပညာပေးအစီအစဉ်များထုတ်လွှင့်နေသည်။ သူခိုးအလစ်
သုတ်များကိုသတိထားဖို့ ပြသနေသည်ကိုတွေ့ မြင်ရမည်။
လုံခြုံရေးတာဝန်ရှိသူတစ်ယောက်ကတော့ ကင်မရာလွယ်ထားတဲ့ ဂျစ်တူးစီကိုတန်းတန်းမတ်မတ်လာနေပြီ-
လက်ထဲကအဝိုင်းပြားကလေးကိုထုတ်ပြီးဓါတ်ပုံရိုက်သလိုလုပ်ပြီး သူကိုဓါတ်ပုံရိုက်ယူလိုက်သည်။
အဲဒါဂျစ်တူးဘဲ - - - -
ရထားပေါ်ရောက်တော့လည်းသူငယ်ချင်းတွေကကိုယ့်နားမကပ်တော့- ဂျစ်တူးကတော့ရိုက်မှာဘဲထဲကဖြစ်
သည်။ ရထားပေါ်မှာမိန်းကလေးတွေဘဲထိုင်ရတဲ့ အတန်းတဖက်ပါသည်။
သူတို့ စီကစည်းကမ်းချက်-( အိုမင်းမစွမ်းသူများနှင့်ကိုယ်ဝန်ဆောင်သည်များအတွက်သာ ) ဘာသာပြန်ပေး
သူ ကိုကိုမောင်( ပန်းရနံ့  )-ကျေးဇူးတင်မိကြောင်းပါခင်ဗျာ-
ရထားပေါ်ရောက်တော့လည်းအသက်ရှုစရာတောင်မရှိလောက်အောင်ကျပ်သိပ့်နေခဲ့ သည်။
ကဲ- - - -မှတ်ထား ကျပ်သိပ့်နေခဲ့ တဲ့ အထဲကကိုရအောင်ရိုက်ပြစ်လိုက်သည်။
အမှန်ကတော့ စည်းကမ်းမရှိသောဂျစ်တူး-စည်းကမ်းကိုမလိုက်နာနိုင်သောဂျစ်တူးအကြောင်းကိုသက်သေ
ပြလိုက်ခြင်းသာဖြစ်ပါသည်။ သူငယ်ချင်းအားလုံးဂျစ်တူးကဲ့ သို့ စည်းကမ်းမလိုက်နာသူများမဖြစ်စေလိုပါ၊
Wednesday, July 14, 2010
ဒေါက်တာစောမြတ်ထွေးနှင့် ဂျစ်တူး
မင်္ဂလာပါခင်ဗျာ
ကျနော်မျက်စိဆရာဝန်တော့မဟုတ်ပါဘူး။
ဒါပေမဲ့မျက်စိဆရာဝန်တွေနဲ့ ကျနော့်မျက်စိကုသဘူးပါတယ်။ကုသဘူးတယ်ဆိုတာတစ်ခါနှစ်ခါမကပါဘူး အကြိမ်ကြိမ်ပါဘဲဗျာ-ဖလင်ခေတ်ကတည်းကစပြီးမိသားစုဓါတ်ပုံလုပ်ငန်းကို၁၂နှစ်အရွယ်ကတည်းကဓါတ်ပုံခန်းတွေထဲကိုဝင်
 ကူးဆေး-ဓါတ်ပုံရိုက်စသည့်ဓါတ်ပုံလုပ်ငန်းတွေကိုလုပ်ခဲ့ရတာကတကြောင်း-ယခုခေတ်ရောက်တော့လည်း
ဓါတ်ပုံလုပ်ငန်းတွေကကူးဆေးတဲ့ သူကိုမျက်လုံးသက်သာစေပေမဲ့ ဓါတ်ပုံရိုက်သူကိုတော့မျက်လုံး
ပိုပြီးအသုံးပြုရန်လုပ်ငန်းတွေဖြစ်လာပါတယ်။ ဓါတ်ပုံရိုက်ရုံတင်မကဘဲပိုတိုရှော့( Photoshop ) တွေပါလုပ်လာရခြင်းကိုပြောတာပါ။
ကိုယ်ကဓါတ်ပုံဆရာကြီးလည်းမဟုတ် ဓါတ်ပုံတိုက်ပိုင်ရှင်သူဌေးကြီးလည်းမဟုတ်တော့ ဓါတ်ပုံရိုက်လည်း-
ကိုယ် ဓါတ်ပုံတွေပြုပြင်တော့လည်း ကိုယ်-( ဘလောက်ကလေးကလုပ်လိုက်သေးတယ်ဒီလောက်မျက်လုံး
ကိုအသုံးချနေရတဲ့ကြားထဲက )ဒီတော့ ဒီမျက်လုံးမှမမွဲဘယ်မျက်လုံးမွဲတော့မှာလည်းဗျာ-
သူများနိုင်ငံမှာသူများအလုပ်သမားဆိုတော့လည်းသူများမလုပ်ချင်တာ-သူများခိုင်းတာလုပ်ရတော့တာပေါ့-
ထားပါတော့လေ-
ကျနော်ပြောချင်တာက မျက်လုံးနဲ့ ပတ်သက်တာကိုပါ။ အဲဒီလိုကျနော့်လုပ်ငန်းကမျက်လုံးကိုအများဆုံးအသုံး
ပြုရတော့ဆရာဝန်တွေနဲ့ မကြာမကြာတွေ့ ဆုံနေရတာပေါ့ဗျာ- ဖြစ်ချင်တော့ မျက်စိ ဆေးရုံမှာမြန်မာဆရာ
ဝန်နဲ့ တွေ့ တယ်ဆိုပါတော့ဗျာ-သူမအမည်က ဒေါက်တာစောမြတ်ထွေး - - - ပါတဲ့-အင်္ဂလန်ကအသိအမှတ်ပြုမျက်စိအထူးကုဘွဲ့ ယူရန်အတွက်စင်္ကာပူမှာလက်တွေ့ တာဝန်ထမ်းဆောင်ရတဲ့
အချိန်ကာလလေးမှာ ကျနော်နဲ့ တွေဆုံခြင်းရယ်ပါ။ ကျနော့်မျက်စိ ကိုကုသရင်းကနေ သူနဲ့ ကျနော်က
တော်တော်ကလေးရင်းနှီးခင်မင်မိကြတယ်။ သူကလည်းဓါတ်ပုံဝါသနာရှင်ဗျ-နေကြတဲ့အိမ်တွေကလည်း
တစ်မှတ်တိုင်ဘူတာဘဲဝေးတယ်။ အိမ်တွေကိုတောင်တအိမ်နဲ့ တအိမ်လှမ်းမြင်နေကြတဲ့အနေအထားပါ။
ဒီတော့ခရီးကနီးနေတာကတစ်ကြောင်းကြောင့်သူနဲ့ ကျနော် အရင်းနှီးဆုံးမိတ်ဆွေတွေလို ဖြစ်ခဲ့ ကြရတယ်။
သူ့ အိမ်သွားလိုက်ကိုယ်အိမ်လာလိုက်ကြနဲ့ တကယ့်ကိုရင်းနှီးခင်မင်မိတာပါ။ ကျနော့်မေမေနဲ့ လည်းအရမ်း
ခင်မင်သွားတယ်။ ထားပါတော့လေ - - - -
သူနဲ့ စကားတွေအများကြီးပြောဖြစ်ကြတဲ့အထဲကမျက်စိ နဲ့ ပတ်သက်ပြီးပြောဖြစ်ကြပြီးမှတ်သားစရာကို-
ကျနော်ရေးပြရင်ဖြင့်။
ဂျစ်တူး ၊၊                  ၊၊ဆရာဝန်မလေးရေ-မျက်လုံးကိုကွမ်းရွက်ကပ်ရင်ကောင်းတယ်ဆို-
                                   အဲဒါဟုတ်သလားဗျ-
ဒေါက်တာစောမြတ်ထွေး ၊၊           ၊၊ မျက်စိကိုကွမ်းရွက်ကပ်တာကတော့အရွက်ကအပူတွေကိုစုတ်ယူသွားတဲ့ 
                                         သဘောရှိတဲ့အတွက်ကောင်းတယ်လို့ ပြောရင်ရမယ်ထင်တယ်ဂျစ်တူးရဲ့ -
ဒါပေမဲ့ ကွမ်းရွက်ကိုရေစင်စင်ဆေးဖို့ တော့လိုအပ်လိမ့်မယ်။ ကွမ်းရွက်မှာကပ်ပါလာမည့်ရောဂါပိုးမွှားတွေ
