Tuesday, June 30, 2009

တချိန်တခါက



ချစ်ခဲ့ဘူးပါတယ်
တချိန်တခါကပေါ့ -

စာသင်ခန်းမှာ
ဆရာသင်တဲ့ စာတွေ
ဘာတွေမှမသိခဲ့
သူ့ ဆီသာစိတ်ရောက်ခဲ့။

ဘုန်းကြီးကျောင်းမှာ
နာခဲ့တဲ့တရား
ဘာမှမသိနားမလည်ခဲ့
သူ ဆီသာစိတ်ရောက်ခဲ့။

အိမ်မှာနေလည်း
မေမေပြောသမျှစကား
ဘာမှနားမဝင်ခဲ့
သူ့ ဆီမှာသာစိတ်ရောက်ခဲ့။

ဖေဖေနဲ့ 
ဦးသန်း-ရဲ့ ဆိုင်ကိုသွား
ဘာမှမစားချင်ခဲ့
သူ့ ဆီသာစိတ်ရောက်ခဲ့။

သူငယ်ချင်းတွေနဲ့
စကားတွေဖေါင်ဖွဲ့
ပြောဆိုခဲ့လည်း
သူ့ ဆီသာစိတ်ကရောက်ဆဲ။

မုံရွာမြို့ ကနာရီစင်
ဒေါင်ဒင်ဒေါင်ဒင်မြည်လည်း
သူ့ ဆီသာစိတ်ကရောက်ဆဲ။

တခါတခါ
အသက်ရှူတာတောင်
မေ့ နေတတ်တာ
အဲဒါ---အဲဒါတွေ---
နင်သိပါလေစ --ချစ်သူရယ်-----
နင်သိပါလေစ------------။

ဂျစ်တူး(မုံရွာ)

ငါလေ နင့်ကိုအရမ်းချစ်ခဲ့တာပါဟာ-နင်ကတော့မသိဘူးနော်-ငါကတော့နာရီစင်သံနဲ အရမ်းဝေးဝေးကိုရောက်နေတော့-
နာရီစင်သံကိုမကြားရတော့ဘူးပေါ့-နင်နဲ့ ဝေးနေပေမဲ့နင်ကိုအရမ်းသတိရနေတတ်တာပါ-
အမြဲတမ်းသတိရနေတယ်လို့ ငါမပြောပါဘူး-
ဒါပေမဲ့---သတိရတဲ့အချိန်တိုင်းရင်ထဲမှာနင့်နေအောင် ငါ ခံစားနေရတာနင်မသိပါဘူး-
( ဦးသန်း = မြို့ မရုပ်ရှင်ရုံရှေ့ က ဆန်ပြုတ်ဆိုင်)

Monday, June 29, 2009

ချစ်သူပန်းခြင်း



နင် - တယောက်တည်း
ချစ်ခဲ့မိတာ---
ငါ့အမှားလား
အချစ်ဦးမို့ ---
ရူးမတတ်အောင်
အချစ်ကြီးခဲ့တာလည်း
ငါအမှားလား--

ချစ်သူရယ်
ပန်းတခြင်းမှာ
လွမ်းခြင်းတွေ
ဝေဆာဆာနဲ့ 
သက်သေမပြနိုင်ပေမဲ့

နင် - တယောက်တည်း
ငါချစ်ခဲ့သေးတာ
နင်သိပါတယ်-
ဒါနဲ့ များ
ငါ့ကိုဘာကြောင့်
မေ့ ချင်ယောင်ဆောင်နေတာလဲ--

နင် - ငါ့ကိုမခေါ်ဘဲနေနိုင်တယ်နော်
ငါကတော့အသဲထဲက
ဝှက်လို့ ကြိုနေပါတယ်-
နင်ဘယ်နေ့ 
လာခေါ်မလဲလို့ လေ--


ဂျစ်တူး(မုံရွာ)

Tuesday, June 23, 2009

အခြွေချခံပန်းခရေ



အပင်ကြီးက
အခြွေချခံ---
ပန်းတွေ ------
ကြွေနေဆဲပါချစ်သူ -

အရိုင်းလမ်းမှာ----
ကြွေတဲ့ ပန်းလေ-

နေခွင့်မရ
ခြွေခံရလည်း -
နေခွင့်ရသမျှတော့ -
အနီးဆုံးမှာနေခွင့်ကလေးပေးပါ -

ဒါပေမဲ့လေ ---
ပင်ခြေအနားမှာနေ -
ဝေးဝေးမှာမကြွေခဲ့ ပါဘူး -

ပင်စည်ကြီးအထီးကျန်-
လွမ်းပြီးကျန်ရစ်မှာစိုးလို့  -

ခြောက်သွေ့ အရောင် -
ညို့ ညို့ မှောင်လည်း -
ပင်စည်ကြီးအတွက် -
မွှေးရနံ့ ပက်ချယ် -
မပျက်ပြယ်သော
ဘဝအမောတွေ -
ပြေပျောက်စေဖို့  -
မြေဆီလွှာကလေးအဖြစ်-
ခွန်အားအသစ်ကိုပေးး -
နားခိုခွင့် ကလေးတော့ပေးပါ -
မခွဲနိုင်မခွါရက်လို့ ---- ။ ။

ဂျစ်တူး(မုံရွာ)

Sunday, June 14, 2009

အချစ်လားဟေ့ 


ပို့စကဒ်ကိုရယူလိုပါကသင်လိုချင်သောအရောင်နဲ့ သင့်မေးကိုစီဘောက်စ်ထဲမှာထားခဲ့ပါ ပို့ ပေးပါမည်-

အချစ်လားဟေ့ 
တံခါးမခေါက်
ခြေထောက်ဖွနင်း
အားမာန်အပြင်းပြင်းနဲ့ 
ချင်းနင်းဝင်ရောက်လာပြီ- - -။

သတိတော့ထား ဟေ့  ၊
အမုန်းခွန်အား
အလိမ် အလှည့် များနဲ့ 
မာယာတွေကြားက
အဖေါ်တွေများနဲ့ ပါလားဟေ----- ၊

မင်းပေးခဲ့ဒါဏ်ရာ
ငါ့ နှလုံးသားမှာ
ခြေရာတွေအထပ်ထပ်---။

အစိမ်းလပ်လပ်
တဖျပ်ဖျပ်ပင်
အသက်ရှင်ဆဲ
ဒါပေမဲ့လည်း
လှနေမြဲ ပါ---။

သွေးရဲရဲထဲက
အားမာန်ကြွလျှက်
ထ၍အော်မယ်
မင်းကို ချစ်တယ် -
မင်းကို ချစ်တယ် -
မင်းကို သိပ်ချစ်တယ် ---။

ငါပြောနေတယ်
ကြားရဲ့ လားဟေ့
ကြားရဲ့ လား ။ ။

ဂျစ်တူး(မုံရွာ)

Wednesday, June 10, 2009

နားခိုခွင့်ကလေးပေးပါနော်




ဘဝအမောတွေနဲ့
အရမ်းကိုပင်ပန်းနေခဲ့လို့ 
မင်းရင်ခွင်ကလေးမှာ
သန့် ရှင်းခြင်းများစွာနဲ့ 
ဒီတညတာတော့
နားခိုခွင့်ပေးပါနော်---

ငါလေ---
အရမ်းပင်ပန်းနေလို့ ပါ-


ဂျစ်တူး(မုံရွာ)

Thursday, June 4, 2009

ငယ်ကျွမ်းဆွေသို့


ဆုတောင်းပြည့် ရှင်တော်မြတ် ဘုရားကြီးရေ
တပည့်တော်ရင်ထဲမှာ
နာကျင်နေတယ်---။

မိုးညှင်း သံဗုဒ္ဓေဘုရားပွဲ-
ပေါင်းမိုးလှည်းကလေးတွေ-
အိုးပုတ် ၊ ဂျိုးရုပ် ၊ ပလုပ်တုတ်တွေ
သနပ်ခါးတုံးကလေးတွေဖွေးဖွေး
မမြင်ရတာလည်းကြာလှပေါ့---လေ။

ခရေပန်းတွေပွင့်တဲ့လ
လုလုပြီးကောက်ခဲ့ရတဲ့
ဇောတိကကျောင်းတော်ကြီးလည်း
ကျောင်းသူ-ကျောင်းသားအသစ်တွေနဲ့
မြို့ ဂုဏ်ဆောင်ဖြစ်နေဆဲပေါ့---။

