Thursday, July 2, 2009

ရွှေဗဟိုစည်သံ



ဒီနေ့ တော ----့ရွှေဗဟိုစည်သံမကြားရတဲ့အဝေး-----မှာ-တာဝန်လွယ်ကစစ်ကြောင်းထွက်နေရ---ပြည်တော်မပြန်နိုင်တဲ့မင်းခယောက်ျား----ကိုယ်ရယ်ပါ-ကိုယ်ရယ်ပါ-လို့စပ်ဆိုထားတဲ့စိုင်းထီးဆိုင်သီချင်းကလေးကိုနားထောင်ဖြစ်ခဲ့တယ်---ဒီသီချင်းကလေးကိုနင်ကိုယ်တိုင်ဂစ်တာကလေးတီးပြီးဆိုပြခဲ့ဘူးတယ်နော်---
လွမ်းလိုက်တာဟာ--နင့်စီကိုငါဖုန်းဆက်ဖို့ အကြိမ်ကြိမ်ကျိုးစားကြည့်တယ် ဒါပေမဲ့--
နင့်ရဲ့ လက်တွဲဖေါ်နဲ့ နင့်မိသားစုကလေး ငါကြောင့်စိတ်အနှောက်အရှက်ဖြစ်မှာကိုငါမလိုလားဘူး----အဲဒါကြောင့်ဖုန်းဆက်ဖို့ 
အကြိမ်ကြိမ်ကျိုးစားခဲ့တာကလေးအကောင်အထည်မဖေါ်ဖြစ်ခဲ့ဘူး-ငါတကယ်လွမ်းနေတာပါ---
နင်ဟိုတနေ့ က နင်နဲ့ ငါနဲ့ ပြောလို့ ဆိုပြီးငါ့ ကိုရန်လုပ်သွားသေးတယ်နော်---တခါတလေ
နင်နဲ့ ငါနဲ့ ပြောလိုက်ရရင်သိပ့်ပြီးရင်းနှီးသလိုခံစားရတယ်--တကယ်တော့
ငါဟာနင့်ထက်ငယ်ပေမဲ့နင်ကိုငါကသူငယ်ချင်းလို ပေါင်းချင်တာပါ-တကယ်တော့ ရွှေဗဟိုစည်သံ မကြားရတဲ့အဝေးကို
ရောက်နေတာကနင်မဟုတ်ပါဘူး--ငါပါ-

No comments: