Friday, May 14, 2010

ကုသိနာရုံ ( ပရိနိဗ္တာန် စံတော်မူရာ )

       
                                                   ပရိနိဗ္တာန် စံတော်မူရာ ကုသိနာရုံ
ဘုရားရှင်ပရိနိဗ္ဗာန်စံတော်မူပုံရုပ်ပွားတော်-
မဟာသက္ကရာဇ် ၁၄၈- ခု၊ ကဆုန်လပြည့်၊ အဂါင်္နေ့ဝယ်၊ အိံ္ဋိယနိုင်ငံ
ကုသိနာရုံ မလ္လမင်းတို့ ၏ အင်ဋ္ဌကင်းဥယျာဉ်တွင် မြတ်စွာဘုရား ပရိနိဗ္ဓာန်စံတော်မူသည်။

 မြတ်စွာဘုရားရှင်သည် အလောင်းတော်ဖြစ်စဉ် တစ်ခုသောဘ၀၀ယ် ဆေးဆရာဖြစ်ခဲ့၍ ဆေးဖိုးဝါးခ မပေးလိုသော သူဌေးသား တစ်ယောက်ကို ၀မ်းလာဆေး တိုက်ကျွေးခဲ့လေသည်။
ထိုမကောင်းမှု့  အကုသိုလ်ကံ အကျိုးဆက်ကြောင့် ဤနောက်ဆုံး ပစ္ဆိုမဘ၀ ဘုရားဖြစ်တော်မူ၍ ယခု       ပရိနိဗ္တာန် စံတော်မူခါနီး အခါ ၀မ်းသွေးသွန်သည့် ရောဂါဝေဒနာ ကိုယ်တော်မြတ်မှာ စွဲကပ်လာရလေသည်။
[ မဟာဗုဒ္ဓ၀င် - ၅ - ၄၀၀။၊ ၃ - ၃၄၆ ]


မြတ်ဗုဒ္ဓသည် စုန္ဒ၏၀က်ပျိုသားကို ဘုဉ်းပေးတော်မူသဖြင့် ၀မ်းတော်လားကာ ပရိနိဗ္ဗာန်စံရသည်-ဟု အစဉ်အလာ ပြောဆိုလာခဲ့ကြသည်။  ၀ဋ်တော်, ၀ိပါက်တော်ကြောင့် ၀မ်းတော်လားရခြင်း၊ အချိန်တန်၍ ပရိနိဗ္ဗာန် စံရခြင်း ဖြစ်ရကား အစဉ်အလာ ပြောဆိုလာခဲ့ကြသော စကားရပ် မမှန်ဟုမှတ်အပ်၏။
စင်စစ်ကား စုန္ဒ၏ဆွမ်းသည် ဥပါဒ် မဖြစ်စေသည့် အပြင် အကျိုးများပုံကို မဟာဗုဒ္ဓ၀င်၌
ဤကဲ့သို့ မှတ်ချက်ရေးထား၏။


`စုန္ဒရွှေပန်းထိမ်သည်သား၏ ဆွမ်းကို ဘုဉ်းပေးတော်မူခြင်းကြောင့် မြတ်စွာဘုရားမှာ ၀မ်းသွေးသွန်သော ရောဂါဖြစ်သည်မဟုတ်၊ စင်စစ်ကား ဆွမ်းဘုဉ်းပေးပြီးသော အခါ၌ ၀မ်းသွေးသွန်သော ရောဂါဖြစ်သည်ကိုသာ ဆိုလိုသည်။ အကယ်၍ ထိုဆွမ်းကို မဘုဉ်းပေးရမီ ထိုဝမ်းသွေးသွန်သည့် ရောဂါဖြစ်ပွားခဲ့လျှင် ယခုအခြေအနေထက်ပင် မသွားနိုင် မလာနိုင်အောင် အလွန့် အလွန် ရောဂါဝေဒနာဋ္ဌကမ်းတမ်းလေရာ၏။ ယခုမူ ထိုပြေပြစ် နူးညံ့သော စုန္ဒ၏ တောဝက်သားဆွမ်းကို ဘုဉ်းပေးတော်မူရသောကြောင့် သက်သာတန်သလောက် သက်သာစွာ ရောဂါဝေဒနာ ဖြစ်ပွားလေသည်။
ထို့ ဋ္ဌေကာင့်ပင် ကုသိနာရုံသို့ ရောက်အောင် ခြေလျင်ကြွတော်မူနိုင်လေသည်။ [ မဟာဗုဒ္ဓ၀င်- ၅ - ၃၉၃ ]



သို့ ရာတွင် လူတို့ ၏ သဘာဝ အထင်လွဲကာ အပြစ်ဆိုကြမည်ကို ဋ္ဌကိုတင် သိမြင်တော်မူသော မြတ်စွာဘုရားသည် အရှင်အာနန္ဒာအား ဤသို့ မှာကြားတော်မူခဲ့ရသည်။
`ချစ်သားအာနန္ဒာ… တစ်စုံတစ်ယောက်သောသူသည် `အချင်းစုန္ဒ သင်၏ ဆွမ်းကိုနောက်ဆုံး ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရ၏။ ထို့ ဋ္ဌေကာင့် သင်အဖို့ ရာ လာဘ်မကောင်းလေစွ -အရမကောင်းလေစွ´ ဟု ပြောဆိုလျက် ရွှေပန်းထိမ်သည်၏သား စုန္ဒ၏ နှလုံးမသာခြင်းကို ဖြစ်စေသော်မူ ဖြစ်စေပေလိမ့်မည်။
ချစ်သားအာနန္ဒာ… ထိုသို့ ဖြစ်စေခဲ့လျှင် သင်ချစ်သားတို့သည် စုန္ဒ၏ နှလုံးမသာခြင်းကို ဤသို့ဖြေဖျောက်ကြရမည်…
`ဒကာ စုန္ဒ… သင်၏ဆွမ်းကို နောက်ဆုံးဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုတော်မူ၏။ ထို့ဋ္ဌေကာင့် သင့်အဖို့ ရာ လာဘ်ကောင်းလေစွ၊ အရကောင်းလေစွ။ ဒကာစုန္ဒ…. မြတ်စွာဘုရား၏ မျက်မှောက်တော်မှ ဤစကားကို ငါတို့ကြားနာရ ခံယူလိုက်ရ၏။ အဘယ်သို့ ခံယူလိုက်ရသနည်းဟူမူ….
`အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်လျက် အချင်းချင်းတူမျှ၍ အကျိုး ၀ိပါက်တူမျှကုန်သော ဤဆွမ်းနှစ်မျိုးတို့သည် တူဋ္ဌကကုန်၏။


(၁) ဤဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် အမြတ်ဆုံးဖြစ်သော သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူ၏။ ဤဆွမ်းလည်းတစ်မျိုး၊
(၂) ဤဆွမ်းကို ဘုဉ်းပေးတော်မူ၍ မြတ်စွာဘုရားသည် ခိံ္ဌာဋ္ဌကွင်းမရှိသောငြိမ်းခြင်းသဘော= အနုပါဒိသေသနိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်စံဝင်တော်မူ၏၊ ဤဆွမ်းလည်း တစ်မျိုး၊ အခြားဆွမ်းတို့ထက် အကျိုးအာနိသင်ကြီးမားကုန်လျက် အချင်းချင်းတူမျှ၍ အကျိုး ၀ိပါက်တူမျှကုန်သော ဆွမ်းနှစ်မျိုးတို့ ဟူသည် ဤဆွမ်းတို့ပင်တည်း။´…
[ မဟာဗုဒ္ဓ၀င် - ၅ - ၄၁၁ ]


မြတ်စွာဘုရား ပရိနိဗဍ္ဎာန် စံဝင်ခါနီးအချိန်မှာ မှာခဲ့တဲ့ မှာတမ်းလေးကနောက်ဆုံးစကားလေးပြီးတာနဲ့ပရိနိဗ္ဗာန်စံသွားတာပါ။ ၀ရဓမ္မာသင်္ခါရအပ္ပမာဒေနသံပါဒေထ။ ချစ်သား ချစ်သမီးတို့  ငါဘုရား ပရိနိဗ္ဗာန် စံကာနီး နောက်ဆုံးစကားမှာကြားမယ်.. ချစ်သား ချစ်သမီးတို့ ယခုရရှိနေတဲ့  ရုပ်နာမှ်ိံစ်ပါး ၊ခိံ္ဌာငါးပါး သခါင်္ရတရားတို့ သည် အမြဲတမ်း ပျက်နေတယ်။ အမြဲတမ်းပျက်နေတဲ့ရုပ်နာမ် ၂ပါး ခိံ္ဓာ၅ပါးက အနိစ္စအမြဲမရှိပါလို့ အသစ်အသစ်တွေသာအစားထိုးနေတာကို သိဋ္ဌကဖို့  မမေ့မလျော့ မပေါ့မဆသော ၀ိပဿနာ တရားဖြင့်ရှုပွားပြီးတော့ နေရစ်ဋ္ဌက လို့  မှာကြားတော် မူပါတယ်။


 မြတ်စွာဘုရားပုံတော်တွေကိုဓါတ်ပုံရိုက်ရင်း ဝေဒနာခံစားနေရတဲ့ပုံတွေဘဲလို့ စိတ်ထဲကခံစားမိလာတယ်-
ဘာအဋ္ဌေကာင်းမှန်းတော့မသိဘူး-ငိုချင်လိုက်တာအရမ်းဘဲဗျာ- ဓါတ်ပုံတွေရိုက်ရင်းမျက်လုံးထဲကမျက်ရည်
တွေအလိုလိုကျနေတယ်။ အသံမထွက်ဘဲငိုမိခဲ့တယ်။ ဓါတ်ပုံတွေဝါးမှာလည်းကြောက်သေးတယ်။


အခန်းအကျယ်အဝန်းကိုသိစေချင်သောကြောင့်ဘုန်းကြီးများလူများပါဝင်သောဓါတ်ပုံကိုနားလည်ပေးကြပါ-
ရုပ်ပွားတော်မှာ မြောက်ဘက်သို့  ဦးခေါင်းတော်ပြု၍ အနောက်ဘက်သို့ မျက်နှာမူထားသည်။
ဦးခေါင်းတော်မှခြေဖဝါးတော်အထိပေ ( ၂၀ )ရှိသည်။ ပခုံးတော်အကျယ် ၅ ပေ ၆ လက်မ - အောက်ဘက်မှညောင်စောင်း၏
အလျား ၂၃ ပေ ၉ လက်မ - အနံ ၂ ပေ ၁ လက်မရှိသည်။


                      ဘုန်းတော်ဋ္ဌကီးတွေလူတွေရှင်းတဲ့အထိတော့စိတ်ရှည်ရှည်ထားပြီးရိုက်ယူခဲ့ ပါသည်။


             ပရိနိဗ္တာန် စံတော်မူရာ ကုသိနာရုံအတွင်းထဲမှာ ခေါင်းရင်းမှခြေရင်းအဆုံးရိုက်ကူးထားသောပုံ။


                                                         ခြေရင်းတော်ရှေ့ ဖက်မြင်ကွင်း


                                                                         ခြေရင်းတော်နောက်ဖက်မြင်ကွင်း


                                    ပရိနိဗ္ဓာန်စံတော်မူပုံပလ္လင်တွင် ရှိ အနိစ္စသဘောကို ရှုမှတ်နေပုံ

                                 
                            ပရိနိဗ္ဓာန်စံတော်မူပုံပလ္လင်တွင်ရှိ သမားတော်ဋ္ဌကီး ဇီဝက ဆေးဋ္ဌကိတ်နေပုံ

                               
                            ပရိနိဗ္ဓာန်စံတော်မူပုံပလ္လင်တွင် ရှိ ညီတော်-ရှင်အာနိံဍ္ဍာငိုကျွေးနေပုံ


                                           ကုသိနာရုံ (   ပရိနိဗ္တာန် စံတော်မူရာ ) စေတီတော် ( မဟာပရိနိဗ္ဗာန်စေတီတော်ုကီး )


              မြတ်စွာဘုရား ပရိနိဗ္ဓာန်စံတော်မူသော မလ္လမင်းတို့ ၏ အင်ဋ္ဌကင်းဥယျာဉ်တွင် ပရိနိဗ္ဓာန်စေတီ။


                                လွမ်းမောဘွယ်ရာကုသိနာရုံစေတီတော်ကြီးကခပ်ဝေးဝေးမှာကျန်ခဲ့ ပါပြီ-

မျက်ရည်တွေသုပ်ရင်း ကင်မရာတွေလွယ်ရင်းနဲ့ တဖြေးဖြေး ကားရှိရာစီသို့  - - - -

No comments: