Wednesday, March 7, 2012

သီတဂူဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက်မွေးနေ့  ၇-၃-၂၀၁၂


 
                                        ကျေးဇူးတော်ရှင် သီတဂူဆရာတော်ရှင်ဥာဏ်ဏိသ၁ရ
                                   
 
 ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏
အတ္ထုပ္ပတ္တိနှင့် သာသနာပြု လုပ်ငန်းများ
=========================

၁။ ၁၂၉၈-ခု၊ ခရစ်နှစ် ၁၉၃၇-ခုနှစ်တွင် ပဲခူးတိုင်း၊ သဲကုန်းးမြို့နယ်၊ ပုတီးကုန်းမြို့တွင် မွေးဖွားခဲ့သည်။
၂။ ၁၃၀၅-ခု၊ ခရစ်နှစ် ၁၉၄၄-ခုနှစ်တွင် သဲကုန်းမြို့ တပ်ရွာအလယ်ကျောင်းတွင် ဘုန်းတော်ကြီး ကျောင်းပညာ အခြေခံများကို စတင်သင်ယူသည်။
၃။ ၁၃၁၃-ခု၊ ခရစ် ၁၉၅၂-ခုနှစ်တွင် ရှင်သာမဏေပြုသည်။
၎။ ၁၃၁၈-ခု၊ ခရစ် ၁၉၅၇-ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ပညာသင်ကြားသည်။
၅။ ၁၃၂၂-ခု၊ ခရစ် ၁၉၆၁-ခုနှစ် တွင် ဓမ္မာစရိယစာချတန်း အောင်မြင်သည်။ “သာသနဓဇဓမ္မာစရိယဘွဲ့”ကို ရရှိသည်။
၆။ ၁၃၂၄-ခု၊ ၁၉၆၃-ခုနှစ်တွင် သံဃတက္ကသိုလ်သို့ ၀င်ရောက်သည်။
၇။ ၁၃၂၆-ခု၊ ၁၉၆၅-ခုနှစ်တွင် ဗုဒ္ဓဒေသနာ ဒီပလိုမာဘွဲ့ကို ရရှိသည်။
၈။ ၁၃၂၆-ခု၊ ၁၉၆၅-ခုနှစ်မှာပင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. ကောလိပ်) တည်ထောင်သည်။
၉။ ၁၃၂၉-ခု/ ၁၉၆၈-ခုနှစ်တွင် စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချသည်။
၁၀။ ၁၃၃၄-ခု၊ ၁၉၇၂-ခုနှစ်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ပဋိပတ်အလုပ် စတင်အားထုပ်ခဲ့သည်။

၁၁။ ၁၃၃၆-ခု၊ ၁၉၇၅-ခုနှစ်မှ စတင်ကာ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ စတင်ဟောကြားသည်။
၁၂။ ၁၃၃၈-ခု၊ ၁၉၇၇-ခုနှစ်တွင် စစ်ကိုင်းတောင်၌ (အရှေ့)သီတဂူကျောင်းတိုက်ကို စတင်တည်ထောင်သည်။
၁၃။ ၁၃၄၀-ခု၊ ၁၉၇၈-ခုတွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်သည်။
၁၄။ ၁၃၄၁-ခု၊ ၁၉၇၉-ခုတွင် ကမ္ဘာလှည့် သာသနာပြုလုပ်ငန်းကို စတင်သည်။

ယနေ့အထိ နိုင်ငံပေါင်း (၅၀)ကျော် လှည့်လည်ခဲ့ပြီး၊ အစည်းအဝေးပေါင်း (၃၀) ကျော် တက်ရောက်ခဲ့ပြီး ဖြစ်သည်။

၁၅။ ၁၃၄၂-ခု၊ ၁၉၈၀-ခု၊ တွင် စစ်ကိုင်းတောင် သီတဂူရေအလှူတော် စီမံကိန်း တည်ဆောက်သည်။

၁၆။ ၁၃၄၇-ခု၊ ၁၉၈၅-ခုတွင် သီတဂူအာယုဒါနဆေးရုံတော်ကို စတင်တည်ဆောက်သည်။
၁၇။ ၁၃၅၁-ခု၊ ၁၉၉၀-ခုတွင် သီတဂူအာယုဒါနဆေးရုံတော်ကို စတင်ဖွင့်လှစ်သည်။
၁၈။ ၁၃၅၄-ခု၊ ၁၉၉၂-ခုတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံကိန်းကို စတင်ချမှတ်ဆောင်ရွက်သည်။
၁၉။ ၁၃၅၆-ခု၊ ၁၉၉၄-ခုတွင် အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်သည်။
၂၀။ ၁၃၅၈-ခု၊ ၁၉၉၆-ခုနှစ်တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်သည်။

ကျမ်းစာအုပ်များ…
===========

=ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း (၈၀) ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း (၂၀) ကျော်တို့ကို ထုပ်ဝေခဲ့ပြီးဖြစ်သည်။



သာသနာပြုဘွဲ့တံဆိပ်တော်များ
=================

=ဆရာတော်အား ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာဂန္ထ၀ါစက ဘွဲ့တံဆိပ်တော်များ အပြင် မြန်မာနှစ်(၁၃၅၈-ခု) ခရစ်နှစ် (၁၉၉၇-ခု)တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ကို ဆပ်ကပ်ပူဇော်ခဲ့သည်။

smile=မြန်မာနှစ် ( ၁၃၆၅) ခု၊ ခရစ်နှစ် ၂၀၀၃-ခုနှစ်က ဒီလစ် (D.litt) ဘွဲ့ကို ရန်ကုန်တက္ကသိုလ်က အပ်နှင်းခဲ့သည်။
=မြန်မာနှစ် ၁၃၆၇-ခု၊ ခရစ်နှစ်၂၀၀၅-ခုတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟာချူလာလောင်ကွန် တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ ( Ph.D) ဘွဲ့ကို အပ်နှင်းခဲ့သည်။

=မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။

=မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။


ဆရာတော်အား ကင်မွန်းတပ် ခေါ်ဝေါ်ခဲ့သော နာမည်များ…
===============================

=သပိတ်အိုင်တောရတွင် နေခဲ့ဖူးသောကြောင့် သပိတ်အိုင်ဆရာတော်ဟုလည်း အမည်တွင်သည်၊
=သဲကုန်းမြို့နယ် ဇာတိဖွားဖြစ်သောကြောင့် သဲကုန်းဆရာတော်ဟုလည်း အမည်တွင်သည်၊
= သီတဂူကျောင်း၊ သီတဂူရေအလှူ၊ သီတဂူဆေးရုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့ကို တည်ထောင်တော် မူခဲ့သည် ဖြစ်ခြင်းကြောင့် သီတဂူဆရာတော်ဟုလည်း အမည်တွင်သည်။
ယခုအခါ ဆရာတော်သည် သက်တော် (၇၄)၊ ၀ါတော် (၅၄)၀ါ ရှိနေပြီ ဖြစ်သော်လည်း စစ်ကိုင်းတောင်ရိုး ပင်မ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ စာသင်သားများအား ဗုဒ္ဓစာပေများကို ပါဠိ+ မြန်မာ+အင်္ဂလိပ်လိုအားဖြင့် ပို့ချရင်း တဖက်မှလည်း လူမျိုးဘာသာ သာသနာအတွက် သာသနာပြု လုပ်ငန်းများကို မနားမနေ အားထုတ်လျှက် ရှိပါသည်။
 
                                           ကျေးဇူးတော်ရှင် သီတဂူဆရာတော်ရှင်ဥာဏ်ဏိသ၁ရ
 

ဆက်ဖတ်ချင်သေးရင်...

Tuesday, February 21, 2012

http://myatsan.blogspot.com/


အမတ်ကြီးမိတ်ဆွေများ-
ဒီနေ့ မနက် အမတ်ကြီး ( ကဗျာဆရာ ဘလောက်ဂါ မြတ်စံ ) နဲ့ အတူ ဆေးရုံလိုက်သွားတယ်။
အထူးကုနဲ့ တွေ့ တယ်- ဆရာဝန်ပြောတာက အရေးကြီးတဲ့စကားပြောစရာရှိတယ်- ပြောလို့ ရမလားမေးလို့  အမတ်ကြီးက ပြောပါ -ရပါတယ်ပြောတယ်-
ဒါနဲ့ ဆရာဝန်က- ခင်များ ဘာတွေ ပြင်ဆင်ထားသလဲတဲ့- အဓိပ္ပါယ်က- မသေခင် လုပ်စရာလုပ်ရှိတာ လုပ်ဘို့ ပြောတဲ့သဘောဘဲ- သူတို့ ပြောတာက- သူတို့ နိုင်ငံရဲ့ 
ရှူဒေါင့်ကနေပြောတာပေါ့- မိသားစုဝင်တွေ အမွေပေးစရာရှိတာ စာချုပ်စာတမ်း-ရှေ့ နေနဲ့ လွှဲစရာရှိတာ လွှဲအပ်ဘို့ ပေါ့- ဆေးရုံမှာ သီးသန့် အခန်းနဲ့ နေမလား မေးတယ်-
သူက မနေချင်ဘူး-ပြောတယ်- ငါ့ သဘောကတော့ နေစေချင်တယ်- ဘာဘဲဖြစ်ဖြစ် ဆေးရုံမှာဆို နားအေး ပါးအေး ရှိတယ်။ အိမ်မှာဆိုတော့ ကလေးတွေနဲ့ ဆူတယ်။
နောက်ပြီး သူနာပြုလဲ အချိန်ပြည့်ရှိတယ်။ အိမ်မှာနေချင်တယ်ပြောတော့ ဆရာဝန်ပြောတာက- အိမ်မှာနေမယ်ဆိုရင် သူတို့ တတ်နိုင်တာ တခုတော့ရှိတယ်- တရက်- တနာရီလောက်
ကြက်ခြေနီက သူနာပြု တယောက်လာလာကြည့်ပေးမယ်ပြောတယ်။ သိပ်ပြင်းထန်ရင်တော့ ဆေးရုံလာပါလို့ ပြောတယ်။ သိပ်ပြီး မျှော်လင့်ချက် မရှိဘူး-
တရားနှလုံးသွင်းနိုင်အောင် မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတော့ဖွင့်ပေးတယ်။ ဘာဘဲဖြစ်ဖြစ် မအိုခင် မနာခင်က အချိန်ရှိတုန်း သတိတရားလက်ကိုင်ထားပြီး
ရှူမှတ်ပွားများမှ- အိုပြီ နာပြီဆိုရင် တရားအလေ့အကျင့် မရှိထားရင် နှလုံးသွင်းဘို့ မလွယ်ဘူး- ဒါကြောင့်လဲ အပ္မာဒေန သမ္ပါဒေထ လို့  ဘုရားရှင်က နောက်ဆုံးမှာတမ်းမှာ မှာကြားခဲ့တာပေါ့။

အထက်ပါစာ ကိုမေးထဲမှာရောက်လာတာပါ။
ဆရာဆိုတာ ကျနော့်ဘလော့ကလေးကိုအသက်သွင်းပေးခဲ့ သူပါ။
ဆရာအမည်အရင်းက ဦးသန်းစိန် ပါ။ အများကတော့ အမတ်ကြီး လို့ လူသိများတယ်။  ကဗျာရေးဖွဲ့ တတ်သူ ကဗျာဆရာအမည်ကတော့ မြတ်စံ ပါ။ ဆရာရောဂါကအသဲကင်ဆာတဲ့ ---ဆေးရုံရောက်တာအရမ်းနောက်ကျနေပြီတဲ့ 
ကျနော်ဘာမှလုပ်မပေးနိုင်ဘူး-
ကျနော်ဘာမှလုပ်မပေးနိုင်ဘူး-
ကျနော်ဘာမှလုပ်မပေးနိုင်ဘူး-

ဆက်ဖတ်ချင်သေးရင်...

Saturday, January 28, 2012

ပဲခူးက -လေဖြတ်အထူးကု

ဆရာကြီး လင်းမွန်အောင် စီကိုအရောက်သွားခဲ့တယ်။
ဟုတ်တယ်ဗျ-ပထမဆရာကြီးကစင်္ကာပူကို၁၄ ရက်နေ့ ကရောက်မယ်ဆိုတော့ဂျစ်တူးမေမေခံစားနေရတဲ့ဝေဒနာကိုပြကြည့်ဖို့ အားခဲထားတာလေ-နောက်တော့
ဆရာကြီးက ၂၉ ရက်နေ့ မှရောက်မယ်ဆိုတော့အားလျော့သွားတာပေါ့-ဘာ့ကြောင့်လည်းဆိုတော့ဂျစ်တူးတို့ မေမေက ၂၆ ရက်နေ့ မှာရန်ကုန်ပြန်တော့မှာလေ။
ဒါကြောင့် ၂၈ ရက်နေ့ မနက်ပိုင်းကတော့ဆရာကြီးရှိတဲ့ 
ပဲခူးကဆေးခန်းကိုကားကလေးနဲ့ အရောက်သွားပြီးပြလိုက်တယ်။
ဂျစ်တူးမေမေက အာရုံကျောညပ်တာဆိုပြီးစင်္ကာပူဦးနှောက်နဲ့ အာရုံကျောအထူးကုနဲ့ ပြသကုသနေတာပါ။
အဲဒါမသက်သာတာနဲ့ ဆရာကြီးလင်းမွန်အောင်စီကိုအရောက်သွားပြီးကုသလိုက်တာပါ။
လက်တွေ့ ကတော့မေမေရောဂါလက်ကပ်နေတာနဲ့ ခြေထောက်နာနေတာသက်သာသွားပါပြီ။
ပါးကိုက်တာကတော့နဲနဲကျန်နေသေးတယ်လို့ မေမေကသူရောဂါကိုပြောပြပါတယ်။
ဓါတ်ပုံတွေကတော့နောက်မှတင်တော့မယ်ဗျာ-ကွန်နက်ရှင်ကမကောင်းဘူး-
ရောဂါသည်တွေအမျိုးမျိုးကိုဂျစ်တူးမျက်စေ့အောက်တင်ကုသပေးနေတာ-လက်တွေ့ ပျောက်ပြီးပြန်သွားကြတာဗျို့ -
တကယ့်ကိုအံ့မခန်းပါဘဲဗျာ-ဆရာကြီး ၂၉ ရက်နေ့ တော့စင်္ကာပူကိုရောက်ပါပြီ- ၃၀ ရက်နေ့ မှာစပြီး
ဆေးကုသပေးမှာမို့ စင်္ကာပူကမိတ်ဆွေများသွားရောက်ကုသပြီးရောဂါပျောက်ကင်းချမ်းသာကြပါစေ--

ဆက်ဖတ်ချင်သေးရင်...

Wednesday, January 18, 2012

ဆရာကြီး လင်းမွန်အောင်



ကိကိ(မကိ)သတိပေးသလိုဖြစ်သွားတယ်ကျေးဇူးပါခင်ဗျာ-

ဆရာကြီးလင်းမွန်အောင် ကပဲခူးမှာဆေးကုသနေဆဲပါ။
ဆရာကြီးလိပ်စာကိုအောက်မှာရေးပေးလိုက်ပါတယ်။

ကုစာသရဆေးခန်း
( ကကြီးအောက်ကနောက်ထပ်ဆင့်ကကြီးတစ်လုံးစလုံးအောက်ကထပ်ဆင့်ဆလိမ်တစ်လုံး)
ပဲခူးမြို့ သစ်
နန်းတော်ရာဓမလမ်း(၁) --( မအောက်ကနောက်ထပ်ဆင့်မတစ်လုံးဆင့်)
ပဲခူးမြို့ 
ဖုန်းနံပါတ်က ၀၅၂ ၃၀၅၆၂
လက်ကိုင်ဖုန်း ၀၉၅၅၀၁၀၃၆


အောက်ကစာပိုဒ်ကတော့အရင်ပို့ စ်ကစာတွေကိုကူးရေးထားတာပါ။                                        

  စာမရေးတတ်ရေးတတ်နဲ့ ရေးလိုက်ပြီဗျာ-အစီအစဉ်မကျရင်တော့စာရေးသူ

ဂျစ်တူး မှာအပြစ်ရှိပါတယ်။ တကယ်တန်းရေးချင်တာကတော့ပြည့်ပြည့်စုံစုံရေးပေးချင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့လိုရင်းတိုရှင်းဘဲရေးလိုက်တော့မယ်။

                                                ဂျစ်တူးမိတ်ဆွေကြီးဦးမျိုးသန့် (အင်ဂျင်နီယာ) လေဖြတ်သွားတာကိုယ်တခြမ်း

သေသွားတယ်လမ်းမလျှောက်နိုင်စကားမပြောနိုင်ဖြစ်သွားတယ်။ တနေ့ သူနဲ့  ပြန်ဆုံကြတော့သူမှာလမ်းကောင်းကောင်းလျှောက်ပြီးစကားတွေလည်းပြောနိုင်နေတယ်။

လက်တဖက်ကတော့စလွယ်သိုင်းထားတယ်။ ဘာဘဲပြောပြောယခုလောက်ကောင်းလာတာကိုကတကယ့်

ကံထူးရှင်လို့ ပြောမယ်ဆိုရတယ်။ ဒါနဲ့ စကားစပ်မိတော့ သူမှာစင်္ကာပူရောမြန်မာနိုင်ငံမှာရောလေဖြတ်နေ

တာကိုကုခဲ့ပါတယ်တဲ့  နောက်ဆုံးယခုဆရာ လင်းမော်အောင် ကိုသွားပြပြီးဆေးကုသလိုက်တော့မှယခုလို

စကားကောင်းကောင်းပြောနိုင်တာဆိုပြီးသူဆေးကုခဲ့ပုံတွေပြောပြပါတယ်။

                                            တကယ်တော့ဆရာကြီးလင်းမော်အောင် ဆေးကုသတာက သုံးမိနစ်လောက်ဘဲ

ကြာတာပါတဲ့  ( မယုံနိုင်စရာပေါ့ နော် ) အမှန်တကယ်ကြီးကိုလေဖြတ်သွားတာကုသပေးနိုင်တဲ့ ဆရာတစ်ဆူ

ပါဘဲဗျာ- ကိုယ်တခြမ်းလေဖြတ်တာကိုကုပေးလိုက်တာချက်ခြင်းကြီးကိုလမ်းပြန်လျှောက်နိုင်စကားပြောနိုင်

လို့ သူမှအရမ်းဝမ်သာပီတိဖြစ်ခဲ့ရတာပါတဲ့ ခင်ဗျာ-

                                                         ယခုစာဖတ်သူရော မယုံဘူးလား လက်တွေ့ မြင်ချင်သလား-

ဂျစ်တူး အာလူးမပေးပါဘူး။ ယခုလ ၂၉ ရက်နေ့ ဆို ဆရာကြီးလင်းမော်အောင် တစ်ယောက်စင်္ကာပူကိုလာပြီး

ဆေးကုသပေးပါတော့မယ်ခင်ဗျာ-စင်္ကာပူကိုလာရရင်းအကြောင်းကတော့ ဂျစ်တူး မိတ်ဆွေကြီးဦးမျိုးသန့်  က

သူကိုဆေးကုသပေးလိုက်တဲ့ ဆရာကြီးလင်းမော်အောင် ကို စင်္ကာပူလာလည်ဖို့ ဖိတ်ခေါ်လိုက်တာပါ။

ဆရာကြီးကစင်္ကာပူမှာရှိတဲ့ ရောဂါသည်တွေကို စေတနာအပြည့် နဲ့ ကုသပေးသွားမှာပါ။

ဆရာကြီးလင်းမော်အောင် ကုသပေးနိုင်သောရောဂါများ---

လေငန်း

လေဖြန်း

လေဖြတ်

အရိုးကျိုး

အရိုးကြီးပေါင်းတက်

နှလုံးသွေးကြောကျင်း

အူကျ

လေးဖက်နာ

သက်တန့် နာ

အကြိတ်

ခလေးလေပြင်

------------------စသည့်ရောဂါများကိုကုသပေးနိုင်ပါတယ်။

ဆေးကုသချိန်

                  မနက် ၈း ၀၀ နာရီမှ နေ့  ၁း ၀၀ နာရီအထိ

ဆေးကုသမည့်နေရာ

BLK 480,

JURONGWEST ST 41 ,

# 08 - 300 ,

SINGAPORE 640480,

ဆက်သွယ်ရန်ဖုန်းနံပါတ်

                                 ၉၄၈၉ ၈၅၄၁ ( ဦးမျိုးသန့်  )

ဆေးကုသမည့်ရက်

                                    ၂၉-၀၁-၂၀၁၂  မှ  ၁၄-၀၂-၂၀၁၂ အထိ ( ယခုလောလောဆယ်သတ်မှတ်ထားရက်)

ဆေးကုသခ

                      လူနာရှင်သဒါသလောက်ပါ ( ဂျစ်တူးကီးဘုတ်ကသတ်ပုံမှန်အောင်ရိုက်မရပါ )

အထူးသတိပြုရန်မှာ

                               လူဦးရေကန့် သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးထားကြပါရန်။

လေးစားစွာဖြင့်

ဂျစ်တူး(မုံရွာ)             အခမဲ့  ဘလော့မှာ ကြော်ငြာပေးခြင်းဖြစ်ပါသည်။

ဆက်ဖတ်ချင်သေးရင်...

ဆရာကြီး လင်းမွန်အောင်



                                                    စာမရေးတတ်ရေးတတ်နဲ့ ရေးလိုက်ပြီဗျာ-အစီအစဉ်မကျရင်တော့စာရေးသူ
ဂျစ်တူး မှာအပြစ်ရှိပါတယ်။ တကယ်တန်းရေးချင်တာကတော့ပြည့်ပြည့်စုံစုံရေးပေးချင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့လိုရင်းတိုရှင်းဘဲရေးလိုက်တော့မယ်။
                                                ဂျစ်တူးမိတ်ဆွေကြီးဦးမျိုးသန့် (အင်ဂျင်နီယာ) လေဖြတ်သွားတာကိုယ်တခြမ်း
သေသွားတယ်လမ်းမလျှောက်နိုင်စကားမပြောနိုင်ဖြစ်သွားတယ်။ တနေ့ သူနဲ့  ပြန်ဆုံကြတော့သူမှာလမ်းကောင်းကောင်းလျှောက်ပြီးစကားတွေလည်းပြောနိုင်နေတယ်။
လက်တဖက်ကတော့စလွယ်သိုင်းထားတယ်။ ဘာဘဲပြောပြောယခုလောက်ကောင်းလာတာကိုကတကယ့်
ကံထူးရှင်လို့ ပြောမယ်ဆိုရတယ်။ ဒါနဲ့ စကားစပ်မိတော့ သူမှာစင်္ကာပူရောမြန်မာနိုင်ငံမှာရောလေဖြတ်နေ
တာကိုကုခဲ့ပါတယ်တဲ့  နောက်ဆုံးယခုဆရာ လင်းမော်အောင် ကိုသွားပြပြီးဆေးကုသလိုက်တော့မှယခုလို
စကားကောင်းကောင်းပြောနိုင်တာဆိုပြီးသူဆေးကုခဲ့ပုံတွေပြောပြပါတယ်။
                                            တကယ်တော့ဆရာကြီးလင်းမော်အောင် ဆေးကုသတာက သုံးမိနစ်လောက်ဘဲ
ကြာတာပါတဲ့  ( မယုံနိုင်စရာပေါ့ နော် ) အမှန်တကယ်ကြီးကိုလေဖြတ်သွားတာကုသပေးနိုင်တဲ့ ဆရာတစ်ဆူ
ပါဘဲဗျာ- ကိုယ်တခြမ်းလေဖြတ်တာကိုကုပေးလိုက်တာချက်ခြင်းကြီးကိုလမ်းပြန်လျှောက်နိုင်စကားပြောနိုင်
လို့ သူမှအရမ်းဝမ်သာပီတိဖြစ်ခဲ့ရတာပါတဲ့ ခင်ဗျာ-
                                                         ယခုစာဖတ်သူရော မယုံဘူးလား လက်တွေ့ မြင်ချင်သလား-
ဂျစ်တူး အာလူးမပေးပါဘူး။ ယခုလ ၂၉ ရက်နေ့ ဆို ဆရာကြီးလင်းမော်အောင် တစ်ယောက်စင်္ကာပူကိုလာပြီး
ဆေးကုသပေးပါတော့မယ်ခင်ဗျာ-စင်္ကာပူကိုလာရရင်းအကြောင်းကတော့ ဂျစ်တူး မိတ်ဆွေကြီးဦးမျိုးသန့်  က
သူကိုဆေးကုသပေးလိုက်တဲ့ ဆရာကြီးလင်းမော်အောင် ကို စင်္ကာပူလာလည်ဖို့ ဖိတ်ခေါ်လိုက်တာပါ။
ဆရာကြီးကစင်္ကာပူမှာရှိတဲ့ ရောဂါသည်တွေကို စေတနာအပြည့် နဲ့ ကုသပေးသွားမှာပါ။

ဆရာကြီးလင်းမော်အောင် ကုသပေးနိုင်သောရောဂါများ---
လေငန်း
လေဖြန်း
လေဖြတ်
အရိုးကျိုး
အရိုးကြီးပေါင်းတက်
နှလုံးသွေးကြောကျင်း
အူကျ
လေးဖက်နာ
သက်တန့် နာ
အကြိတ်
ခလေးလေပြင်
------------------စသည့်ရောဂါများကိုကုသပေးနိုင်ပါတယ်။


ဆေးကုသချိန် 

                  မနက် ၈း ၀၀ နာရီမှ နေ့  ၁း ၀၀ နာရီအထိ

ဆေးကုသမည့်နေရာ

BLK 480,
JURONGWEST ST 41 ,
# 08 - 300 ,
SINGAPORE 640480,

ဆက်သွယ်ရန်ဖုန်းနံပါတ်

                                 ၉၄၈၉ ၈၅၄၁ ( ဦးမျိုးသန့်  )

ဆေးကုသမည့်ရက်

                                    ၂၉-၀၁-၂၀၁၂  မှ  ၁၄-၀၂-၂၀၁၂ အထိ ( ယခုလောလောဆယ်သတ်မှတ်ထားရက်)

ဆေးကုသခ

                      လူနာရှင်သဒါသလောက်ပါ ( ဂျစ်တူးကီးဘုတ်ကသတ်ပုံမှန်အောင်ရိုက်မရပါ )

အထူးသတိပြုရန်မှာ

                               လူဦးရေကန့် သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးထားကြပါရန်။



လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)             အခမဲ့  ဘလော့မှာ ကြော်ငြာပေးခြင်းဖြစ်ပါသည်။

ဆက်ဖတ်ချင်သေးရင်...

Saturday, December 31, 2011

တကယ်ကိုစိတ်မပူကြပါနဲ့ ဗျို့ 


အားလုံးကျန်းမာကြပါစေမင်္ဂလာပါခင်ဗျာ
တစ်သုံးလုံးဘုရားဖူးကားမှာနေရာမရမှာ တကယ့်ကိုစိတ် မပူကြပါနဲ့ ခင်ဗျာ-
အရင်က ကား ၈ ( ရှစ်စီး ) စီစဉ်ထားပေမဲ့ ယခုအခါမှာတော့ အလှူရှင် ကိုအေးကိုကို+မယဉ်ယဉ်မြင့် တို့ မှ
ကားတစ်စီးသီးသန့် အလှူရှင်နှင့် မနှစ်ကတစ်သုံးလုံးဘုရားဖူးကိုလိုက်ပါခဲ့ ဘူးခဲ့ တဲ့  ကိုတင်ထူး+မစန်းစန်းမိသားစုတို့ မှ ကားတစ်စီးသီသန့် ထပ်မံအလှူရှင်ပေါ်လာပါသဖြင့်
ကား ၁၀ ( ဆယ်စီး ) ဖြစ်သွားပါသည်။
ဒါကြောင့် စိတ်မပူကြပါနဲ့ ခင်ဗျာ၊၊



တစ်သုံးလုံး(အခမဲ့ ) ဘုရားဖူးအစီအစဉ်နောက်ဆုံးသတင်းကိုအကြောင်းကြားလိုပါသည်။
ခရီးစဉ်အသစ်တစ်ခုတိုးတာကြောင့်သားသတ်လွတ်ဘုန်းကြီးကျောင်းကိုမသွားဖြစ်တော့ပါ။
အစာပြေစားရန်အတွက် ပဲကောက်ညှင်းပေါင်းထုပ်များ ( ရနံ့ သစ်စားတော်ဆက် ) မှာယူပြီးဖြစ်ပါသည်။
ကောက်ညှင်းထုပ် အလှူရှင်များကတော့
                                ကိုအေးကိုကို+မယဉ်ယဉ်မြင့်
                               ကိုကျော်မိုးဦး+မစန်းဝင်းကြည်
                               ကိုတင်ထူး+မစန်းစန်း
                               ဂျစ်တူး(မုံရွာ)
                                                          တို့ ဖြစ်ကြပါသည်။

ဘုရားဖူးလိုက်ဖြစ်ဖို့ သာလိုပါသည်။ ဗိုက်ဆာမှာစိတ်မပူကြပါနဲ့ -

ဓါတ်ပုံရိုက်ပြီးသားများကိုလည်းဓါတ်ပုံအဖြစ်ကူးပြီးဘုန်းကြီးကျောင်းကိုလည်းသွားမထားဖြစ်တော့ပါ။
ဒါပေမဲ့ ဓါတ်ပုံ( အုပ်စု ) အလိုက်ဓါတ်ပုံများကိုတော့ရိုက်ကူးပေးမည်ဖြစ်ပါသည်။
ရိုက်သမျှဓါတ်ပုံများကိုတော့ ဒီဘလော့ကလေးမှာဘဲလာယူပြီးကူးယူကြပါလို့ မေတ္တာရပ်ခံပါရစေ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)


ဆက်ဖတ်ချင်သေးရင်...

Thursday, December 29, 2011

စိတ်မပူကြနဲ့  ( တစ်သုံးလုံး-အခမဲ့  )




အားလုံးကျန်းမာကြပါစေမင်္ဂလာပါခင်ဗျာ
တစ်သုံးလုံးဘုရားဖူးကားမှာနေရာမရမှာ စိတ် မပူကြပါနဲ့ ခင်ဗျာ-
အရင်က ကား ၈ ( ရှစ်စီး ) စီစဉ်ထားပေမဲ့ ယခုအခါမှာတော့ အလှူရှင် ကိုအေးကိုကို+မယဉ်ယဉ်မြင့် တို့ မှ
ကားတစ်စီးသီးသန့် အလှူရှင်ပေါ်လာပါသဖြင့် ကား ၉ ( ကိုးစီး ) ဖြစ်သွားပါသည်။
ဒါကြောင့် စိတ်မပူကြပါနဲ့ ခင်ဗျာ၊၊



တစ်သုံးလုံး(အခမဲ့ ) ဘုရားဖူးအစီအစဉ်နောက်ဆုံးသတင်းကိုအကြောင်းကြားလိုပါသည်။
ခရီးစဉ်အသစ်တစ်ခုတိုးတာကြောင့်သားသတ်လွတ်ဘုန်းကြီးကျောင်းကိုမသွားဖြစ်တော့ပါ။
အစာပြေစားရန်အတွက် ပဲကောက်ညှင်းပေါင်းထုပ်များ ( ရနံ့ သစ်စားတော်ဆက် ) မှာယူပြီးဖြစ်ပါသည်။
ကောက်ညှင်းထုပ် အလှူရှင်များကတော့
                                ကိုအေးကိုကို+မယဉ်ယဉ်မြင့်
                               ကိုကျော်မိုးဦး+မစန်းဝင်းကြည်
                               ဂျစ်တူး(မုံရွာ)
                                                          တို့ ဖြစ်ကြပါသည်။

ဘုရားဖူးလိုက်ဖြစ်ဖို့ သာလိုပါသည်။ ဗိုက်ဆာမှာစိတ်မပူကြပါနဲ့ -

ဓါတ်ပုံရိုက်ပြီးသားများကိုလည်းဓါတ်ပုံအဖြစ်ကူးပြီးဘုန်းကြီးကျောင်းကိုလည်းသွားမထားဖြစ်တော့ပါ။
ဒါပေမဲ့ ဓါတ်ပုံ( အုပ်စု ) အလိုက်ဓါတ်ပုံများကိုတော့ရိုက်ကူးပေးမည်ဖြစ်ပါသည်။
ရိုက်သမျှဓါတ်ပုံများကိုတော့ ဒီဘလော့ကလေးမှာဘဲလာယူပြီးကူးယူကြပါလို့ မေတ္တာရပ်ခံပါရစေ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)


ဆက်ဖတ်ချင်သေးရင်...

Wednesday, December 28, 2011

တစ်သုံးလုံး( အခမဲ့ )



တစ်သုံးလုံးနော် မေ့မနေကြနဲ့ အုံးဗျ--
ကားကတော့ ၈ ( ရှစ်စီး ) စီစဉ်ထားကြောင်းအကြောင်းကြားအပ်ပါသည်။
ထိုင်ခုံကတော့ ဦးရာလူပါခင်ဗျာ-
ကားတစ်စီးကိုလူ ၄၅( လေးဆယ်ငါး ) ယောက်ထိုင်လိုက်လို့ ရပါတယ်။
စာရင်းပေးစရာမလိုပါ။ ငွေတပြားတစ်ချပ်မှပေးစရာမလိုပါ။





ဘုရားဖူးလိုက်ပါသူများအထူးသတိပြုရန်---
မပြေးအလွှားဘဲစည်းကမ်းရှိရှိသွားလာကြပါရန်---
လမ်းဖြတ်ကူးလျှင်သတိထားပြီးကားအသွားအလာများရှင်းပါမှကူးဖြတ်ကြပါရန်-----
မိမိတွင်ပါလာသောအမှိုက်များကိုအမှိုက်ပုံးမှာသာစွန့် ပြစ်ရန်----( ဥပမာ -တစ်ရှူး--ရေပုလင်းအခွံ )
ဘုန်းကြီးကျောင်းများအတွင်းဘုရားရှိခိုးနေတဲ့ ဘုန်းကြီးများကိုတွေ့ ရှိပါကအတွင်းသို့ ဝင်ရောက်ဘုရားမဖူးရန်
သားသတ်လွတ်ဘုန်းကြီးကျောင်းကိုရောက်ပါကဖိနပ်များမချွတ်ဘဲဘုန်းကြီးကျောင်းဝင်းအတွင်းသို့ 
ဝင်ရောက်ဖူးမျှော်ရန်( လူတိုင်းကိုဖိနပ်စီးခွင့်ပေးထားပါသည်။ )
မိမိစီးနင်းလိုက်ပါသောကားမှအမှတ်အသားကိုမှတ်သားရန်-( ဥပမာ- A , B , C -----စသည်ဖြင့် )
မိမိခရီးစဉ်ကိုဆက်မလိုက်ပါတော့ပါကမိမိကားတွင်ဦးဆောင်သူကိုဖြစ်ဖြစ်မိမိအနားထိုင်ခုံမှလူကိုဖြစ်ဖြစ်
အကြောင်းကြားဖြစ်အောင်အကြောင်းကြားခဲ့ပါရန်-( လူစုံမှကားများထွက်ခွါမည်ဖြစ်သောကြောင့် )


အသေးစိတ်ကိုမေးမြန်းလိုပါက ဖုန်းနံပါတ်
                                                                ၉၁၄၆၆၈၆၅ ( ကျော်မိုးဦး)
                                                                ၉၇၇၅၄၃၈၉( ကိုအောင်စိုး )
                                                               ၉၁၀၅၅၅၆၆ ( ကိုတင်မောင်သိန်း )
                                                               ၉၃၂၅၈၇၈၀( သုမင်းလှိုင် )
                                                               ၉၁၀၇၅၉၆၈ ( ဂျစ်တူး )       -----တို့ ကိုမေးမြန်းနိုင်ပါကြောင်း----
လေးစားစွာဖြင့်အလှူရှင်များကိုယ်စား
ဂျစ်တူး(မုံရွာ)

မုံရွာသူမုံရွာသားတို့ ထုံးစံအတိုင်း
                                                   ကဲ ------------------------
                                                   ကဲလိုက်ကြစို့ သူငယ်ချင်း


ဆက်ဖတ်ချင်သေးရင်...

