Friday, July 10, 2009

ပန်းကလေးပေါ်က ပျားကလေး


ပန်းပေါ်မှာပျားကလေးနားနေတဲ့ပုံရိုက်ကူးခဲ့တုံးကပန်းဝတ်မှုံ
ရှိတဲ့အလည်တည့်တည့်ကိုပြတ်သားအောင်ဖြတ်ထားတယ်-
အချိန်ကြာကြာစောင့်ပြီးပန်းကလေးထဲကဝတ်မှုံကိုလာနားတဲ့
ပျားကလေးကိုအမိအရရိုက်ယူခဲ့တာပါ။
အဲလိုပြောလိုက်ရင်တော့တော်တော်လွယ်ပါတယ်-
တကယ်တမ်းကြတော့အဲလိုပြောသလောက်မလွယ်ပါဘူး
ခင်ဗျာ-ပန်းကလေးကိုပြတ်သားအောင်ဖိုးကပ်စ်(focus)
ကိုဖြတ်ထားပေမဲ့ပန်းကလေးက -
လေတိုက်တိုင်းလှုပ်နေတော့တော်တော်ကြာကြာ
ချိန်ခဲ့ရပါတယ်။နောက်တခုကအိတ်က်စ်ပိုးရှား
(exposure) ကပန်းပေါ်ရော ပျားကောင်ကလေး
အပေါ်မှာရောထားရတာဆိုတော့
တော်တော်သတိထားရပါတယ်။
သုံးချောင်းထောက်(tripod)
မပါလို့ လက်ကိုငြိမ်နိုင်သမျှငြိမ်ငြိမ်ထားခဲ့ ရပါတယ်-
အသက်တောင်အောင့်ပြီးရိုက်ကူးခဲ့ရပါသည်။
နောက်ဆိုရင်သုံးချောင်းထောက်သည်ယူဖို့ 
မပျင်းတော့ဘူး-ယူသွားမှဖြစ်မည်။(အရမ်းလေးလို့ 
မသည်နိုင်လို့ ဖြစ်ပါသည်။)

No comments: