Sunday, June 14, 2009

အချစ်လားဟေ့ 


ပို့စကဒ်ကိုရယူလိုပါကသင်လိုချင်သောအရောင်နဲ့ သင့်မေးကိုစီဘောက်စ်ထဲမှာထားခဲ့ပါ ပို့ ပေးပါမည်-

အချစ်လားဟေ့ 
တံခါးမခေါက်
ခြေထောက်ဖွနင်း
အားမာန်အပြင်းပြင်းနဲ့ 
ချင်းနင်းဝင်ရောက်လာပြီ- - -။

သတိတော့ထား ဟေ့  ၊
အမုန်းခွန်အား
အလိမ် အလှည့် များနဲ့ 
မာယာတွေကြားက
အဖေါ်တွေများနဲ့ ပါလားဟေ----- ၊

မင်းပေးခဲ့ဒါဏ်ရာ
ငါ့ နှလုံးသားမှာ
ခြေရာတွေအထပ်ထပ်---။

အစိမ်းလပ်လပ်
တဖျပ်ဖျပ်ပင်
အသက်ရှင်ဆဲ
ဒါပေမဲ့လည်း
လှနေမြဲ ပါ---။

သွေးရဲရဲထဲက
အားမာန်ကြွလျှက်
ထ၍အော်မယ်
မင်းကို ချစ်တယ် -
မင်းကို ချစ်တယ် -
မင်းကို သိပ်ချစ်တယ် ---။

ငါပြောနေတယ်
ကြားရဲ့ လားဟေ့
ကြားရဲ့ လား ။ ။

ဂျစ်တူး(မုံရွာ)

No comments: