Tuesday, June 30, 2009

တချိန်တခါက



ချစ်ခဲ့ဘူးပါတယ်
တချိန်တခါကပေါ့ -

စာသင်ခန်းမှာ
ဆရာသင်တဲ့ စာတွေ
ဘာတွေမှမသိခဲ့
သူ့ ဆီသာစိတ်ရောက်ခဲ့။

ဘုန်းကြီးကျောင်းမှာ
နာခဲ့တဲ့တရား
ဘာမှမသိနားမလည်ခဲ့
သူ ဆီသာစိတ်ရောက်ခဲ့။

အိမ်မှာနေလည်း
မေမေပြောသမျှစကား
ဘာမှနားမဝင်ခဲ့
သူ့ ဆီမှာသာစိတ်ရောက်ခဲ့။

ဖေဖေနဲ့ 
ဦးသန်း-ရဲ့ ဆိုင်ကိုသွား
ဘာမှမစားချင်ခဲ့
သူ့ ဆီသာစိတ်ရောက်ခဲ့။

သူငယ်ချင်းတွေနဲ့
စကားတွေဖေါင်ဖွဲ့
ပြောဆိုခဲ့လည်း
သူ့ ဆီသာစိတ်ကရောက်ဆဲ။

မုံရွာမြို့ ကနာရီစင်
ဒေါင်ဒင်ဒေါင်ဒင်မြည်လည်း
သူ့ ဆီသာစိတ်ကရောက်ဆဲ။

တခါတခါ
အသက်ရှူတာတောင်
မေ့ နေတတ်တာ
အဲဒါ---အဲဒါတွေ---
နင်သိပါလေစ --ချစ်သူရယ်-----
နင်သိပါလေစ------------။

ဂျစ်တူး(မုံရွာ)

ငါလေ နင့်ကိုအရမ်းချစ်ခဲ့တာပါဟာ-နင်ကတော့မသိဘူးနော်-ငါကတော့နာရီစင်သံနဲ အရမ်းဝေးဝေးကိုရောက်နေတော့-
နာရီစင်သံကိုမကြားရတော့ဘူးပေါ့-နင်နဲ့ ဝေးနေပေမဲ့နင်ကိုအရမ်းသတိရနေတတ်တာပါ-
အမြဲတမ်းသတိရနေတယ်လို့ ငါမပြောပါဘူး-
ဒါပေမဲ့---သတိရတဲ့အချိန်တိုင်းရင်ထဲမှာနင့်နေအောင် ငါ ခံစားနေရတာနင်မသိပါဘူး-
( ဦးသန်း = မြို့ မရုပ်ရှင်ရုံရှေ့ က ဆန်ပြုတ်ဆိုင်)

No comments: