Monday, July 20, 2009

ပန်းခြင်းကလေး



လှအောင်ရိုက်တတ်ဖို့ အရေးကြီးပါတယ်-လှအောင်စိတ်ကူးပါ-စိတ်ကူးထဲကအရာကလေးကိုအကောင်အထည်ဖေါ်ပါ။
ဈေးကြီးပေးဝယ်ပြီးမှလှတာမဟုတ်ပါဘူး-ကိုယ့်ဘေးနားကလေးကအရာကလေးတွေကိုအရင်လေ့ လာပါ-
အလင်းအမှောင်သဘောကိုနားလည်လို့ ရှိရင်ပုံကလေးတွေဟာအသက်ဝင်ပြီးလှနေတာကိုလက်တွေ့ သိမြင်နိုင်ပါတယ်-
အခုရိုက်ထားတဲ့ပန်းခြင်း ကလေးက-အမှောင်ခန်း( in doors ) အခန်းထဲမှာရိုက်ကူးထားသလိုထင်ရပါ့မယ်-တကယ်တန်းကတော့အမှောင်ခန်းထဲမှာရိုက်ကူးထားတာမှန်ပေမဲ့ လူတို့ဖန်တည်းထားတဲ့အမှောင်ခန်းသီးသန့် ခန်းထဲမှာမဟုတ်ပါဘူး-
မိမိတို့ နေ နေတဲ့အိမ်ကလေးထဲမှာအမှောင်ခန်းလုပ်ပြီးရိုက်လို့ ရပါတယ်-အခုပြထားတဲ့ ပန်းခြင်းကလေးကို ဂျစ်တူးနေတဲ့ 
အိမ်ကလေးထဲမှာရိုက်ကူးထားတာပါ-ညဘက်ကိုမီးပေးပြီးရိုက်ထားတာပါ ။ သဘာဝအလင်းရောင်မဟုတ်တဲ့ ဖန်တည်းယူသည့်အလင်း ( Artificaial Light ) နဲ့ ရိုက်ကူးထားတာပါ ။ မိမိလိုချင်တဲ့ အလင်းရောင်ရရှိဖို့ အတွက် အခန်းကနေ့ စဉ်သုံးနေကြမီးလုံးတွေပိတ်ထားဖို့ လိုအပ်ပါတယ်-
များများရိုက်-များများမှတ်-များများလေ့လာလိုက်ရင်----- ဓါတ်ပုံလှလှကလေးတွေ အမြန်ဆုံးဖန်တည်းယူလို့ ရပါတယ်ခင်ဗျာ-

No comments: