Sunday, August 2, 2009

နောက်ခံအရောင်များ



အခုပြောပြချင်တဲ့ဓါတ်ပုံအကြောင်းကလေးတွေကတော့ဓါတ်ပုံကလေးတွေကိုရိုက်ရင်နောက်ခံအရောင်ကလေးတွေ
အကြောင်းဘဲဖြစ်ပါတယ်။ဂျစ်တူးကတော့လွယ်လွယ်ကူကူသယ်ယူလို့ ရတဲ့သစ်သားပြားတချပ်ကိုဘဲ-တဖက်က
အမဲရောင်တဖက်ကအဖြူရောင်စတစ်ကာကပ်ထားတဲ့သစ်သားပြားတချပ်ကိုဘဲပန်းပုံတွေရိုက်ရင်ယူသွားပါတယ်။
အရောင်တွေများများကပ်ထားတဲ့သစ်သားပြားတွေကိုသယ်နိုင်ရင်တော့အကောင်းဆုံးပါဘဲခင်ဗျာ။
မိမိစိတ်ကြိုက်များကိုနောက်ခံအဖြစ်ထားနိုင်ပါတယ်။နောက်ခံများသည်ရှင်းနေပါကမိမိရိုက်ပြချင်သောပန်းပုံကလေးများ
သည်ပိုမိုပေါ်လွင်ပြီးအလှတွေဝေဆာနေမည်ကိုတွေ့ မြင်ရမည်ဖြစ်ပါသည်။အကယ်လို့ မိမိကသစ်သားပြားယူမသွားဘဲ
ပန်းလှလှကလေးကိုလည်းအဆင်သင့်တွေ့ နေပါကမိုးသားကောင်းကင်ပြာကြီးကိုနောက်ခံထားပြီးရိုက်ခဲ့လို့ ရပါသည်။
ဗြောင်နောက်ခံလောက်တော့ပန်းပွင့်ကလေးများမပေါ်ပေမဲ့ ဓါတ်ပုံတပုံတော့ရရှိမည်အမှန်ပင်ဖြစ်ပါသည်ခင်ဗျား
များများရိုက်-များများကူး-များများလေ့လာပါက--------
အရမ်းစိတ်ဝင်စားစရာကောင်းတဲ့ဓါတ်ပုံတွေများများရရှိမည်မှာအမှန်ပင်ဖြစ်ပါသည်။

No comments: