Tuesday, May 4, 2010

ရတနစင်္ကမနသတ္တဟ ( တတိယသတ္တာဟ )



စင်္ကမဌာန (မြတ်ဗုဒ္ဓ စကြံကြွတော်မူရာဌာန)
ကျောက်ကြာပွင့် ၁၉ ပွင့်ရှိရာဌာန အပေါ်ဘက်နံရံအထက်မှ (မဟာဗောဓိနံရံမှရုပ်ပွားတော်)


မဟာဗောဓိ စေတီတော်ကြီး မြောက်ဖက်တွင်ကပ်လျက် အရှေ့အနောက် ပေ ( ၆၀ ) ခန့် အနံ ( ၄) ပေ-
အမြင့် ( ၃ ) ပေရှိအုပ်ခုံပေါ်တွင်အတွင်း ကျောက်ကြာပွင့် ၁၉ ပွင့်ရှိရာဌာနသည် အနိမိသ သတ္တာဟ စံတော်မူပြီးနောက် ရတနာစင်္ကြံကို ဖန်ဆင်းကာ ခုနစ်ရက်ပတ်လုံး စင်္ကြံကြွလျက် တတိယ သတ္တာဟကို သီတင်းသုံးခဲ့သော နေရာဖြစ်သည်။ ထိုနေရာကို ရတနစင်္ကမန သတ္တာဟ ဟုခေါ်သည်။


  မြတ်စွာဘုရားရှင်သည် အနိမိသ စေတီတော်နေရာမှနေ၍ ဗောဓိပင်နှင့်ရွှေပလ္လင်ကို( ၇ )ရက်တိုင်တိုင်-
မမှိတ်မသုန်ကြည့်လျက် နေတော်မူသောအခါ နတ်ဗြဟ္မာတို့ သည် မြတ်စွာဘုရားအား စံပျော်ဖူးသည့်-
ရွှေပလ္လင်ကိုမျှခင်မင်တောင့်တခြင်းမပြတ်။ မဂ်ကိစ္စပြီးရန် ကျန်သေးသည်ဟု အတွေးအကြံဖြစ်၏။
ထိုအကြံကို သိမြင်တော်မူသော မြတ်စွာဘုရားသည် နတ်ဗြဟ္မာတို့ ၏သံသယကိုပယ်ဖျောက်ရန် တစ်ယူဇနာမျှ ကောင်းကင်သို့ ပျံတက်၍  ရေအစုံ မီးအစုံတန်ခိုးပြာဋိဟာတို့ ကို ပြတော်မူပြီးလျှင် ကောင်းကင်မှသက်တော်မူပြီးလျှင် ရွှေပလ္လင်နှင့် အနိမိသအကြားအတောင်( ၂၀ ) ရှိသောအရပ်ကိုအလယ်-
ထားပြီးတစ်ဖက်( ၅ ) လက်မကွာဌာနတွင် အရှေ့ မှသည် အနောက်သို့  အတောင် ( ၆၀ ) ရှိသော
ရတနာစင်္ကြန်ကို ဖန်ဆင်းလျှက် ( ၇ ) ပတ်လုံးစင်္ကြန်ကြွတော်မူသည်။ ထိုနေရာ စင်္ကမသတ္တဟ(တတိယသတ္တဟ)ဖြစ်ပေတော့သည်။



      တတိယသတ္တဟဆိုင်းပုဒ်

No comments: