Monday, July 27, 2009

အင်ဒိုနီးရှားကလေးငယ်ကိုဓါတ်ပုံရိုက်ခဲ့ စဉ်အခါက




အင်ဒိုနီးရှားကလေးငယ်-ကလေးကရေခွက်နဲ့ ရေခံနေပုံကို ပြင်ဆင်ပြီးရိုက်ကူးထားခြင်းဖြစ်ပါသည်။ ဂျစ်တူးတတ်သလောက်
မှတ်မိသလောက်ရိုက်ကူးပုံကိုရေးဆွဲတင်ပြထားခြင်းဖြစ်ပါသည်။ရေကျနေသောပိုက်လုံးကိုဓါတ်ပုံထဲတွင်မပေါ်အောင်သတိပြု
ရပါမည်။(အခုခေတ်ကတော့ပိုတိုရှော့)ဖြင့်ဖျက်ပြစ်နိုင်ပါသည်။အနက်ရောင်ပိတ်စအကြီးကြီးကိုရေစွတ်ပြီးတိုင်နှစ်တိုင်တွင်
တင်းနေအောင်ချည်ပါသည်။
(ပိတ်စကိုဘာ့ကြောင့်ရေစွတ်တာလည်းလို့ဆရာကမရှင်းပြလို့ ဂျစ်တူးကမေးကြည့်ပါသည်ပိတ်စကိုရေစွတ်ရခြင်းသည်
ဓါတ်ပုံထဲတွင်အနက်ရောင်ပိတ်စမှနေရောင်ကြောင့်အလင်းမပြန်ရန်ဖြစ်သည်လိုရှင်းပြပါသည်။)
ပိတ်စခေါက်ကြောင်းများလည်းပိတ်စကိုရေစွတ်လိုက်သောကြောင့်ပြောက်ပြေသွားကြောင်းလည်းတကြောင်းအပါ
အဝင်ဖြစ်မည်လို့ လက်တွေ့ ရိုက်ကူးခဲ့ သောအတွေ့ အကြုံများအရသိရပါသည်။(နောက်မှသိရခြင်းပါ)
နေ၏အလင်းရောင်ကိုမျက်နှာတွင်၄၅ဒီဂရီနဲ၆၅ဒီဂရီအချိန်ဖြစ်နေသောကြောင့်ပုံသည်အရောင်အသွေးမများပါဘဲနဲ့
ရုပ်လုံးကြွလှပနေသည်ကိုမြင်တွေ့ရမည်ဖြစ်ပါသည်။နောက်ခံအရောင်အမဲစကိုကလေးငယ်အရပ်ထက်တော်တော်
မြင့်မြင့်မှာထားရပါမည်။ရိုက်ယူစဉ်ကတဦးခြင်း၁၀မိနစ်စီရိုက်ခွင့်ရပါသည်။အကြိမ်ပေါင်း၃ကြိမ်ဘဲရိုက်ခွင့်ရှိပါသည်။
ရိုက်သူကျောင်းသားကျောင်းသူရိုက်ယူသူလူများသောကြောင့်ကလေးငယ်အအေးပတ်မှာလည်းအထူးဂရုစိုက်ရခြင်း
ကြောင့်ဖြစ်ပါသည်။
ပိုက်ဆံပေါသောဓါတ်ပုံဆရာများဖြစ်ကြသောကြောင့်ဖလင်(ဆလိုက်ဖလင်)တော်တော်များများအကုန်ခံပြီးရိုက်
ယူကြပါသည်။အဲဒီလိုပိုက်ဆံဖြုန်းနိုင်သောကျောင်းသားကျောင်းသူများအထဲတွင်ဂျစ်တူးမပါဝင်ပါ။
ဒါကြောင့်မိမိအလှည့်ရိုက်ယူခွင့်ရသည်အချိန်များတွင်အထူးဂရုတစိုက်ရိုက်ယူခဲ့ပါသည်။
ဂျစ်တူးကိုင်သောကင်မရာသည်CANON AE1 ကလေးဖြစ်ပါသည်။
မိမိအလှည့်သို့ ရိုက်ယူချိန်ရောက်သောအခါဓါတ်ပုံအရိုက်ခံသူကိုမိမိစိတ်ကြိုက်အနေအထားနေခိုင်းလို့ ရပါသည်။
(မည်သူမဆိုမိမိစိတ်ကြိုက်ဓါတ်ပုံအရိုက်ခံသူကိုအနေအထားအမျိုးမျိုးထားခိုင်းနိုင်ပါသည်။)
ဓါတ်ပုံအရိုက်ခံသူကလေးငယ်ကိုရေကျနေသောပိုက်တည့်တည့်တွင်ရေခွက်ကိုမထားခိုင်းဘဲရေခွက်နှုတ်ခမ်း
အနားကလေးပေါ်သို့ ရေပိုက်မှရေကိုကျစေခဲ့ပါသည်။(ရေပွားကလေးများ-များများလိုချင်လို့ ဖြစ်ပါသည်။)
ကလေးငယ်ကလေးတဦးတည်းကို-ဂျစ်တူးအဲဒီတုံးကဆလိုက်ဖလင်တလိပ်တောင်ကုန်အောင်မရိုက်ခဲ့ပါဘူး။နောက်ထပ်ရိုက်စရာ
တွေရှိနေသေးတော့ဖလင်ချွေတာလည်းဖြစ်ပါသည်။အဲဒီရိုက်နေတဲ့အချိန်တုံးကယခုလိုဆုရလိမ့်မယ်လို့ မထင်မြင်ခဲ့ပါဘူး။
အားလုံးက-ကင်မရာအကောင်းစားတွေကိုင်ပြီးဖလင်တော်တော်များများကုန်ခံရိုက်နေကြသောကြောင့်စိတ်အားငယ်မိတာအမှန်ပါ။
ရိုက်ယူနေစဉ်မှားလို့ ကတော့ပြင်လို့ မရတဲ့ ဖလင်တွေဖြစ်တာကြောင့်အထူးဂရုစိုက်ရိုက်ယူခြင်းရလဒ်လို့ ခံယူမိပါသည်။

No comments: