Friday, July 10, 2009

အချစ်ရှိရာသို့ သွားမည်


အချစ်ဆိုတဲ့ ဘာမှန်းမသိတဲ့စကားလုံးကြီးကို
ဘယ်လိုဖွဲ့ ဆိုကြသလဲတော့မသိဘူး--
ငယ်ငယ်တုံးက နင်ကို ချစ်တယ် -
ချစ်တယ်လို့ ပြောသံကြားကာစက
ရင်ခုန်သလိုလို ကြောက်သလိုလို
မိဘတွေသိသွားရင်အရိုက်ခံရမှာစိုးလို့ 
စိုးရိမ်စိတ်များသလိုလိုနဲ့ ရင်ဆိုင်ခဲ့ရတယ်-

အချစ်ဆိုတဲ့နေရာကိုသွားဖို့ အတွက်တော့
မိုးပျံပူပေါင်းလိုဘာမှမရှိတဲ့နေရာမှာ
ရောက်မှမိုးပျံပူပေါင်းပေါက်သလိုပေါက်
နိုင်တယ်-တဖြေးဖြေးလေလျော့သွားလို့ 
အောက်ကိုဖြေးဖြေးကလေး
ကျချင်တဲ့နေရာမှာကျနိုင်တယ်-

အောက်ကိုကျတော့လည်း
ငြိမ်းချမ်းအေးမြတဲ့ရေပြင်ပေါ်ဖြစ်ဖြစ်
ဆူးခက်တွေများတဲ့ ဆူးပင်ခြုံပင်ပေါ်
ဖြစ်ဖြစ်-ပူလောင်တဲ့ကွင်းပြင်မှာဖြစ်ဖြစ်
ကိုယ်ရွေးချယ်သလိုဖြစ်မလာဘဲနဲ
့ဖြစ်ချင်သလိုဖြစ်သွားနိုင်တယ်-

အချစ်ဆိုတဲ့ လမ်းခရီးကခရောင်းတော -
ဖြစ်ချင်ဖြစ်မယ် -
ဆူးခင်းလမ်း - ဖြစ်ချင်ဖြစ်မယ်-
သာယာဖြောင့်တန်းတဲ့ခရီးဟုတ်ချင်မှ
ဟုတ်မယ်-(မဖြစ်နိုင်ဖို့ များပါတယ်)
အချစ်ဆိုတဲ့ ခရီးကိုအတူတူလျှောက်ရင်းနဲ
့ခြေချော်ပြီးငါလဲသွားခဲ့ရင်ဘယ်သူက ငါ့ ကိုတွဲ
ထူပေးမလဲဟင်-

ငါ့ ကိုတွဲထူပေးမည့်သူကဘယ်သူလဲ
- ဘယ်သူ - ငါနဲ့ အတူတူလိုက်ရဲလဲ-










No comments: