Saturday, July 11, 2009

ရှု့ ခင်းသာဓါတ်ပုံများကိုရိုက်ကူးလိုသူများသို့ ------




ရေဖွေးဖွေးထဲကအိမ်ကလေး
မလေးရှားနိုင်ငံရှိ ရေဖွေးဖွေးထဲက ငါးဖမ်းအိမ်ကလေးကို ရိုက်ခဲ့တာပါ
အဲဒီလိုရိုက်ခဲ့တဲ့အချိန်မှာ ဒစ်ဂျစ်တယ်တွေမပေါ်သေးပါဘူး-ဖလင်(Film)ကိုအသုံးပြုနေဆဲ ဖြစ်ပါတယ်။
ဒါပေမဲ့ ရေဖွေးဖွေးထဲက အိမ်ကလေးကိုရိုက်တုံးကဆလိုက်ဖလင်(Slide Film )ကို အသုံးပြုပြီး ရိုက်ခဲ့တာပါ။
ရိုက်တဲ့အချိန်က ရာသီဥတု သိပ့်မကောင်းပါဘူး-နေကို မှိန်မှိန်ကလေး မြင်ရပါတယ်။
တိမ်သားမိုးကောင်းကင်ကြီးဟာ အဖြူရောင်လွင်ပြင်ကြီးပါ။အဲဒီတော့ ဖီတာ(filter) ကလေးတွေ သုံးပြီး ရိုက်ကူးခဲ့ပါတယ်။
ဖီတာကလေးတွေ အသုံးပြုပုံ ပြုနည်းကိုကျောင်းကတချပ်စီ အသုံးပြုနည်းကိုဘဲ သင်ခဲ့ပါတယ်။
အဲဒါကို----ဂျစ်တူးက ဖီတာ ၂ ချပ်အသုံးပြုပြီး ဓါတ်ပုံရိုက်ယူခဲ့တာပါ။အဲဒီလို ရိုက်ယူခဲ့တဲ့အတွက် ဓါတ်ပုံထဲမှာ
မိုးသားကောင်းကင်ကြီးက ပြာနေပြီး ရေပြင်ကလေးတွေကညနေခင်း အရောင်ကလေး ဖြစ်နေတာပေါ့-
ပိုတိုရှော့ မသုံးထားပါဘူး-

မူရင်းဓါတ်ပုံကောင်းရင်း
ပိုတိုရှော့ဝင်စရာမလိုအောင် ဓါတ်ပုံတပုံဟာ ကောင်းမွန်ကြောင်းကို
လက်တွေ့ သိရှိနိုင်ပါတယ်ခင်ဗျာ-

No comments: