Monday, August 31, 2009

မင်းလူ၊ဟာသစာရေးဆရာ







Voice ဂျာနယ်၊သြဂုတ် ၂၄(မိုးမခဝက်ဆိုက်မှ* မိုးမခရဲ့ သြဂုတ်လ စာကိုး စကားကိုး*)

“အို အချင်းတို့ စိတ်ရှိလက်ရှိ ပေါကြကုန်လော့ ဟု မြှောက်ပေးခြင်း၊ ညာသံပေးခြင်းတော့ မဟုတ်ရပါ။ ကျွန်တော်တို့မှာ အရေးတကြီး သတိပြုရန် အချက်တစ်ချက် ရှိနေသည်။ ပရိတ်အပေါ် သစ္စာ ရှိဖို့ပဲ ဖြစ်၏။ သူတို့မှာဒီ ပေါတောတောတွေကိုတောင် အလကား ကြည့်ရတာ မဟုတ်။ တန်ရာတန်ဖိုး ပေးပြီး ဖတ်ကြ၊ကြည့်ကြရတာ။ ထိုကြောင့် အနုပညာသမားတွေ အနေနဲ့ 
စေတနာထားပြီး ထိုက်ထိုက်တန်တန် ပေါကြရင် ကောင်းမယ် ထင်တာပဲ”
မင်းလူ၊ ဟာသ စာရေးဆရာ-

ဆရာမင်းလူပြောတဲ့စကားကလေးကိုဦးထိပ်ထားပါသည်။
ဂျစ်တူးက-ကိုယ်တိုင်တွေ့ ကြုံခဲ့ရတဲ့ဟာသကလေးတွေကိုတင်ချင်လို့ ပါ။
ကိုယ်တွေ့ ဟာသကလေးကိုတော့ နောက်ပို့ စ်တခုမှာတင်ပါမည်။

Tuesday, August 11, 2009

နေရောင်အောက်ကချစ်ပြုံးနှင်းဆီ






နေရောင်အောက်မှာဆိုတော့ပန်းကလေးကပိုပြီးလှသွေးကြွယ်နေတာပေါ့-

မိုးရေအောက်ကချစ်ပြုံးနှင်းဆီ




နေရောင်မရှိပေမဲ့မိုးရေတွေစိုရွဲနေတဲ့ပန်းကလေးနှင်းဆီ----

ချစ်ပြုံးနှင်းဆီ






အခုတင်ထားတဲ့နှင်းဆီပန်းကလေးကိုအခန်းတွင်းမှာရိုက်ထားတာပါ-
အလင်းရောင်မလှတဲ့အတွက်ပန်းရဲ့ အလှကိုအကုန်လုံးမပေါ်ပါဘူး-
အကယ်လို့ နေရောင်အောက်မှာဆိုဒီပန်းကလေးတော်တော်ကလေးလှလိမ့်မယ်လို့ယုံကြည်မိပါတယ်ခင်ဗျာ-

Sunday, August 2, 2009

ပန်းတခက်ထဲကိုရိုက်ပြထားသည်



ပန်းတခက်ထဲကိုဘဲနောက်ခံဗြောင်အမဲရောင်ခံပြီးရိုက်ထားတာနဲ့နောက်ခံမှာသစ်သားပြားမသုံးမပြုဘဲရိုက်ပြထားပါသည်။
ယှဉ်ပြီးရိုက်ထားသည်ကိုလေ့လာပါရန်-ပုံများကိုပုံကြီးချဲ့ ကြည့်ပြီးသင့်ခံစားချက်များ-ထင်မြင်ချက်များ-အကြံပြု့ချက်များကိုရေးသားထားခဲ့ကြပါရန်-
ကျန်းမာကြပါစေခင်ဗျား

နောက်ခံအရောင်များ



အခုပြောပြချင်တဲ့ဓါတ်ပုံအကြောင်းကလေးတွေကတော့ဓါတ်ပုံကလေးတွေကိုရိုက်ရင်နောက်ခံအရောင်ကလေးတွေ
အကြောင်းဘဲဖြစ်ပါတယ်။ဂျစ်တူးကတော့လွယ်လွယ်ကူကူသယ်ယူလို့ ရတဲ့သစ်သားပြားတချပ်ကိုဘဲ-တဖက်က
အမဲရောင်တဖက်ကအဖြူရောင်စတစ်ကာကပ်ထားတဲ့သစ်သားပြားတချပ်ကိုဘဲပန်းပုံတွေရိုက်ရင်ယူသွားပါတယ်။
အရောင်တွေများများကပ်ထားတဲ့သစ်သားပြားတွေကိုသယ်နိုင်ရင်တော့အကောင်းဆုံးပါဘဲခင်ဗျာ။
မိမိစိတ်ကြိုက်များကိုနောက်ခံအဖြစ်ထားနိုင်ပါတယ်။နောက်ခံများသည်ရှင်းနေပါကမိမိရိုက်ပြချင်သောပန်းပုံကလေးများ
သည်ပိုမိုပေါ်လွင်ပြီးအလှတွေဝေဆာနေမည်ကိုတွေ့ မြင်ရမည်ဖြစ်ပါသည်။အကယ်လို့ မိမိကသစ်သားပြားယူမသွားဘဲ
ပန်းလှလှကလေးကိုလည်းအဆင်သင့်တွေ့ နေပါကမိုးသားကောင်းကင်ပြာကြီးကိုနောက်ခံထားပြီးရိုက်ခဲ့လို့ ရပါသည်။
ဗြောင်နောက်ခံလောက်တော့ပန်းပွင့်ကလေးများမပေါ်ပေမဲ့ ဓါတ်ပုံတပုံတော့ရရှိမည်အမှန်ပင်ဖြစ်ပါသည်ခင်ဗျား
များများရိုက်-များများကူး-များများလေ့လာပါက--------
အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ဓါတ်ပုံတွေများများရရှိမည်မှာအမှန်ပင်ဖြစ်ပါသည်။

