Monday, May 1, 2017

ခေါင်းဘီး

ခေါင်းဘီးကို
မိမိတို့ နေ့ စဉ်သုံး(ယောက်ျားမိန်းမ)အသုံးအဆောင်များထဲမှ
မရှိမဖြစ်ကတော့ခေါင်းဘီးဖြစ်ပါတယ်။
ယနေ့ ခေတ်ကတော့အလွယ်တကူပလပ်စတစ်ဘီးများကိုသာအသုံးပြု့ သူ
များနေကြတာပါ။ နေ့ စဉ်မိမိဆံပင်များကိုကျွတ်အောင်ပလပ်စတစ်ဖြင့်
ပြု့ လုပ်ထားသောခေါင်းဘီးများဖြင့်ဖီးနေကြသည်ကိုလူတိုင်းသတိပြု့ 
မိကြမည်မထင်ပါ။
ခေါင်းဘီးကို
ဘီးကုတ်
ဘီးစိပ်
ဘီး( အလွယ်တကူခေါ်ဆိုခြင်း)
စသည့်ဖြင့်ပုံစံအမျိုးမျိုးနှင့်ခေါင်းဘီးကိုအခေါ်အဝေါတွေလဲအမျိုးမျိုးခေါ်ကြပါတယ်။
တကယ်တော့
အရေးမကြီးလှပါဘူးလို့ ထင်တဲ့ နေ့ စဉ်အသုံးပြု့ နေကြဘီးကို
သစ်သားဖြင့်ပြု့ လုပ်ထားသောဘီးများဖြင့်သာအသုံးပြု့ သင့်ပါတယ်။
ပလပ်စတစ်ဘီးများဟာဆံပင်များဖြင့်ပွတ်တိုက်မှု့ ဖြစ်ပြီး
( အပူပေးခြင်းအသွင်ကိုဆောင်ပြီး)ဆံပင်များကျွတ်ခြင်းကိုဖြစ်စေပါသည်။
အထူးသဖြင့်
မိမိတို့ ၏ဆံပင်ထိပ်များကိုပြောင်စေပါတယ်။
ရှေးကတော့ဘီးကိုသစ်သားဖြင့်သာပြု့ လုပ်အသုံးပြု့ ကြပါတယ်။
၁။ ပတ္တမြား ခေါင်းဘီးလို့ ခေါ်ပါတယ်။
သစ်သား ပေါ် ရွှေကပ်၊
ပတ္တမြား နှင့် မြ ကို ရွှေပေါ်မှာ မြုပ်ပြီး အလှဆင်ထားပါတယ်။
လန်ဒန်ကပြတိုက်ထဲမှာရှိပါတယ်။
ဘီးစိပ်လို့ ခေါ်မယ်ဆိုရပါတယ်။
ဘီးစိပ်နဲ့ ဆံပင်ကိုဖီးပါက
သန်း-ဘောက်-စသည့်ဆံပင်အညစ်အကြေးများကိုသန့် စင်ပေးပါတယ်။
၂။ ကျွဲဂျိုဘီးလို့ ခေါ်ပါတယ်။
မြန်မာနိုင်ငံမန္တလေးမြို့ ကဝယ်လာတာပါ။
ဘုရားကြီးဆောင်းတန်းကပါ။
( ဝယ်တဲ့ ဈေးမမှတ်မိတော့ဘူး )
၃။ သစ်သားဘီးပါ။
မြန်မာနိုင်ငံမုံရွာမြို့ ဈေးကြီးထဲကဝယ်လာတာပါ။
မြန်မာငွေငါးရာပဲပေးရပါတယ်။
၎။ သစ်သားနှင့်ပြု့ လုပ်ထားတာပါ။
ကိုရီးယားလုပ်ပါ။
စင်္ကာပူမှာဝယ်တာ ၄၈ဒေါ်လာပေးရပါတယ်။
သစ်သားနဲ့ ပြု့ လုပ်ထားတာမို့ 
ဆံပင်တွေမကျွတ်ဘူးလို့ ပြောရောင်းပါတယ်။
လေ့လာရသလောက်ကတော့တကယ်ပဲသစ်သားနဲ့ လုပ်တဲ့ ခေါင်းဘီး
တွေကဆံပင်မကျွတ်ပါဘူး-ခက်နေတာကအလွယ်တကူပလပ်စတစ်ဘီး
တွေပဲယူယူဖီးနေမိတာပါ။
ဒါကြောင့်
ပလပ်စတစ်ဘီးတွေကိုအကုန်လွှင့်ပြစ်လိုက်ပြီး
မြန်မာပြည်ဖြစ်သစ်သားဘီးနဲ့ သာခေါင်းဖီးပါတယ်။
ပလပ်စတစ်ဘီးနဲ့ ခေါင်းဖီးတာက
(ဆံပင်များသူအတွက်မသိသာလှပေမဲ့ 
ဆံပင်နည်းသူအတွက်ကတော့ထိပ်ပြောင်လွယ်ပါတယ်)
မေမေပြောပြတဲ့သစ်သားဘီးအကြောင်း
********************************************
သစ်သားဘီးကိုဝယ်လာပါကချက်ခြင်းအသုံးမပြုပေးရပါဘူးတဲ့ 
ရေထဲကိုတစ်ပတ်ဆယ်ရက်စိမ်ထားရပါတယ်။
ရေစစ်ရေခြောက်ပြီဆိုမှခေါင်းလိမ်းအုန်းဆီလိမ်းရပါတယ်။
နေလှမ်းလိုက်အုန်းဆီလိမ်းလိုက်
နေလှမ်းလိုက်အုန်းဆီလိမ်းလိုက်နဲ့ 
နောက်ဆုံးဘီးအရာင်မမှိန်တော့ပဲတောက်ပြောင်လာတဲ့ အထိအဲသလို
လုပ်ပါတယ်တဲ့ -
ရွာကအမျိုးတွေကတော့
ဆံပင်ကောင်းကောင်းနဲ့ အုန်းဆီလိမ်းပြီးခေါင်းဘီးအသစ်ကို
ရေတစ်ပတ်လောက်စိမ်ပြီးအသုံးပြု့ လိုက်တာပဲတဲ့ 
( မစောင့်နိုင်တော့ဘူးလေ )
ပိုက်ဆံရှိတဲ့ သူတွေကတော့ပဲနံ့ သာဆီစိမ်ပြီးမှအသုံးပြု့ ကြပါတယ်။
ဆီဝနေတဲ့ ဘီးကိုသူတပါးကိုပေးမဖီးချင်ကြပါဘူး( မငှားကြဘူး )
ဘာ့ကြောင့်လဲဆိုတော့
ခေါင်းဘီးဖီးရင်းဘီးလွတ်ကျသွားရင်
ဆီဝနေတဲ့ ဘီးမို့ ကျိုးလွယ်လို့ ပါတဲ့ ခင်ဗျာ
အားလုံးသစ်သားခေါင်းဘီးသုံးခြင်းဖြင့်
သင့်၏ဆံပင်များကိုစောင့်ရှောက်နိုင်ပါစေ
ဆံပင်ကျွတ်ခြင်းမှကင်းဝေးကြပါစေ
( ခေါင်းဖီးနည်း--------
ခေါင်းဖီးတော့မယ်ဆိုရင်သင့်ဆံပင်ပေါက်တဲ့ အတိုင်း
ပထမတစ်ခေါင်းလုံးကိုဖီးချပါ။
နောက်တစ်ခါထပ်ဖီးပါကဆံပင်၏ဆန့် ကျင်ဖက်အတိုင်းဖြေးဖြေးခြင်း
လှန်ဖီးပေးပါ။
(အဲသလိုဖီးပေးခြင်းဖြင့်ဦးရေပြားရှိဆဲများကိုသွေးပူလေ့ကျင့်ခန်းလုပ်
ပေးတာပါတဲ့ ခင်ဗျာ )
ခေါင်းဖီးပြီးပါကသင့်စတိုင်အတိုင်းသာသာဖွဖွနေရာချဖီးလိုက်ပါ။
ကြိုက်နှစ်သက်ပါကကော်ရည်လေးဖြန်းပြီး
တနေကုန်အလှတိုးနေပါသတဲ့ လေ-
( စမ်းသပ်ကြည့်ကြပါကုန် )
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)
၁-၅-၂၀၁၇