Friday, December 23, 2011

( ၁-၁-၂၀၁၂ )

ပရိတ်တရားတော်နာနှင့် ဆွမ်းကြီးလောင်းလှူပွဲ ဖိတ်ကြားလွှာ





ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့
        ၂၀၁၂-ခုနှစ်၊ ဇန္န၀ါရီလ(၁)ရက်၊ တနင်္ဂနွေနေ့ နှစ်ဆန်းတစ်ရက်နေ့တွင် စင်္ကာပူနိုင်ငံ  မြန်မာဗုဒ္ဓဘာသာကျောင်တော်ကြီးရှိ ဆရာတော်၊ သံဃာတော်များမှ ဒကာ ဒကာမများ အန္တရာယ်ကင်းခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာခြင်းစသော ကောင်းကျိုးအ၀၀ ရရှိကြစေဖို့အတွက် အန္တရာယ်ကင်း ပရိတ်များ ရွတ်ဖတ်ချီးမြှင့်ကြမည်ဖြစ်ပါသည်။
သို့ပါ၍ ပရိတ်တရားတော်နာနှင့် သံဃာတော်များအား ဆွမ်းကြီးလောင်းလှူပွဲသို့ လာရောက်နိုင်ကြပါရန် မေတ္တာဖြင့် ဖိတ်ကြားအပ်ပါသည်။

၂၀၁၀၂-ခု နှစ်သစ်ကြိုဆို ပရိတ်ရွတ်ပွဲနှင့် ဆွမ်းကြီးလောင်းလှူပွဲ အခမ်းအနား အစီအစဉ်

၁။ အခမ်းအနားကို ဗုဒ္ဓဂုဏံ အနန္တံ စသည်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ရန်။
၂။ ငါးပါးသီလ ခံယူဆောက်တည်ကြရန်။
၃။ သံဃားတော်များ အထံမှ ပရိတ်တရားတော်များ နာယူကြရန်။
၎။ New Year wish speech = နှစ်သစ်ဆုတောင်းစကား နာယူကြရန်
၅။ လှူဖွယ်ပစ္စည်းများ လောင်းလှူကြရန်
၅။ ရေစက်ချ အမျှဝေကြရန်
၆။ ပရိတ်ရေစင်များ ခံယူကြရန်
၇။ အခမ်းအနားကို ဣမာယ ဓမ္မာနုဓမ္မပဋိပတ္တိယာ- စသည်ရွတ်ဆို၍     ရုပ်သိမ်းကြရန်။


ဆွမ်းလောင်းလှူပြီးတော့ ခဏနား နံနက်စာထမင်းစား( တစ်ရက်နေ့ အလှူရှင်များနှစ်တိုင်း )ပြီးလျှင်
တစ်သုံးလုံးဘုရားဖူးကားတွေနဲ့ ဘုရားအတူတူဖူးကြတာပေါ့ဗျာ-
                        မုံရွာသူမုံရွာသားတို့ ထုံးစံအတိုင်း
            ကဲ----
               ကဲ လိုက်ကြစို့ သူငယ်ချင်း---
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

ဆက်ဖတ်ချင်သေးရင်...

Tuesday, December 20, 2011

တစ်သုံးလုံးဘုရားဖူး(အခမဲ့ )



                             တစ်သုံးလုံးကုသိုလ်ဖြစ်ဘုရားဖူးအဖွဲ့ ဒီနှစ်လည်းစင်္ကာပူနိုင်ငံအတွင်းသွားရောက်ဖူးမျှော်ဖို့ 
အချိန်ရောက်ရှိလို့ လာပြန်ပါပြီ။ တစ်သုံးလုံးဘုရားဖူးအဖွဲ့ ဖြစ်ပေါ်လာပုံကလေးကိုအနည်းငယ်ရှင်းပြလိုပါတယ်။
တစ်သုံးလုံးလို့ အမည်ပေးရတဲ့အကြောင်းကတော့နှစ်စဉ် တစ်လပိုင်း၊ တစ်ရက်နေ့  နေ့ လည်တစ်နာရီမှာ ဘုရားဖူးခရီးစဉ် စတင်ခဲ့ကြတဲ့အတွက် အခုလို အမည်ပေးခဲ့တာပါ။

                                   ကျနော်ကိုယ်တိုင်ရေးဆွဲထားတဲ့ တစ်သုံးလုံးအမှတ်တံဆိပ်ကလေးပါ။




“စင်ကာပူနိုင်ငံတိုပါးရိုးကျောင်း ၁၀ နှစ်ပြည့် ကျင်းပစဉ်က( ၂၀၀၁ ) ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက သံဃာတော်များကြွလာတဲ့အခါ တချို့ သံဃာတွေက စင်္ကာပူနိုင်ငံမှာ ဒါယိကာ ဒါယိကာမ မရှိဘူး။
တချို့ကျတော့လည်း ရှိတယ်။ ဒါပေမဲ့ ဒါယိကာ ဒါယိကာမတွေက လိုက်မပို့ အားကြဘူး။ ဒါနဲ့ပဲ ဒီ
ဘုရားဖူး ခရီးစဉ် လိုက်ပို့ ဖြစ်သွားတာပါ။  နောက်နှစ်တွေကြတော့ လူတွေပါလိုက်ပါပြီးဘုန်းဘုန်းတို့ နှင့်အတူ ဘုရားဖူးလိုက်ကြတယ်လေ။ ဒါနဲ့ ဘဲ ဘုရားဖူးကားတွေ တစတစများလာတာပေါ့။ အစပထမဦးဆုံးလိုက်ပို့ တုံးကတော့ ကားတစ်စီးထဲပါဘဲ နောက်နှစ်တွေနောက်နှစ်တွေမှာတော့ နှစ်စီး--သုံးစီး---လေးစီး---ခြောက်စီး---တိုးတိုးလာပါတယ်။ လိုက်ပို့ ဖြစ်ခဲ့ တဲ့ အကြိမ်ပေါင်း ဒီနှစ်နဲ့ ဆိုခဲ့ ရင် ( ၈ ) ကြိမ်မြောက်ဖြစ်သွားပါပြီ။
ဒီနှစ်မှာတော့ ကားအစီးရေ ( ၈ ) ရှစ်စီး ဒါမှမဟုတ် ( ၁၀ ) ဆယ်စီးဖြစ်ပါမယ်။
လိုက်ပို့ တဲ့အခါ စင်ကာပူမှာ ရှိတဲ့ ဘုရားတွေ၊ ထေရ၀ါဒ မဟာယန ဘုန်းတော်ကြီးကျောင်း
တွေကိုလိုက်ပို့ပါတယ်။ အချိန်ပိုနေပါက စင်္ကာပူနိုင်ငံရှိခြင်္သေ့ရုပ်ထုတွေရှိတဲ့ နေရာတွေကိုလိုက်ပို့ ပါတယ်။
ဓါတ်ပုံတွေအမှတ်တရရိုက်ကြပေါ့ဗျာ--
နောက်တစ်ခုက ဘုရားဖူးခရီးစဉ်( အုပ်စု )ဓါတ်ပုံတွေကိုလည်းရိုက်ကူးပြီး ဘုန်းတော်ကြီးကျောင်းမှာနောက်နေ့ ( ၂ ) နှစ်ရက်  လောက်ဆိုသွားရောက်ပို့ ပေးထားပါတယ်။
           ( သွားယူဖို့ အမေ့ကြပါနဲ့ နော် )
ဓါတ်ပုံထဲမှာပါတဲ့  ဘုန်းကြီးအရေအတွက်နဲ့ လူအရေအတွက်အတိုင်းဓါတ်ပုံတွေကူးပေးထားပါတယ်ခင်ဗျာ-