ကိုသန့် စင်ဖို့ ပေါ့ ။ နောက်တစ်ခုသတိထားရမှာကတော့ကွမ်းရွက်စိုက်တဲ့ သူတွေကအပင်ကိုပိုးမကိုက်-
အောင်ပိုးသတ်ဆေးတွေဖျန်းတာတို့ ကွမ်းရွက်လှပဖို့ အတွက်မြေသြဇာကျွေးတာတို့ ကကိုယ်နားမလည်တဲ့
ဆေးတွေဖြစ်နေတာကြောင့်မျက်စိနဲ့ တည့်မတည့်ဆိုတာမပြောနိုင်ဘူး။အဲဒီတော့ကွမ်းရွက်ကပ်လို့ မျက်စိ
နာတာသက်သာမသက်သာတော့မသေခြာပေမဲ့ ကွမ်းရွက်ကိုမသန့် စင်နိုင်ပါကရောဂါပိုးပိုဖြစ်နိုင်တယ်ဆို
တာသတိတော့ချပ်သင့်တယ်။
ဂျစ်တူး၊၊                             ၊၊ ဟို----နောက်တစ်ခုကလေကွမ်းရွက်မျက်စဉ်းဆိုတာခတ်ရင်ကောမျက်လုံးကို
                                           ထိခိုက်နိုင်ပါသလားဗျာ။ မျက်စိကျိန်းတာတို့ တုတ်ကွေးဖျားတာတို့ ကတော့
အတော်ကိုကောင်းတယ်လို့ ဆိုရမယ်ထင်တယ်ဗျ။ ဂျစ်တူးရွာမှာနေတုံးကကွမ်းရွက်မျက်စဉ်းဆိုတာအဖွားရဲ့ 
လက်ကိုင်ဘဲဗျ။ စပ်တာကတော့အလွန်စပ်ဘဲဗျို့ ။ ခတ်ပြီးရင်လည်းမျက်လုံးကိုနီရဲနေတာဘဲ။
ဒေါက်တာစောမြတ်ထွေး ၊၊                        ၊၊အဲဒါကိုသေသေခြာခြာရှင်းပြချင်တယ်။                                         ခုနစကားကိုဘဲပြန်ကောက်ယူရမယ်ထင်တယ်။
                                                   ကွမ်းရွက်ကလည်းသန့် စင်တယ် ဆားကလည်း
ချက်ထားတဲ့ ဆားမဟုတ်ဘဲ နေလှမ်းဆား(နေနဲ့ ချက်ထားတဲ့ဆားဒါမှမဟုတ် သဘာဝအရပွင့်နေတဲ့ ဆား)
ကိုတော့ရဖို့ အရေးကြီးတယ်၊၊ ဒါကလည်းမိရိုးဖလာဆေးနည်းဖြစ်နေလို့ ပါ။တကယ်တမ်းကတော့ဆားကို
မျက်လုံးထဲခတ်တာအားမပေးချင်ပါဘူး။ မျက်စဉ်းဖြစ်ဖို့ ရေကလည်းထည့်ရအုံးမှာဆိုတော့ရေကလည်းသန့် 
ရှင်းစင်ကြယ်တဲ့ ရေဖြစ်ရအုံးမယ်၊၊ မျက်စဉ်းလုပ်တဲ့ လူကလည်းလက်တွေ ကအစသန့် ရှင်းဖို့ အထူးလိုအပ်ပါ
တယ်။ နောက်ပြီးတော့ဒီလောက်သေးငယ်တဲ့ ဆားထဲကိုအမှုံအမှိုက်မပါဘူးလို့ ဘယ်သူပြောနိုင်မလဲလေ။
မျက်လုံးကသိပ့်ပြီးနုညံတဲ့ အရည်ပြားပါးပါးကလေးပါ။ အခုခေတ်မှာကွမ်းရွက်မျက်စဉ်းထက်ကောင်းတဲ့ဆေးတွေအလွယ်တကူဝယ်လို့ ရနေပါပြီ။ မျက်စိ ဖြစ်လို့ က
တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေစီကိုသွားပြတာကအကောင်းဆုံးပါ။
ဂျစ်တူး၊၊                           ၊၊ဒေါက်တာရေ-
                                         မေးလက်စနဲ့ မေးရအုံးမယ်ဗျာ။
ဟိုဘက်အိမ် ( ဂျစ်တူးနေတဲ့ အိမ်ရဲ့ ခေါင်းရင်းဘက်ကျတဲ့ အခန်း ) ကိုလက်ညိုးညွန်ပြရင်းနဲ့ ။
အဲဒီအိမ်ကမလေးအဖိုးကြီးကဂျစ်တူးရောက်ခါစမျက်လုံးအကောင်းကြီးဗျ။ အခုတော့မျက်လုံးကွယ်သွားတယ်
သူတို့ ကလည်းအင်္ဂလိပ်စကားသိပ့်မတတ်ဘူး(ဂျစ်တူးကလည်းသိပ်မတတ်ဘူး)သူတို့ ပြောပြတာဂျစ်တူးနား
လည်သလောက်ပြန်ပြောပြရရင်တော့-ညဖက်အလုပ်ကအပြန်ခြေထောက်ဆေးရင်းကနေဖြစ်တာလို့ ပြော
တယ်၊၊အဲဒါဖြစ်နိုင်ပါသလားဗျာ-
ဒေါက်တာစောမြတ်ထွေး၊၊                           ၊၊ဂျစ်တူးရေ-
                                                          လူနာကို ကိုယ်တိုင်မကြည့်ရတော့ပြောပြဖို့ သိပ့်ခက်ပါတယ်။
သူကခြေထောက်ဆေးလို့ ဖြစ်သွားတာဆိုပေမဲ့ သူမှာဘာရောဂါတွေဖြစ်နေသလဲ၊ဘာရောဂါတွေရှိခဲ့ ဘူး
သလဲဆိုတာကလည်းသိဖို့ လိုပါတယ်။ ကိုယ်တိုင်မစမ်းသပ်ရတော့ပြောဖို့ ခက်ပါတယ်။ နေပူပူဒါမှမဟုတ်
အပူရှိနေတဲ့ အခန်းထဲကနေအလုပ်ပြန်လာပြီးခြေထောက်ရေဆေးတာတို့ ကတော့မကောင်းပါဘူး၊၊
မျက်လုံးကိုအပူရောက်စေတာတော့အမှန်ပါ။ အဲလိုခြေထောက်ဆေးမိရင်မျက်ဝတ်ထွက်တာဟာမကောင်း
တဲ့ အခြေအနေတွေပါဘဲ။ အိပ်ရေးမဝရင်လည်းမျက်ဝတ်ထွက်ပါတယ်။ မျက်လုံးအလုပ်များရင်လည်း-
မျက်ဝတ်အများကြီးထွက်ပါတယ်။ ရေပူနဲ့ ချိုးရင်လည်းမျက်လုံးကိုရေပူ တိုက်ရိုက်မထိမိဖို့ အရေးကြီးပါတယ်။
မျက်လုံးကိုကိုင်တွယ်ရာမှာလက်ကိုသန့် ရှင်းဖို့ အထူးလိုအပ်တာကိုတော့ပြောဖို့ လိုမယ်မထင်ပါဘူးနော်။
ပြောပြရင်အများကြီးဘဲဂျစ်တူးရေ-----ယခုခေတ်မိန်းကလေးတွေတွေသုံးဆောင်နေတဲ့ မျက်ကပ်မှန်တို့ 
မျက်လုံးဆိုးဆေးတို့  မျက်လုံးထဲထည့်ဆွဲရတဲ့ ခဲတံကအစပေါ့၊
ဂျစ်တူး၊၊                                ၊၊ အဲဒါဆိုမျက်လုံးကိုပိုပြီးလှအောင်မျက်တောင်တုကပ်တဲ့ ကော်တို့ -