ကျောက်ကာတောင်ရွာက
ဘုရားပွဲကလေး
ယွန်းထည်ကလေးတွေနဲ့
စီးနေတဲ့ ရေတံခွန်ကြီးလည်း-
ဘယ်လိုနေသလဲမသိတော့---။

လယ်တီ ကျောက်စာတိုင်တွေရေ--
အတူတူလာဖတ်နေကြ
ငယ်သူငယ်ချင်းတွေလည်းမရှိတော့---။

ချစ်တွင်းမြစ်ကြီးရေ-----
မင့်ရဲ့ ရေအလျှင်မှာ
ငါ့ ရင်တွေမွန်းကြပ်နေတယ်---။

ကျောက်ဆောင်ဆိပ် ကမ္ဘာကြီးရေ---
ငါ့ ကိုမေ့နေလောက်ပြီပေါ့---။

ကုသိုလ်ယူ----
ရေချမ်းစင်တဲကလေးထဲ-
သောက်ရေအိုးပေါ်က
ခွက်အုန်းမှုတ်လည်း
လုသောက်တဲ့ သူမရှိလောက်တော့ဘူးပေါ့ ---။

ကျောင်းဝင်းအတွင်းက
စိန်ပန်းပင်ကြီးလည်း
အပွင့်တွေလည်းမဝေ
မကြွေတော့ဘူးထင်တယ်လေ---။

ထုံးသုတ်ထားတဲ့ 
ငါသွားနေကျ
တံတားကလေးလည်း
ထိုင်သူမရှိတော့ဘူးပေါ့---။

တမာရနံ့ တွေသင်းနေတဲ့
တမာတန်းမှာလည်း----
စက်ဘီးကလေးတွေ
အတူတူစီးခဲ့ ကြတဲ့ဘဝတွေ---။

ဘဝတွေ-------ဘဝတွေ----
ဟိုး----အဝေး---
အဝေး---ဆုံးဆီသို့ ---
ငါလွမ်းလိုက်တာဟာ----။

ဂျစ်တူး(မုံရွာ)

အဝေးရောက်ချစ်သူသို့ 



Tuesday, June 2, 2009

အစားထိုးလို့ ရသလား


အတိတ်ဆိုတာ အရိပ်လိုဘဲတဲ့
အချိန်ကာလကြာရင်----
အစားထိုးပြီး-
ကုစားလို့ ရတယ်ဆိုတဲ့
ယူဆချက်ကိုတော့
ကျနော်တို့ ခင်ဗျားတို့ 
ညင်းချက်ထုတ်ကြရမယ်-
---------------
ပန်းပွင့်ကလေးတို့ ရေ---
အသံလှိုင်းကလေးတို့ ရေ---
သူ့ ကိုတွေ့ရင် မေးကြည့်လိုက်ပါဗျာ-
အချစ် ဆိုတဲ့အရာ-
အစားထိုးလို့ ရကောင်းသလားလို့ ---၊၊

ဂျစ်တူး(မုံရွာ)

အချစ်ဆိုတဲ့အဓိပါယ်


အချစ်-
အချစ်----အချစ် - ဆိုပြီး
ကိုယ်လေ---
အိမ်ကြမ်းပြင် တခုလုံး ပြည့်သွားအောင်
အချစ်-ဆိုတဲ့ စကားလုံးတွေ
နေရာအနှံ ရေးထားလိုက်တယ်---
ရေးထားလိုက်တယ် ရေးလိုက်တယ်---ဟေ့။


မင်းက မချစ်တော့
သူငယ်ချင်းတွေက
ဆိုပါအုံး-သူငယ်ချင်း---
အချစ် - ဆိုတာ
ဘာလည်း---ဘာတဲ့လည်း
အဓိပါယ် ဖွင့်ပြပါအုံးတဲ့---။

အချစ်--ဆိုတာ---
အချစ်--အချစ်--ဆိုတာလေ
အော်----အချစ်ပေါ့--အချစ်--ရယ်----
အချစ်ပေါ့--


ဂျစ်တူး(မုံရွာ)