အထက်ကပုံတွေကတော့မနှစ်ကဓါတ်ပုံဆရာအဖြစ်ဘုရားဖူးလိုက်ပါခဲ့ တဲ့  သုမင်းလှိုင်( သုသု ) ရဲ့ ဓါတ်ပုံ
ရိုက်ချက်တွေပါ။ ဒီနှစ်တော့သူကိုယ်တိုင်ဘုရားဒါယိကာအဖြစ်လိုက်ပါခဲ့ မှာပါ။


အခါအားလျောစွာ စင်္ကာပူနိုင်ငံရှိရေသန့် စက်ရုံတို့ စင်္ကာပူနိုင်ငံ
သုံးပိုက်ဆံစက်ရုံတို့ ကိုလည်းလိုက်ပို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ကျနော်တို့ အဲဒီမှာကျနော့်အမြင်ကိုပြောပြရရင်- ဥပမာ --------
ရေသန့် စက်ရုံကိုသွားရောက်လေ့လာတဲ့အခါမှာတော့ ကျနော်တို့ လူအင်အားများတဲ့အတွက်ကျနော်တို့ က
သွားရောက်မလေ့လာခင်တစ်လအလိုကတည်းက စက်ရုံကိုလျှောက်လွှာတင်ရပါတယ်။ လူအင်အားဘယ်
လောက်( ခန့်မှန်းခြေ ) လာရောက်လေ့လာပါမည် ခွင့်ပြုပါဆိုတဲ့အကြောင်းကိုအရင်ခွင့်တောင်းယူရပါတယ်။
သူတို့ စက်ရုံကလည်းနားရက်မယူပါဘဲနဲ့ ကျနော်တို့ ကိုစိတ်ရှည်လက်ရှည်ရှင်းပြပါတယ်။ အဲဒီမှာဘာသွား
တွေ့ သလဲဆိုတော့ ကျနော်တို့ တိုင်းပြည်က ရေချိုပေါတဲ့နေရာဒေသကလာကြတာကတစ်ကြောင်းအင်္ဂလိပ်
လိုရှင်းပြတာတစ်ကြောင်းကြောင့်လူတွေ(အများအားဖြင့်) သိပ့်စိတ်မဝင်စားကြပါဘူး။
 စင်္ကာပူကိုနေထိုင်သူတချို့ တလေလောက်သာစိတ်ဝင်တစားနားထောင်ကြပါတယ်။  စက်ရုံကိုနောက်ခံထား
ပြီးဓါတ်ပုံရိုက်ယူချင်သလောက်သာစိတ်ဝင်စားကြပါတယ်။                                        ဒါကြောင့်နောက်နှစ်တွေများမှာ ရေသန့် စက်ရုံကိုသွားရောက်လေ့လာဖို့ ဖျက်လိုက်ရပါတယ်။
နောက်တစ်ခု
                 စင်္ကာပူနိုင်ငံသုံးပိုက်ဆံ ထုတ်တဲ့စက်ရုံကိုသွားရောက်လေ့လာဖို့ ကြတော့ အရင်စက်ရုံအဟောင်း
မှာတုန်းကတော့လူအင်အားများများသွားရောက်လေ့လာလို့ ရပေမဲ့ အခုစက်ရုံကအသစ်ကတော့လူအင်အား
များများတပြိုင်နက်ထဲဝင်ရောက်လည်ပတ်ဖို့ မဖြစ်နိုင်ပါဘူး။ တခါဝင်ကြည့်လျှင် ငါးဒေါ်လာပေးရပါတယ်။
လူအင်အားတရာ့ငါးဆယ်တပြိုင်နက်ထဲဝင်ကြည့်လို့ ရတယ်ဆိုပေမဲ့ တအားကျပ်သိပ့်နေမှာပါဘဲ အခန်းတွေ
ကျဉ်းလွန်းလို့ ပါ။  ဒါကြောင့်မနှစ်ကတုံးကဘုန်းဘုန်းများသာသီးသန့် ပိုက်ဆံထုတ်စက်ရုံကိုသွားရောက်ပို့ ခဲ့ပါတယ်။
ဒီနှစ်ကတော့ဆရာတော်များနှင့်တကွဘုရားဖူးသူများကိုစင်္ကာပူနိုင်ငံရှိဘုရားတွေနှင့်တကွ
စင်္ကာပူနိုင်ငံရဲ့ တိုင်းပြည်အမှတ်အသားခြင်္သေ့ များရှိရာနေရာတွေကိုလိုက်ပို့ ပေးမယ်လို့ စိတ်ကူးထားပါတယ်။
ဘုရားဖူးကားများ ( ၇  ) ခုနှစ်စီးဒါမှမဟုတ် ( ၈ ) ရှစ်စီးဖြစ်ပါမည်။

ဂျစ်တူးရာအဲဒီလောက်ကားတွေဌားပြီးနှစ်စဉ်လိုက်ပို့ နိုင်တာ “ မင်း သိပ့်ချမ်းသာနေလို့ လား ” မေးကြတဲ့သူ
များကိုကျနော်ဒီနေရာကနေအသိပေးပါရစေ----
ဂျစ်တူး-မချမ်းသာပါ။ ရရစာစားဝါးဝါးမျိုမျို အထဲကပါဗျာ-

                                                  ဒီလို“စု”ဗူးကလေးတွေနဲ့ “ စု ” ခဲ့ တယ်
                         တစ်ဒေါ်လာအကြွေတွေအိမ်ကိုပါလာတိုင်းဒီ “ စု ” ဗူးကလေးကိုထည့်တယ်
                             တစ်သုံးလုံးဘုရားဖူးအလှူရက်ရောက်တော့မှ “ စု ” ဗူးကိုဖေါက်တယ်
                    “ စု ” ဗူးထဲကအကြွေတွေမြင်တော့ “ ငါလှူရတော့မှာပါလားဆိုတဲ့ ပီတိ ” တွေဖြစ်မိတယ်
        ဒီလောက်ဒေါ်လာတွေနဲ့ ဆိုခဲ့ရင်တော့ဘုရားဖူးကားတစ်စီးကတော့ကောင်းကောင်းဌားလို့ ရတာပေါ့-

ဒါပေမဲ့ 
ဂျစ်တူးမှာအပေါင်းအသင်းပေါများပါတယ်။ သူငယ်ချင်းတို့ ရေ-----ငါတော့ဒါလုပ်ချင်တယ်လို့ သာပြောပြလိုက်ပါ။ ကျနော်ကိုဝိုင်းရံကြမည့်သူတွေအများကြီးပါ။

နှစ်စဉ်နှစ်စဉ်အလှူရှင်တွေတိုးတိုးလာလို့ ပျော်တဲ့အပျော်ဘယ်အပျော်နဲ့မှမလဲနိုင်ပါဘူး-
တဆယ်ကအစငါးဆယ်အလယ်တရာအဆုံး-အလှူငွေထည့်ဝင်သူများအားလုံးကိုကျနော်ကျေးဇူးအထူး
တင်နေပါတယ်ခင်ဗျာ-အလှူငွေမထည့်ပေမဲ့ လူအားဖြင့်ကူညီပေးကြသောညီအကိုမောင်နှမများကိုလည်းကျေးဇူးအထူးတင်ရှိပါ
ကြောင်းထပ်လောင်းပြောကြားပါရစေ။
ဗွီဒီယိုနဲ့ ဓါတ်ပုံရိုက်ပေးကြသူတွေရော ကျေးဇူးအထူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်ခင်ဗျား-ဒီနှစ်တော့ကျနော်မိခင်ကြီးဒေါ်တင်တင်အေးနဲ့ ကိုကျော်မိုးဦး+မစန်းဝင်းကည်တို့ မှအလှူငွေအများဆုံး
ထည့်လှူကြတယ်။ ဒါကြောင့်ဒီနှစ်မှာ ကားအစီးရေများပါသည်။ အတူတူဘုရားဖူးဖို့ အလှူရှင်များ-
ကိုယ်စားလေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်ခင်ဗျားးးးးးးးးးးးးးးးးးးး
ပီတိဖြစ်စရာအလှူရှင်များပိုစတာကလေးကိုဖတ်ကြည့်ရင်းသာဓုခေါ်ဆိုကြပါခင်ဗျာ--------