                                              မျက်တောင်တုတို့ လည်းမကောင်းဘူးပေါ့နော်။
ဒေါက်တာစောမြတ်ထွေး ၊၊                        ၊၊ အင်းပေါ့ ဂျစ်တူးရဲ့ 
                                                     သေသေခြာခြာလေ့လာမယ်ဆိုရင်တော့အကုန်လုံးဟာတစ်ခုမှမကောင်း
ဘူးဟယ်။ မျက်လုံးလှအောင်မျက်ကပ်မှန်ကွဲအစအတွင်းထဲမှာကွဲသွားလို့ ဆိုပြီးလာပြတဲ့ လူနာတွေမနဲဘူးဘဲ။
အဲလိုလူနာမျိုးရန်ကုန်မှာမရှိသေးပေမဲ့ ယခုစင်္ကာပူမှာတော့တော်တော်များများလူနာတွေကိုတွေ့ ရတယ်။
အထူးသဖြင့်  မလေးလူမျိုး မိန်းကလေးတွေပေါ့နော်။
ဂျစ်တူး၊၊                                          ၊၊အင်-----ဟုတ်လား၊၊ ကြောက်စရာကြီးနော်-
                                                    ကျနော်လည်းကျနော့်မော်ဒယ်ဂဲကလေးတွေကိုမျက်လုံးလှဖို့ မျက်တောင်
အတုတတ်ပေးရမှာရင်လေးမိတယ်ဗျာ၊ခေတ်ကမတတ်ရင်မရတဲ့ ခေတ်ကိုး-ဘယ်နဲ့ လုပ်ရင်ကောင်းမလဲဗျ-
ဒေါက်တာစောမြတ်ထွေး ၊၊                             ၊၊ ခေတ်ဆိုတော့လည်းရှောင်လွဲလို့ မရဘူးပေါ့။ မျက်လုံးကိုမကိုင်တွယ်
                                                             ခင်လက်ကိုသန့် ရှင်းဖို့ လိုတာကိုတော့မမေ့ပါနဲ့ ။နောက်တစ်ခုက
ဖြစ်နိုင်ရင်အသုံးပြုမည့်မျက်တောင်တုတွေကော်တွေကိုအကောင်းဆုံးဖြစ်အောင်ဝယ်ယူသုံးစွဲဖို့ မမေ့ပါနဲ့ ။
နောက်တစ်ခုကပွဲပြီးတာနဲ့ မျက်တောင်တုများဖြုတ်တဲ့ နေရာမှာသာသာယာယာဖြုတ်ဖို့ တော့လိုအပ်တယ်။
မျက်တောင်တုမတတ်ခင်မှာလည်းမျက်တောင်တုမှာဆူးရှတတ်တဲ့မျက်တောင်အမွှေးအစများသပ်ရပ်သေချာ
သလားဆိုတာတွေကိုစစ်ဆေးဖို့ တော့တကယ်မမေ့ အပ်ဘူးပေါ့လေ။
ဂျစ်တူး၊၊                         ၊၊အင်းတော်တော်ကလေးသန့် ရှင်းရမှာပေါ့နော်။
                                      ကွန်မြူတာအနားမှာအမြဲလိုလိုအလုပ်လုပ်နေရတဲ့ သူတွေအတွက်ကောဗျာ-
ဘာတွေဆောင်သင့်ရှောင်သင့်ပါသလဲဗျာ။
ဒေါက်တာစောမြတ်ထွေး ၊                          ၊၊ရှောင်သင့်ဆောင်သင့်တာတွေကတော့အများကြီးပေါ့လေ။
                                                           အဲဒီအထဲကအတိုဆုံးနဲ့ အထိရောက်ဆုံးနဲနဲကိုတော့ပြောပြမယ်နော်။
ကွန်မြူတာနားကိုအစိမ်းရောင်ရှိသောအပင်သို့ မဟုတ်အသီးတို့ ကိုထားပါ။ ခကြာခဏအလုပ်လုပ်နေရင်း
ကြည့်ပါ။ ( ပြူတင်းပေါက်မှအပြင်သို့ လှမ်းမျှော်ကြည့် ပါ၊ )အဝေးကို လည်းမကြာခဏကြည့်ပေးပါ။ အစိမ်း
ရောင်ရှိတာကိုကြည့်ပေးပါ။ မနက်မျက်နှာသစ်ပြီးတာနဲ့ မျက်လုံးလေ့ကျင့်ခန်း ခေါင်းလေ့ကျင့်ခန်းလုပ်ပါ။
မျက်လုံးထဲကိုအမှိုက်ဝင်တယ်ထင်ပြီးဒါမှမဟုတ်မျက်လုံးယားလို့ မျက်လုံးကိုပွတ်ချင်ရင်ဖြစ်စေသန့် ရှင်းသော
လက်ဖြင့်မျက်ခွန်ကိုလက်ညိုးလက်မနှင့်ကိုင်ပြီးပွတ်ပေးစေချင်ပါတယ်။ အတွင်းကမျက်လုံးကိုတိုက်ရိုက်ထိ
ခြင်းကနေကာကွယ်တဲ့ သဘောပါ။ အမှိုက်များဝင်ပါကမျက်လုံးအတွင်းထဲကိုထိုးစိုက်ဝင်ခြင်းမဖြစ်တော့ဘူး-
သန့် ရှင်းတဲ့ ရေအေးထဲမှာမျက်လုံးကိုဖွင့်လိုက်ပိတ်လိုက်လုပ်ခြင်းဖြင့်လည်းအမှိုက်များကိုဖယ်ရှားနိုင်ပြစ်ပါ
ရုံးမှ-အလုပ်ခွင်မှအိမ်ကိုပြန်ရောက်ရောက်ခြင်းမျက်လုံးနဲ့ ကိုယ်ခနာကိုအနားပေးပါ။ ပြီးမှရေချိုးခြင်းစသည်
တို့ ကိုပြုလုပ်ပါ။ အရေးအကြီးဆုံးကတော့အသီးအနှံများများစားပေးပါ၊ ငါးသားကလေးစားပေးပါ။ ကန်ဇွန်းရွက်ကိုဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်စားဖြစ်အောင်စားစေချင်ပါတယ်။ ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ်ဆိုတာက
အပြုတ်ဘဲကြိုက်ကြိုက်အစိမ်းလိုက်ဘဲစားစားအကြော်ဘဲစားစား-မိမိကြိုက်သလိုစားစေချင်တာပါ။ မျက်ရည်တု(မျက်စဉ်း) ကိုနေ့ စဉ်ခပ်ပေးပါ၊၊ မျက်လုံးတစ်ခုခုဖြစ်ရင်မျက်စိ ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။
သူငယ်ချင်းတို့ ရေ ဒေါက်တာစောမြတ်ထွေး နဲ့ ဂျစ်တူးတို့ရဲ့စကားအမေးအဖြေကလေးတွေကိုဖတ်ပြီးအကျိုးဖြစ်စေချင်ပါတယ်။
 အခုတော့ဒေါက်တာစောမြတ်ထွေး ကစင်္ကာပူမှာမရှိတော့ပါဘူး၊ အင်္ဂလန်ကနေ မျက်စိပါရဂူဘွဲတစ်ခု
ယူပြီးအမိမြန်မာနိုင်ငံရှိမျက်စိဆေးရုံမှာလက်ရှိတာဝန်ယူထမ်းဆောင်လျှက်ရှိပါတယ်ခင်ဗျာ။
လူသားအားလုံးမျက်လုံးကွယ်ခြင်းမှကင်းဝေးကြပါစေ။
ဆရာဝန်မလေးဒေါက်တာစောမြတ်ထွေးကိုအထူးကျေးဇူးတင်နေမိပါတယ်။
အမည်မှားယွင်းဖေါ်ပြမိသွားခြင်းကိုအနူးအညွန့် တောင်းပန်အပ်ပါသည်။
( ရိုးသားစွာမှားယွင်းမိခြင်းဖြစ်ပါသည် )
Tuesday, July 13, 2010
မျက်စိ အန္တရာယ် သတိပြု
မျက်စိ အန္တရာယ် သတိပြု
မျက်စိကွယ်ခြင်း အဓိပ္ပာယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျက်စိကွယ်ခြင်းနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုရာတွင်၊ မျက်စိ ၂ ဖက်စလုံး ကွယ်မှသာလျှင် မျက်စိကွယ်ခြင်းဖြစ်သည်ဟု သတ်မှတ်ပြီး၊ မျက်လုံးတလုံးစီသည် ၁ဝ ပေ အကွာအဝေးတွင် ရှိသော လက်ချောင်းလေးများကို၊ မှန်အောင် မရေတွက်နိုင်ခြင်းအား မျက်စိကွယ်ခြင်း ဖြစ်သည်ဟု ဆိုသည်။
မျက်စိကွယ်ခြင်းတွင် မွေးရာပါ မျက်စိမမြင်ခြင်းနှင့် ပြင်ပ အကြောင်းတရားများကြောင့် မျက်စိကွယ်ရခြင်းဟူ၍ ၂ မျိုးရှိပြီး၊ ပြင်ပအကြောင်းတရား တခုခုကြောင့် မျက်စိကွယ်ရခြင်းတွင် ကြိုတင်ကုသခံယူမှု နောက်ကျသည့်အတွက် မကွယ်သင့်ဘဲ ကွယ်ခဲ့ရသည့် မျက်စိကွယ်ရခြင်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၃ဝ % မျှ ရှိသည်ဟု WHO ၏ အစီရင်ခံစာက ဆိုသည်။
ပြင်ပအကြောင်းတရား တခုခုကြောင့် မျက်စိတွင် ဖြစ်ပေါ်သည့် ရောဂါပေါင်းများစွာ ရှိသည့်အနက်၊ ရောဂါအများစုသည် မျက်စိအား ကွယ်စေလောက်သည့် ရောဂါများ မဟုတ်ဘဲ၊ ကြိုတင်ကာကွယ်ကုသမှု ရှိခဲ့ပါက မျက်စိကွယ်ခြင်းမှ ကင်းဝေးနိုင်သည်။ မျက်စိကွယ်ခြင်းမှ ကြိုတင်ကာကွယ်တားဆီးနိုင်သည့် (Preventable Blindness) မျက်စိရောဂါများမှာ မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၇ မျိုးခန့် ရှိသည်။
ကာကွယ်နိုင်သည့် မျက်စိကွယ်ခြင်းများ
မြန်မာနိုင်ငံ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖြစ်များပြီး၊ ကာကွယ်ကုသ၍ ရနိုင်သည့် မျက်စိရောဂါများတွင် …
၁။ မျက်လုံးထိခိုက်ဒဏ်ရာရခြင်း
၂။ ဆီးချို၊ သွေးချိုကြောင့် မျက်စိအာရုံကြောများ ပျက်စီးခြင်း
၃။ အတွင်းတိမ်
၎။ ရေတိမ်
၅။ ဗီတာမင် ‘အေ’ ဓာတ်ချို့တဲ့ခြင်း
၆။ မျက်ခမ်းစပ်
၇။ ဘတ်တီးရီးယားပိုးနှင့် ဖန်ဂ်(စ်)ပိုး ဝင်ခြင်း ဟူ၍ ၇ မျိုး ရှိသည်။
ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ဆီးချို၊ သွေးချို ရောဂါကြောင့် မျက်စိအာရုံကြောများ ပျက်စီး၍ဖြစ်ပွားသည့် မျက်စိရောဂါမှာ အဖြစ်အများဆုံးသော မျက်စိရောဂါ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မူ မျက်ခမ်းစပ်ရောဂါသည် ဖြစ်ပွားမှု အများဆုံးအဆင့်တွင် ရှိပြီး၊ မျက်ခမ်းစပ်ရောဂါကြောင့် မျက်စိကွယ်ရမှု နှုန်းသည်လည်း အများဆုံးပင် ဖြစ်သည်။
မျက်လုံးထိခိုက်ဒဏ်ရာရခြင်း
မျက်စိထိခိုက်ဒဏ်ရာသည် ကလေးနှင့် လူကြီး ၂ ဦးလုံးတွင်ပင် ဖြစ်တတ်သည့် ရောဂါဖြစ်သည်။ အထူးသဖြင့် ကလေးများတွင် ပိုမို၍ ဖြစ်ပွားတတ်သည်။ ကလေးအချင်းချင်း ကစားရင်းနှင့် ကျောက်တံ၊ ခဲတံ၊ ဘောပင် စသည့် ချွန်ထက်သည့် အရာတခုခုနှင့် မတော်တဆ မျက်လုံးကို ထိခိုက်မိရာမှ မျက်လုံးဒဏ်ရာရတတ်သည်။
လူကြီးများမှာမူ ဂဟေဆော်ခြင်း၊ အက်ဆစ် (သို့) အယ်ကာလီ အရည်များနှင့် လုပ်ကိုင်ရခြင်း၊ တွင်ခုံ စသည့် လုပ်ငန်းခွင်များအတွင်း ထိခိုက်၍ မျက်လုံးဒဏ်ရာရသည်များ ရှိ၏။ မျက်လုံးအတွင်းသို့ သံတိုသံစများစင်၍ ထိခိုက်မိခြင်း၊ အက်ဆစ် (သို့) အယ်ကာလီ အရည်များဝင်ခြင်းတို့ကြောင့် မျက်လုံးဒဏ်ရာများ ရပြီး မျက်စိကွယ်ကြရတတ်သည်။
အက်ဆစ် (သို့မဟုတ်) အယ်ကာလီ အရည်တမျိုးမျိုး မျက်လုံးအတွင်း ဝင်လျှင်၊ ချက်ချင်းပင် မျက်လုံးကို ၁ဝ မိနစ်၊ ၁၅ မိနစ်ခန့် ရေများများနှင့် ဆေးကြောပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်ပါသည်။ ရေများများဖြင့် ချက်ချင်းပင် မျက်လုံးကို ဆေးကြောသန့်စင်ပေးနိုင်ပါက အက်ဆစ် (သို့မဟုတ်) အယ်ကာလီ အရည်တမျိုးမျိုး ဝင်ခြင်းကြောင့် မျက်လုံးကွယ်သည့် အန္တရာယ်မှ ကာကွယ်နိုင်ပါသည်။