မိုးကောင်းကင်ကြီးကိုနောက်ခံထား



Saturday, August 1, 2009

ဂျီတောာ့မှာတွေ့ နေတယ်



နေကောင်းလား
ဘာတွေလုပ်လည်း
ဘာတွေဖြစ်နေလည်း
မေးချင်နေတာ
ရင်ထဲအပြည့်
ဒါပေမဲ့---
ငါ့လက်ကလေးတွေ
တုန့် နှေးကာစာမရိုက်
ဂျီတော့ကပုံကလေးကို
မှိုင်တွေကာကြည့်နေမိ
စိတ်တွေနောက်က
လက်တွေ့ မပါတာ
ဘာကြောင့်လည်း
ကြောက်လို့ လား
ဝမ်းနည်းလို့ လား
ဘာမှမသေခြာတော့
သေခြာတာတခုကတော့
ချစ်နေဆဲ--
ချစ်နေမြဲ---
ငါ-ရင်တွေခုန်နေဆဲပါအချစ်ရယ်-----

ပန်ဒိုရာကိုကျေဇူးအထူးတင်ရှိခြင်း



ဓါတ်ပုံကလေးထဲမှ လိုအပ်ချက်ကို ပန်ဒိုရာ http://pandora-and-pandora.blogspot.com/ မှပြိုင်ဘက်မရှိ
အဖြေမှန်ကိုဖြေဆိုသွားပါပြီခင်ဗျား---
အခုလိုတကူတကအဖြေလာပေးတဲ့သူတွေအားလုံးကိုရော အဖြေမှန်ပေးသွားတဲ့ ပန်ဒိုရာ ကိုရော ဂျစ်တူး(မုံရွာ)မှရင်ထဲက
လှိုက်လှိုက်လှဲလှဲအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ---
ပန်းချီဆရာမလေးကအဖြေကိုတန်းသိသွားတယ်-(ဂုဏ်ယူလေးစားပါတယ်ခင်ဗျာ)
ဓါတ်ပုံတပုံမှာအလင်းရောင်တွေအားကောင်းတယ်-စံပြမယ်မှကိုယ်နေကိုယ်ဟန်ကောင်းတယ်-ဓါတ်ပုံအရည်သွေးတွေအကုန်
ကောင်းနေတယ်-ဒါပေမဲ့မျက်လုံးအိမ်အတွင်းမျက်လုံးနက်ဝိုင်းဝိုင်းကလေးထဲမှမျက်ဆံဖြူဖြူကလေး(အလင်းစက်ကလေး)မပါရင်စကားမပြောသော
မျက်လုံးများဖြစ်နေတတ်ပါတယ်-ပုံတွေကိုပြန်ရှင်ကြည့်ပါ။
အခုတော့စကားပြောသောဓါတ်ပုံကလေးကို ပန်ဒိုရာ http://pandora-and-pandora.blogspot.com/မှပြိုင်ဘက်မရှိ
ဖြေဆိုအောင်မြင်သွားပါပြီခင်ဗျား--
အားလုံးကိုကျေးဇူးအထူးထူးတင်ပါတယ်ခင်ဗျာ--
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

ပုံ ၂ ပုံကိုယှဉ်ပြထားတယ်

အဖြေပါတာနဲ့ မပါတာကို ယှဉ်ပြထားပါသည်။အလွယ်တကူရှာတွေ့ ကြလိမ့်မယ်လို့ ထင်မြင်မိပါသည်။
ထင်ထင်ရှားရှားတွေ့ ရအောင်ပုံများကိုပုံကြီးချဲ့ ပြီးကြည့်လိုက်ပါခင်ဗျာ-
ဓါတ်ပုံဝါသနာရှင်များတိုးတက်အောင်မြင်ပါစေခင်ဗျာ-ကျေးဇူးလည်းအထူးတင်ပါသည်။