ဘုရားဖူးလိုက်ပါသူများအထူးသတိပြုရန်---
မပြေးအလွှားဘဲစည်းကမ်းရှိရှိသွားလာကြပါရန်---
လမ်းဖြတ်ကူးလျှင်သတိထားပြီးကားအသွားအလာများရှင်းပါမှကူးဖြတ်ကြပါရန်-----
မိမိတွင်ပါလာသောအမှိုက်များကိုအမှိုက်ပုံးမှာသာစွန့် ပြစ်ရန်----( ဥပမာ -တစ်ရှူး--ရေပုလင်းအခွံ )
ဘုန်းကြီးကျောင်းများအတွင်းဘုရားရှိခိုးနေတဲ့ ဘုန်းကြီးများကိုတွေ့ ရှိပါကအတွင်းသို့ ဝင်ရောက်ဘုရားမဖူးရန်
သားသတ်လွတ်ဘုန်းကြီးကျောင်းကိုရောက်ပါကဖိနပ်များမချွတ်ဘဲဘုန်းကြီးကျောင်းဝင်းအတွင်းသို့ 
ဝင်ရောက်ဖူးမျှော်ရန်( လူတိုင်းကိုဖိနပ်စီးခွင့်ပေးထားပါသည်။ )
မိမိစီးနင်းလိုက်ပါသောကားမှအမှတ်အသားကိုမှတ်သားရန်-( ဥပမာ- A , B , C -----စသည်ဖြင့် )
မိမိခရီးစဉ်ကိုဆက်မလိုက်ပါတော့ပါကမိမိကားတွင်ဦးဆောင်သူကိုဖြစ်ဖြစ်မိမိအနားထိုင်ခုံမှလူကိုဖြစ်ဖြစ်
အကြောင်းကြားဖြစ်အောင်အကြောင်းကြားခဲ့ပါရန်-( လူစုံမှကားများထွက်ခွါမည်ဖြစ်သောကြောင့် )


အသေးစိတ်ကိုမေးမြန်းလိုပါက ဖုန်းနံပါတ်
                                                                ၉၁၄၆၆၈၆၅ ( ကျော်မိုးဦး)
                                                                ၉၇၇၅၄၃၈၉( ကိုအောင်စိုး )
                                                               ၉၁၀၅၅၅၆၆ ( ကိုတင်မောင်သိန်း )
                                                               ၉၃၂၅၈၇၈၀( သုမင်းလှိုင် )
                                                               ၉၁၀၇၅၉၆၈ ( ဂျစ်တူး )       -----တို့ ကိုမေးမြန်းနိုင်ပါကြောင်း----
လေးစားစွာဖြင့်အလှူရှင်များကိုယ်စား
ဂျစ်တူး(မုံရွာ)

မုံရွာသူမုံရွာသားတို့ ထုံးစံအတိုင်း
                                                   ကဲ ------------------------
                                                   ကဲလိုက်ကြစို့ သူငယ်ချင်း










ဆက်ဖတ်ချင်သေးရင်...

Saturday, December 3, 2011

( တိုပါးရိုးကျောင်း ) ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ တရားပွဲ

                                             ဆရာတော် ဋ္ဌကီး အရှင်ဇနကာဘိဝံသ





Saturday, December 3, 2011

၃-၁၂-၂၀၁၁
စနေနေ့ 
ညနေ ၆း၃၀ မှ ၈း၀၀နာရီ ထိ

ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ
တရားပွဲ
မဟာသာသနာ့ရံသီ မြန်မာဗုဒ္ဓဘာသာ ကျောင်းတော်ကြီး
( တိုပါးရိုးကျောင်း )

14, Tai Gin Road, (Off Ah Hood Road),

Singapore 327873

Tel: 6251 1717

                                                                   ဆရာတော်ကြီး ကျန်းမာပါစေ-------

ချမ်းမြေ့ရိပ်သာ ဆရာတော်ကြီး အရှင်ဇနကာဘိဝံသ စင်္ကာပူနိုင်ငံတွင် အောက်ပါ အစီအစဉ်ဖြင့် သီတင်းသုံးနေထိုင်ပါမည့်အကြောင်း ဓမ္မမိတ်ဆွေအပေါင်းတို့အား
အသိပေးအပ်ပါသည်။
၀၂ ဒီဇင်ဘာ ၂၀၁၁ မှ ၁၄ ဒီဇင်ဘာ ၂၀၁၁

103 Verde View, Choa Chu Kang Estate,

Singapore 668712

(Bus 307 from  Choa Chu Kang MRT/Yew Tee MRT)

မှတ်မိပါသေးတယ်----
ဆရာတော်ကြီးကို ဂျစ်တူး(မုံရွာ) နဲ့  မင်းအောင်(မုံရွာ) တို့ ဓါတ်ပုံအတူတူအရိုက်သွားကြတုံးက-
ဆရာတော်ကြီးက  ဂျစ်တူးမဟုတ်ပါဘူးကွာ----ချစ်တူး ပါလို့ ပြောပြီး
ဂျစ်တူးကို ချစ်တူး---လို့ အမည်ပြောင်းပေးခဲ သလို -
ဓါတ်ပုံဆရာ မင်းအောင် ကိုလည်း “မင်း”ကအောင်ရမှာလား “ သူ ” ကအောင်ရမှာလားလို့ မေးတယ်။
ဒါနဲ့ မင်းအောင်က ရီပြုံးပြီး “ တပည့်တော်က  အောင် ရမှာပါ ဘုရား ” လို့ လျောက်တင်ခဲ့တယ်။
ဆရာတော်ကြီးကထပ်ပြီး “မင်းအောင်မဟုတ်ဘူး  ငါအောင် ပါကွာ လို့ ပြုံးပြုံးကြီးပြောပြန်သေးတယ်။
ဆရာတော်ကြီးက ချစ်တူး နဲ့  ငါအောင် ကို တွေ့ လိုက်တိုင်းမှတ်မှတ်ရရနဲ့ အဲဒီအမည်တွေဘဲခေါ်ခဲ့တယ်။
ဓါတ်ပုံဆရာနှစ်ယောက်စလုံးဘုန်းဘုန်းပေးခဲ့ တဲ့ အမည်တွေကိုလည်းကျေနပ်နေခဲ့ ကြပါတယ်ခင်ဗျာ--

ဓါတ်ပုံဆရာ မင်းအောင်(မုံရွာ) ခေါ်  ငါအောင်  ကတော့ဒီနှစ် ဆရာတော်ကြီးရှေ့ မှောက်မှာ--
ဒုလ္လဘရဟန်း ဘဝ ကိုခံယူပြီး တရားစခန်းဝင်မည်ဖြစ်ပါသည်။
နတ်လူသာဓု ခေါ်စေသော်--------


မုံရွာသူမုံရွာသားတို့ ထုံးစံအတိုင်း----
ကဲ-----
ကဲ လိုက်ကြစို့ သူငယ်ချင်း----








ဆက်ဖတ်ချင်သေးရင်...