ဆီးချို၊ သွေးချိုကြောင့် မျက်စိအာရုံကြောများ ပျက်စီးခြင်း
ဆီးချို၊ သွေးချိုရောဂါကြောင့် မျက်စိအတွင်း ရှိသည့် သွေးကြောမျှင်လေးများ ပျက်စီးထိခိုက်ပြီး၊ မျက်စိကွယ်နိုင်ပါသည်။ ဤအတွက် ဆီးချို၊ သွေးချိုရှိသည့် လူနာများသည် ဆီးချို၊ သွေးချိုရောဂါအား ကုသခြင်း ခံယူသကဲ့သို့ မျက်စိဆရာဝန်နှင့်လည်း မျက်စိအား ၆ လ တကြိမ်မျှ စမ်းသပ်၍ မျက်လုံးစစ်ဆေးမှု ခံယူသင့်သည်။
မျက်စိမှုန်သွားမှ ပြသခြင်းမဟုတ်ဘဲ ဆီးချို၊ သွေးချို ရှိသူသည် မျက်စိအား ပုံမှန်စမ်းသပ်မှုများအား ပြုလုပ်သင့်၏။ ကြိုတင်သိရှိပါက ဆီးချို၊ သွေးချိုကြောင့် ပျက်စီးနေသည့် မျက်လုံးအတွင်း သွေးကြောမျှင်များ ယိုစီးမှု ကုထုံးမျိုးစုံနှင့် ကာကွယ်ကုသနိုင်သဖြင့် မျက်စိကွယ်ခြင်းမှ ကင်းဝေစေနိုင်ပါသည်။
အတွင်းတိမ်
အတွင်းတိမ်သည် မျက်စိအတွင်း၌ရှိသည့် မျက်လုံးမှန်ဘီလူးသည် သူ၏ အတွင်း၌ ရှိသည့် ပရိုတင်းဓာတ်များ၏ ဓာတုပြောင်းလဲမှုများ ဖြစ်ပွားမှုကြောင့် မကြည်ဘဲ၊ (Opaque) ဖြစ်သွားပြီး ဖြူသွားခြင်း ဖြစ်သည်။
အတွင်းတိမ်၏ လက္ခဏာများတွင် နာကျင်မှုမရှိဘဲ တဖြည်းဖြည်း မျက်စိမှုန်လာခြင်း၊ မျက်မှန်ပါဝါ လုံးဝ ပြောင်းလဲသွားခြင်း၊ အလင်းရောင်ထဲတွင် မျက်စိမှုန်ပြီး၊ အရိပ်ထဲ၌ ပိုမို၍ မြင်ရခြင်းတို့ ဖြစ်သည်။ အတွင်းတိမ်ကြောင့် မျက်လုံးအခြေအနေမှာ ဆိုးဝါးနေပြီဆိုလျှင်၊ အမြင်အာရုံ၌ ဘာမျှ မမြင်ရတော့ဘဲ နှင်းမှုန်ကျနေသကဲ့သို့ ဝါးနေတတ်ပြီး မျက်စိသည် အဖြူရောင် ဖြူဖွေး၍နေသည်ကို တွေ့ရမည်ဖြစ်သည်။
အတွင်းတိမ်အား ယနေ့အခြေအနေထိ ကြိုတင်ကာကွယ်နိုင်သည့် အခြေအနေတွင် မရှိသေး။ အတွင်းတိမ်သည် အသက်အရွယ်ကြီးရင့်၍ ဆံပင်ဖြူခြင်း၊ သွားကျိုးခြင်းတို့ကဲ့သို့ ဖြစ်နေခြင်း ဖြစ်သည်။ အသက်အရွယ် ၅ဝ မှ စ၍ ဖြစ်တတ်သည်။ အပူပိုင်းဒေသများတွင် အဖြစ်များပြီး နေရောင်ခြည်တွင် ပါဝင်သည့် ခရမ်းလွန်ရောင်ခြည် (UV Radiation)၊ အစားသောက်ချို့တဲ့ခြင်း၊ အဆစ်အမြစ်ရောင်ရမ်းသည့်ရောဂါ၊ ဆီးချို သွေးချိုရောဂါရှိသူများ၊ စတီးရွိုက် (Steroid) ဆေးဝါးများအား နှစ်နှင့်ချီ၍ စားသုံးခဲ့ခြင်း၊ အနုမြူရောင်ခြည်၊ ကင်ဆာဓာတ်ကင် ရောင်ခြည်သင့်ခံရသူများနှင့် မျက်စိဒဏ်ရာ ရရှိခဲ့ဖူးသည့် သူများတွင် အတွင်းတိမ်ဖြစ်တတ်၏။ အတွင်းတိမ်အား ခွဲစိတ်ကုသမှု ခံယူပါက၊ နဂိုအတိုင်းပြန်၍ မြင်နိုင်သော်လည်း၊ အတွင်းတိမ်ကြောင့် မျက်စိကွယ်ရခြင်းသည် မျက်စိကွယ်ရခြင်း အကြောင်းရင်း အားလုံးတွင် ၆ဝ % ရှိသည်။
ရေတိမ်
ရေတိမ်သည် မျက်လုံးအတွင်း အကြောင်းကြောင်းကြောင့် ဖိအား (Intraocular Pressure) အရည်များ၊ များလာခြင်းမှ မျက်လုံးအိမ်တင်းလာခြင်း ဖြစ်သည်။ ဘောလုံးအတွင်း လေထိုးသွင်းလိုက်သည့် သဘောကဲ့သို့ ဖြစ်သည်။ တင်းမာမှုများလာသည့်အခါတွင် အမြင်အာရုံကြောများအား ဖိမိပြီး အာရုံကြောများ တဖြည်းဖြည်း ပျက်စီးသွားတတ်သည်။ ပထမတွင် မျက်စိ၏ ဘေးမြင်ကွင်းများ ကျဉ်းလာပြီး၊ နောက်ဆုံးတွင် လုံးဝ ကွယ်သည်အထိ ဖြစ်သွားတတ်သည်။
ရေတိမ်ကြောင့် မျက်စိကွယ်သွားလျှင် အတွင်းတိမ်ကဲ့သို့ ခွဲစိတ်ကုသမှုခံယူပြီး ပြန်လည်ကောင်းမွန်စေရန် ကုသ၍ မရနိုင်တော့ချေ။ ရေတိမ်တွင် ၂ မျိုး ရှိသည်။ ပထမအမျိုးအစားမှာ ချက်ချင်းပင် မျက်လုံးအိမ်အတွင်း ဖိအားတက်လာခြင်း (Acute Glaucoma) နှင့် တဖြည်းဖြည်း ဖိအားတတ်လာသည့် နာတာရှည်ရေတိမ် (Chronic Glaucoma) ဟူ၍ ဖြစ်သည်။
Acute Glaucoma ရေတိမ်သည် ရုတ်တရက် ချက်ချင်း ဖြစ်လာပြီး၊ မျက်စိကိုက်ခြင်း၊ မျက်စိနီခြင်း၊ မှုန်ခြင်းတို့ ချက်ချင်းပင် ဖြစ်လာ၍ အမြင်အာရုံသည် လက်လှုပ်သည်လောက်ကိုသာ မြင်နိုင်တော့သည်။ မီးသီး၊ ဖယောင်းတိုင်မီးတို့အား ကြည့်လျှင်၊ မီးရောင်၏ ဘေး၌ သက်တန့်ရောင်အကွင်းများ (Haloes) ကို မြင်ရတတ်သည်။ မျက်လုံးကိုက်သည့် ဝေဒနာ ပြင်းထန်လာပါက၊ ပျို့အန်ခြင်းဖြစ်ပြီး လူသည် နုံးချိ၍ နေတတ်သည်။ ထိုအခြေအနေတွင် ခွဲစိတ်ကုသမှုအား ခံယူပါက Acute Glaucoma ရေတိမ်ကြောင့် မျက်စိကွယ်ခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်သည်။
Chronic Glaucoma ရေတိမ်သည် အသက် ၄ဝ ကျော်လျှင် ဖြစ်တတ်လေ့ရှိသည်။ ဤအတွက် အသက် ၄ဝ ကျော်လျှင်၊ သွေးတိုးရောဂါ ဝေဒနာသည်များ၊ သွေးပေါင်ချိန်တိုင်းသကဲ့သို့ မျက်လုံးအတွင်း ဖိအားကိုလည်း ကျွမ်းကျင်သည့် ဆရာဝန်များနှင့် ၆ လ တကြိမ်မျှ ချိန်သွားရန် လိုသည်။
ဗီတာမင်အေချို့တဲ့မှု
ဗီတာမင် ‘အေ’ ချို့တဲ့မှုကြောင့် မျက်လုံးအား ထိခိုက်ရာတွင် ၂ မျိုး ရှိသည်။ ညနေခင်း မိုးချုပ်လျှင် မမြင်သည့် ‘ကြက်မျက်သင့်ခြင်း’ နှင့် မျက်ကြည်လွှာသည် ပျော့၍ ပျော်သွားပြီး ပေါက်ထွက်သွားသည့်အတွက် မျက်စိကွယ်ရခြင်းတို့ ဖြစ်သည်။
လက္ခဏာများက မျက်လုံးအတွင်း ‘မျက်နက်’ နှင့် ‘မျက်ဖြူ’ ကြားတွင် အဖြူဖတ်လေးများ (Bitot's Spots) ပေါ်လာမည်။ Bitot's Spots များ ပေါ်လာရခြင်းသည် ဗီတာမင်အေ ချို့တဲ့မှုကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။ Bitot's Spots များအား စောစီးစွာ တွေ့မြင်ပြီး သတိထားမိပါက၊ ဗီတာမင်အေ ပါသည့် ဆေးဝါးများနှင့် အစိမ်းရင့်ရောင်နှင့် အဝါရောင် ဟင်းသီးဟင်းရွက်များအား စားသုံးပေးခြင်းဖြင့် ဗီတာမင်အေ ချို့တဲ့ခြင်းကြောင့် မျက်စိကွယ်ရခြင်း ကာကွယ်နိုင်ပါသည်။
မျက်ခမ်းစပ်
မျက်ခမ်းစပ်ရောဂါသည် မျက်စိအတွင်းသို့ ရောဂါပိုးဝင်၍ မျက်စိယောင်ရမ်းနာခြင်း ဖြစ်သည်။ ကြာသည့်အခါတွင် မျက်မှေးနှင့် မျက်ခွံအတွင်းပိုင်း၌ အမာရွတ်ဖြစ်လာသည့်အတွက် မျက်ခွံသည် အောက်သို့ ကုတ်ဝင်လာသည့်အတွက် မျက်တောင်မွှေးများသည် မျက်လုံးအား ထိုးမိစိုက်မိစေပြီး မျက်ကြည်လွှာပျက်စီး၍ မျက်စိကွယ်ခြင်း ဖြစ်စေနိုင်သည်။ မျက်ခမ်းစမ်ရောဂါကြောင့် မျက်တောင်စိုက်မှုအား စောစီးစွာ သိရှိပါက၊ ခွဲစိတ်ကုသခြင်းဖြင့် မျက်ကြည်လွှာအား မပျက်စီးစေရန် ကာကွယ်ကုသနိုင်ပါသည်။ မျက်ခမ်းစပ်ရောဂါသည် မြန်မာနိုင်ငံ အပူပိုင်းဒေသတို့တွင် အဖြစ်များပြီး၊ မြန်မာနိုင်ငံတွင် မျက်ခမ်းစပ်ရောဂါကြောင့် မျက်စိကွယ်ရခြင်းသည် ရာခိုင်နှုန်း အများဆုံးဖြစ်သည်။
ဘတ်တီးရီးယားပိုးနှင့် ဖန်ဂ်(စ်) ပိုး
လယ်ယာလုပ်ငန်းခွင်တွင် လုပ်ကိုင်ကြသည့် လယ်သမား၊ ယာသမားများအနေဖြင့် မျက်စိအတွင်းသို့ ဘတ်တီးရီးယားပိုးနှင့် ဖန်ဂ်(စ်) (Fungus) ဟု ခေါ်သည့် မှိုပိုးတမျိုး ဝင်ရောက်တတ်ကြပါသည်။ မျက်လုံးအတွင်းသို့ ဖန်ဂပ်(စ်) (သို့မဟုတ်) ဘတ်တီးရီးယားပိုး တမျိုးမျိုး ဝင်ရောက်ခဲ့လျှင်၊ မျက်လုံးအတွင်း ပြည်တည်နာဖြစ်ပြီး မျက်ကြည်လွှာ ပေါက်ပြဲ၍ မျက်စိကွယ်တတ်ပါသည်။
မျက်စိအတွင်းသို့ ရွှံ့ဝင်ခြင်း၊ သစ်ကိုင်းနှင့် ရိုက်မိခြင်း၊ နွားအမြီးနှင့် ထိမိခြင်း၊ မသန့်ရှင်းသည့် လက်များနှင့် မျက်လုံးကို ပွတ်သတ်မိခြင်းတို့ကြောင့် ပိုးတမျိုးမျိုး ဝင်ရောက်သွားတတ်ပါသည်။
အထူးသဖြင့် လယ်ယာလုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရင်းနှင့် မျက်စိအတွင်းသို့ ပိုးတမျိုးမျိုး ဝင်ရောက်ခဲ့၍၊ ပြည်တည်နာ ဖြစ်နေပြီဆိုပါက၊ ဆေးမီးတိုများနှင့် မကုသရန်၊ ‘စတီးရွိုက်’ ပါသည့် မျက်စဉ်းများကို မခတ်မိရန်၊ အထူးလိုအပ်ပါသည်။ ‘ပဋိဇီဝ’ ဆေးပါသည့် မျက်စဉ်းများကိုမူ ခတ်၍ရပြီး၊ ရက်သတ္တပတ်ကြာသည့်တိုင် ပြည်တည်နာသည် ပျောက်ကင်းမှု မရှိပါက၊ သက်ဆိုင်ရာ မျက်စိကုဆရာဝန်တဦးနှင့် ပြသရန် လိုအပ်ပါမည်။ အချိန်မီ ကုသနိုင်ပါက၊ ဘတ်တီးရီးယားပိုးနှင့် ဖန်ဂပ်(စ်) ပိုးကြောင့် မျက်စိကွယ်ခြင်းမှ ကင်းဝေးစေနိုင်မည်။
ကိုးကား …
-       မျက်စိအထူးကုဆရာဝန် ပါမောက္ခ ဒေါက်တာသန်းအောင်နှင့် တွေ့ဆုံမေးမြန်းခြင်း (SANANA MAGAZINE VOL-2/ NO-6)
-       Reader’s Digest , Oct .2009
-       Medical Newsletter Vol-18
Sunday, July 11, 2010
သီတဂူဆရာတော်ဘုရားကြီးနှင့်စင်္ကာပူ
မင်္ဂလာပါခင်ဗျာ
ဆရာတော်၏ဓါတ်ပုံများကိုတင်ဖို့ အချိန်နောက်ကျတဲ့အတွက်အနူးအညွတ်တောင်းပန်အပ်ပါသည်။
သီတဂူဆရာတော်ဘုရားကြီးစင်္ကာပူ (၁၀-၀၆-၂၀၁၀ နှင့် ၁၂-၀၆-၂၀၁၀ ) ရက်နေ့ တရားပွဲကဓါတ်ပုံတွေပါ။
ဒီကနေ့ က ၁၂-၀၇-၂၀၁၀ ဆိုတော့ တလတိတိနောက်ကသွားပါတယ်ဗျာ-
တိတိကျကျမျှဝေချင်တာကလေးကိုရှာနေလို့ နောက်ကျသွားရခြင်းဖြစ်ပါတယ်။
ကျနော်ရှာဖွေနေခဲ့ တာကတော့ ဆရာတော်ဘုရားကြီးနှင့်ဦးနေဝင်း(လန်ဒန်)တို၏တွေ့ ဆုံလျှောက်ထား-
မေးမြန်းခန်းထဲကသိပ့်ကိုကြိုက်နှစ်သက်မိတာကလေးကိုပြန်လည်မျှဝေချင်လို့ ပါ-
စာကိုဖတ်ပြီးသွားပါကနောက်ကျရခြင်းကိုခွင့်လွတ်နားလည်ပေးကြလိမ့်မယ်လို့ ထင်မြင်မိပါတယ်။
အနန္တဂုဏ်ရည်(ဘာသာရေးမဂဇင်း)
၂၀၀၈ ခုနှစ် ၊ သြဂုတ်လ ၊ အတွဲ ( ၂ ) အမှတ် ( ၈ )
ဦးနေဝင်း(လန်ဒန်)။                        ။ ဆရာတော်ဘုရား
                                                       ယခုခေတ် ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ ဂါထာ၊ မန္တရား ၊ အင်း ၊
အိုင် ၊ ဖယောင်းတိုင် စသည် တို့ ကို ဘုရား ၊ တရား ၊ သံဃာ ၊ ရတနာ သုံးပါးထက် ပိုပြီးအားကိုးနေတဲ့ အပေါ်
မှာဆရာတော်ဘုရားဘယ်လိုများအမိန့် ရှိလိုပါသလဲဘုရား ၊၊                        ၊၊
ဆရာတော်ဘုရားကြီး။                       ၊၊ မှန်တယ်။ ဂါထာ ၊ မန္တန် ၊ မန္တရား ၊ ဆေးဝါး ၊ အင်း ၊ လက်ဖွဲ့  ၊ ဒါဟာ
                                                          Super Natural Power ( သဘာဝလွန် စွမ်းပကားပေါ့  ) အပေါ်ယံပိုင်းက
တန်းခိုးတွေ အားကိုးကြတာဟာ ဗုဒ္ဓဘာသာတင်မကပါဘူး ခရစ်ယာန် ၊ အစ္စလ္လာမ် မှာလဲရှိတယ်။ ဘုန်းကြီးတို့ 
မကြာလေးခင်ကပါ၊ ပါကစ္စတန် နိုင်ငံရောက်တော့ ဂန္တာရဆိုပြီးလေ့ လာရေးခရီးတခုလာဖို့ ပါကစ္စတန်အစိုးရ
ကဖိတ်ပါတယ်။ အဲဒီမှာသွားပြီးဝိုင်းတွေဝိုင်းတွေဖွဲ့ ပြီး စကားပြောကြတာတွေထဲက တစ်ခုသောဝိုင်းမှာ စကား
ပြောကြတော့ ပါကစ္စတန်အစိုးရတိုးရစ်ဝန်ကြီးဌာန၊ ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး၊ အဲဒီဝန်ကြီးကအမျိုး
သမီး၊ ရုပ်ကလည်းခန့် ခန့် ထည်ထည် ၊ အလွတ်သဘော သူနဲ့ ထိုင်ပြီးဆွေးနွေးတယ်။ သူက ဘုန်းကြီးကို-
ကြည့်ပြီးတော့အရှင်ဘုရား။ ဗုဒ္ဓစာပေလဲတတ်တယ်။ ဗဟုသုတလဲများတယ် အရှင်ဘုရားကတရားလဲအများ
ကြီးအားထုတ်ထားတယ်။ ဒီတော့ တပည့်တော် ရှေ့ ဘာဖြစ်မယ်ဆိုတာအရှင်ဘုရားကြိုပြောနိုင်ပါသလား-
ဆိုပြီးလက်ဝါးလေးပြတယ်။ သူ့ လက်ဝါးကိုကြည့်ပြိးဟောဖို့ ဘုန်းကြီးဘာပြောတယ်-မပြောတယ်ဆိုတာခဏ
ထား၊ ဘုန်းကြီးဒါမျိုးဘယ်တော့မှမပြောပါဘူး။ ပြောလေ့ပြောထလဲမရှိပါဘူး။ အဲဒီလိုအစ္စလ္လာမ်ဘာသာဝင်
အမျိုးသမီးကြီးတယောက်ကသူ့ ရှေ့ မှာဘာဖြစ်မယ်ဆိုတာကိုအရှင်ဘုရားကျင့်ထားတဲ့ တရားတော်ထဲကနေ
ဟောပေးစမ်းပါဆိုတဲ့ ဥစ္စာဟာဗုဒဘာသာလောကမှာ ရှိသလိုပဲ အစ္စလ္လာမ်ဘာသာမှာလဲရှိတယ်။
Fortune Teller တွေကို သူတို့ လည်းပဲအားကိုးတယ်။
                                                                      အဲဒီတော့ ကမ္ဘာကြီးရဲ့ အနေအထားကိုခြုံကြည့်လိုက်ရင် -
တကယ်ဘာသာရေးစစ်စစ်၊ အနှစ်သာရကိုကြည်ညိုပြီးကျင့်ကြံတဲ့ ပဂ္ဂိုလ်တွေ ရှိသလိုပဲအပေါ်ယံပိုင်းလောက်
သာလျှင်ဘာသာရေးတစ်ခုခုကိုအမည်ခံပြီး အပေါ်ယံ Super Natural Power လောက်ပဲ မျှော်လင့် ပြီးတော့
ကျန်းမာဖို့ ၊ ချမ်းသာဖို့ ၊ ရာထူး အာဏာ ပါဝါ စီးပွားဥစာတိုးတက်ဖို့ ခိုင်မြဲဖို့ လောက်ပဲ ဘာသာရေးကိုအသုံးချ
နေတဲ့ ပုဂ္ဂိုလ်ကလဲ ဗုဒ္ဓဘာသာမှာရော ၊ အခြားဘာသာတွေမှာပါ ရှိနေတယ်လို့ ဘုန်းကြီးတို့ ပြောရမှာပါပဲ၊၊
အဲဒါကိုဘုန်းကြီးတို့ က ဒါဟာဖြစ်ရိုးဖြစ်စဉ် အစဉ်အလာပဲလို့ သဘောထားလို့ မရဘူး။ အဲဒီပုဂ္ဂိုလ်တွေလွှမ်း
မိုးသွားမှာ စိုးရတယ်။ တစ်ခါ ဒီဥစ္စာတွေကိုပဲအလေးအနက်ထားပြီးစဉ်းစားနေပြန်ရင်လည်းတကယ့်
အနှစ်သာရကျတဲ့ အလုပ်တွေဘုန်းကြီးတို့ လုပ်ဖြစ်မှာမဟုတ်ဘူး၊၊
                            မြတ်စွာဘုရားနာလန္ဒ ကြွလာတုန်းက နာလန္ဒက သူဌေးတယောက် ကေဝဋပုဏ္ဏက
ဘုရားကို လျှောက်တယ်။ "" မြတ်စွာဘုရား တန်ခိုးပြနိုင်တဲ့ ရဟန်းတပါးကို နာလန္ဒမှာ ရာထူးခန့် ထားပေး
စမ်းပါ။ ""  "" လူတွေက တန်းခိုးသိပ်ကြိုက်တယ်။ တန်ခိုးပြနိုင်တဲ့ ရဟန်းတစ်ပါး နာလန္ဒထားပြီးတော့ ရေ
အစုံ၊ မီးအစုံတန်ခိုးများ ခဏ ခဏ ပြနေရင် ဘုရားရဲ့ သာသနာတော်ကြီး စည်ကားလာမှာ၊၊အဲဒါလုပ်ပေးစမ်း
ပါအရှင်ဘုရား ၊၊""  လို့ လျှောက်ထူးတယ်။
                                         အဲဒီတော့ ဒကာကြီး ဦးနေဝင်း၊ ဒီတော့သိပ့်စိတ်မပူနဲ့ ၊ ရှိနေမှာပဲ၊၊ ဘုရား
ကိုတောင် အဲဒီလိုထလျှောက်တဲ့ လူက ရှိနေတော့ အဲဒီလူကသာသနာတကယ်ကြည်ညိုတာမဟုတ်ဘူး၊
တန်ခိုးကြည်ညိုတာ၊ တန်ခိုးပြနိုင်တဲ့ အတွက်ကြောင့်လည်းသာသနာတော်မှာအကျိုးမများဘူးလားမေးးရင်
ရလာတဲ့ ပစ္စည်းသန့် ရှင်းသည် မသန့် ရှင်းသည် ဘုန်းကြီးတို့ ဘာမှမတွက်ဘူးဆိုရင်တော့တန်ခိုးပြနိုင်လို့ 
ရလာတဲ့ ဘုရားတည် ကျောင်းဆောက်ရင် ဖြစ်မှာပေါ့  ၊ အဲဒါမျိုးလုပ်နေတဲ့ လူတွေလည်းအများကြီးရှိနေတာ
ပဲ၊ အဲဒီတော့မြတ်စွာဘုရားက ကေဝဋပုဏ္ဏ ကို ဘာဟောတုံးဆိုတော့  ( သာသနာဆိုတာလူရဲ့ ကိုယ်နှုတ်
စိတ်သုံးပါးကိုယဉ်ကျေးအောင်ဆုံးမတာသာသနာကွ၊ ကိုယ်နှုတ်နှစ်ပါးကို ယဉ်ကျေးစေဖို့ က သီလ၊
စိတ်ကိုယဉ်ကျေးစေဖို့ က သာမဓိနဲ့ ပညာ၊၊ ငါသည် သာသနာတော်ကို ဒီသုံးမျိုးဘဲသတ်မှတ်တယ်၊တန်ခိုး
ကို သာသနာအတွင်းအလုပ်လို့ ငါမသတ်မှတ်ဘူး၊ ကေဝဋပုဏ္ဏ ကိုဘုရားကဒီလိုဟောတယ်၊၊ အဲဒီမင်းတို့ 
တန်ခိုးသမားတွေလဲ စူဠဂန္ဓာရီအတတ်ပညာ၊ ဣဒ္ဓိဝိဓ ဒီလိုအသိဥာဏ်တွေနဲ့ ဂန္ဓာရီအတတ်တွေရှိတယ်၊
အဲဒါကြောင့်တန်ခိုးပြနိုင်တဲ့ ရဟန်းတွေကို ငါဘုရားခွင့် ပြုမယ်ဆိုရင် တန်ခိုးရအောင် သမထ မကျင့်တော့
ဘဲနဲ့ သမာဓိဈာန်တွေကို မကျင့်တော့ဘဲနဲ့ ရဟန်းတွေဟာ ဂန္ဓာရီ ဝိဇ္ဇာအတတ်တွေကို သင်ကုန်လိမ့်မယ်
တဲ့ ၊ ဘုရားဟောခဲ့ ဘူးတယ်၊ သို့ သော် ဒီကနေ့ တော့ ဂန္ဓာရီ အတတ်ပညာဘက်က ဒါသာသနာရေးအလုပ်
ဆိုပြီးသာသနာဆိုင်းဘုတ် ထိုးပြီးတော့  သာသနာထဲ ဝင်လာတာတွေ တော်တော်များများဖြစ်ကုန်ပြီ။
သာသနာတော်ရဲ့ စစ်မှန်တဲ့ ရှု့ ဒေါင့် ကကြည့်ရင် သာသနာ ပြန့် ပွားကြောင်းမဟုတ်ဘဲနဲ့ သာသနာအစစ်
အမှန် ကွယ်ကြောင်းတွေဘဲဖြစ်တယ်လို့ ဒါတော့ ဘုန်းကြီးတို့ ကပြောချင်ပါတယ်။
အမေးအဖြေများကိုအလျင်းသင့်သလိုဆက်လက်ရေးသားပါအုံးမည်။
Saturday, July 10, 2010
ဘဝတသက်သာအတွက်ကျေးဇူး
မင်္ဂလာပါ - ကျေးဇူးတင်ပါတယ် -
----ဆိုတဲ့ သိပ့်ကိုကျက်သရေအပေါင်းနဲ့ ပြည့်စုံတဲ့ စကားလုံးများကိုအထူးရှင်းပြဖို့ လိုမည်မထင်ပါ။
ဒါပေမဲ့ ဂျစ်တူးကတော့ ဂျစ်တူးဘဝတသက်သာမှာအမြဲတမ်းကျေးဇူးတင်နေရမည့် အကြောင်းအရာကတော့
ဘုရားဖူးသွားဖြစ်အောင်တွန်းအားပေးသူ၏စကားတခွန်းကြောင့်အဲဒီ အကို ( ကို )
ဘုရားဖူးသွားမလို့ ဆိုပြီးဖုန်းဆက်လာတဲ့ ဆရာတော်ဘုရားကြီး ဦးပညာဝရ ( သြစတေးလျ )
ဘုရားဖူးခရီးစဉ်တစ်လျောက်လုံးကိုမနားမနေပို့ ဆောင်ပေးတဲ့ ဆရာတော်ဦးခေမာသီရိ ( လှတော )
ဘုရားဖူးခရီးစဉ်တစ်ခုလုံးမှာဓါတ်ပုံရိုက်ပြီးလျှင်ဘုရားဖူးပြီးတဲ့ အထိစောင့်ဆိုင်းပေးခဲ့တဲ့ ဆရာတော်ဦးသုမန
တို့ ကို ဘဝတသက်တာအတွက် ကျေးဇူးတင်  နေရမှာပါ။ ( ရင်ထဲကကျေးဇူးတရားတွေနှင့်အတူ )
ဂျစ်တူးကိုဘယ်လိုသူတွေနဲ့ ခရီးအတူသွားသလဲဆိုပြီး မေးတွေနဲ့ တစ်ဖုံ ဖုန်းတွေနဲ့ တမျိုး မေးလာကြတဲ့
သူငယ်ချင်းများကိုဒီနေရာကနေပြန်ကြားပေးပါရစေဗျာ-
အားလုံးပေါင်း( ဂျစ်တူးအပါအဝင် ) ဘုရားဖူးသွားသူ ၇ ယောက်တိတိပါ။
အောက်မှာမြင်နေရတဲ့ ဓါတ်ပုံမှာဂျစ်တူးနဲ့ ဘုရားအတူတူသွားဖူးခဲ့ ကြပါတယ်။
ဒေါ်သန်းတင့် ( ဆရာတော်ဦးပညာဝရ၏အမ )
ဆရာတော်ဦးပညာဝရ
ဒေါ်ဦး ( ဆရာတော်ဦးပညာဝရ၏မိခင်ကြီးအသက် ၈၄ နှစ်  )
ဒေါ်အေးမြင့်  ( လားရှိုး )
ဆရာတောဦးသုမန
ဆရာတော်ဦးခေမာသီရိ ( လှတော )
မနက်အစောကြီး နှင်းတွေကြားမှာ ကုလားကလေးငယ်လေးများနှင့် ကုလားစကားပြောနေသောဆရာတော်
ဘုရားဖူးခရီးတစ်လျောက်လုံးမှာစိတ်ရှည်ပြီးကူညီတတ်တဲ့ ကားဆရာနှင့် ငှားထားသောကား-
ကားဆရာနှင့် သူ၏မိသားစုနှင့် သူ၏အိမ်
ကားဆရာအိမ်မှာဂျစ်တူးကိုညစာအဖြစ်ကျွေးရန်ပြုလုပ်နေသော ပလာတာ-
( နှစ်ချပ်စားခဲ့ ပါသည်။)
ဆရာတော်ဦးလှတောမှာဘုရားဖူးခရီးစဉ်တစ်လျောက်လုံးကုလားအစားအစာဝယ်မစားရန်အထူးတားမြစ်ခဲ့ 
ပါသည်။ ( ရေ - အစားအစာအပြောင်းအလဲကြောင့်နေမကောင်းဖြစ်မှာကိုကြိုတင်ကာကွယ်သည့်အနေဖြင့်
တားမြစ်ခဲ့ ခြင်းဖြစ်ပါသည် ။ )
ကုလားစာသိပ့်ကြိုက်ခဲ့ သောဂျစ်တူးတစ်ယောက် ကားဆရာကျွေးတဲ့ ကုလားပလတာ ၂ ချပ်သာ
စားခဲ့ ရပါသည်။
( ဘာရမလဲစင်္ကာပူပြန်ရောက်တော့ ကုလားဈေးနားက ဂန်ဒီဆိုင်မှာသွားစားပြစ်လိုက်တယ်)