Tuesday, May 11, 2010

သာဝိတညိပြည်ဇေတဝန်ကျောင်းဝင်းအတွင်း


သာဝိတညိပြည် ဇေတဝန်ကျောင်းဆိုတာ မြတ်စွာဘုရား အများဆုံး သီတင်းသုံးတဲ့ ကျောင်းတော်ကြီး ဖြစ်သည်။
မြတ်စွာဘုရားရှင်သည် (၁၉) ဝါ ဝါဆိုခဲ့သည့် ကျောင်းတော်လည်း ဖြစ်ပြီး ပွင့်တော်မူသည့် ဘုရားရှင်တိုင်း မစွန့်အပ်သည့် နေရာဌာနလည်း ဖြစ်သည်။

ဇေတမင်းသား၏ ဥယျာဉ်ကို အနာထပိဏ် သူဌေးက ဝယ်ယူ၍ ကျောင်းဆောက်လှူဒါန်းခဲ့သဖြင့် ဇေတဝနဝိဟာရ (ဇေတဝန်ကျောင်း) ဟု အမည်ထင်ရှားခဲ့သည်။

                                 သာဝိတညိပြည် ဇေတဝန်ကျောင်းဝင်းအတွင်းအတွင်းရှိ အာနိံ္ဋာဗောဓိပင်


ဘုရားရှင်ကျောင်းတော်တွင်မရှိချိန်တွင် ဗောဓိပင်ကိုပူဇော်ရန်ခွင့်ပြုတော်မူသည်။  ညီတော်အာနန္ဋာကသည် ဗုဒ္ဌဂါယာမဟာဗောဓိပင်မှ မျိုးစေ့ကို ဆောင်ယူပေးပါရန် အရှင်မေဂ္ဂလန်ကို
လျှောက်ထားသည်။ အရှင်မောဂ္ဂလန်က အဘိညာဉ်တန်ခိုးဖြင့်ယူပေး၏။  ထိုမျိုးစေ့ကိုစိုက်ပျိုးထားသော
ဗေဓိပင်ကို အာနိံ္ဋာဗောဓိဟုခေါ်ကြသည်။


                                                                                        အာနိံ္ဋာဗောဓိပင်


                                               သာဝိတညိပြည်ဇေတဝန်ကျောင်းဝင်းအတွင်း


ကျောင်းဝင်းကြီးမှာတော်တော်ကြီးကိုကျယ်ဝန်းလှပေသည်။ ဆရာတော်ဘုရားမိန့် တော်မူ၍ ဧက( ၃၀ )
ကျယ်ဝန်းသည်ဟုသိရပါသည်။ ဘုရားရှင်ရှိစဉ်အခါက တရားဟောသူနာယူသူတွေပြည့်စုံနေမည့်နေရာ
ဘဲလို့ စိတ်ထဲမှာအတွေးကလေးတွေဝင်မိသည်။ ဤကျောင်းတော်တွင် စိဉ္စမာန ( မိန်းမယုတ် ) ကိုအောင်
မြင်တော်မူခဲ့ သည်။ ပဋာစာရီမိန်းကလေးကို ရဟန္ဗာဖြစ်စေခဲ့ သည်။ သန္ဗတိအမတ်ဋ္ဌကီးကိုရဟန္ဗာ-   ဖြစ်စေခဲ့ သည်။ မင်္ဂလသုတ်၊ မေတ္ဇာသုတ်အပါအဝင် သုတ္ဇံပေါင်း (၈၄၄) သုတ်ကိုဟောဋ္ဌကားတော်မူခဲ့သည်။


                                                မြတ်စွာဘုရားရှင် သီတင်းသုံးခဲ့ရာ ဂိံ္ဓကုဋီ

ဇေတဝန်ကျောင်းတော်အတွင်းမှ မြတ်စွာဘုရားသီတင်းသေုံးတော်မူသောကျောင်းတောကြီးလေးကျောင်းရှိ
သည်။
ဂိံ္ဓကုဋီ တိုက်( နံ့သာကျောင်းတော် ) ရေရိကုဋီ တိုက် ( ရေခံတက်ပင်ရှိသောကျောင်းတော်)
သလကာဂါ ကုဋီ တိုက် (သလာကုဋီ တိုက်)  ကေသမကကုဋီ တိုက် ( ဋ္ဌကို့ပင်ရှိသောကျောင်းတော်)
တို့ ဖြစ်ကြသည်။                     


                                                                      မူလဂိံ္ဓကုဋီတိုက်

မြတ်စွာဘုရားရှင် ရာဇဂြိုလ်ပြည်တွင် ဒုတိယဝါဆိုနေချိန်တွင် ဇေတဝန်ကျောင်းကို ဆောက်လုပ်၍ ထိုစဉ်က ကျောင်းဆောင်များကို သစ်သားဖြင့် တဲ (ကုဋီ)ပုံစံ ဆောက်လုပ်ခဲ့သည်။ ဘုရားရှင် လက်ထက်က ဘုရားဖူးများသည် ကျောင်းဆောင်အဝင် ပန်းတင်ခုံတွင် ပန်းများ တင်ထားခဲ့ကြပြီးမှ ကျောင်းဆောင်ထဲ ဝင်ကာ ဘုရားရှင်ကို ဖူးတွေ့ကြသဖြင့် မွှေးကြိုင်လှသည့် ကျောင်းတော် (ဂိံ္ဓကုဋီ ) ဟု ခေါ်ဆိုကြသည်။


       သီရိဓမ္မာသောကမင်း က သစ်သားကျောင်းဆောင်များကို အုတ်ဖြင့် ပြန်လည် ဆောက်လုပ်ခဲ့သည်။


                                     ဘုရားရှင် ဆွမ်းခံမှ အပြန် ခြေတော်ဆေးရာ ရေတွင်း
ဇေတဝန် ကျောင်းဝင်းအတွင်းအရှေ့ မျက်နှာစာဖက်တွင်ရှိသည်။ မြတ်စွာဘုရားဆွမ်းခံမှ ပြန်ကြွလာတိုင်း
ခြေတော်ဆေးရာ ရေတွင်းဖြစ်သည်။

 

 ညနေစောင်းမှ ဇေတဝန်ကျောင်းဝင်းအတွင်းမှထွက်ခဲ့ ဋ္ဌကသည်။


ဘုရားရှင်ကရဟန်းအပေါင်းကိုဟောတော်မူရာ ဇတ်တော်များစွာထဲမှ  ရွှဲကုန်သည် ဇတ်ထုပ်ကို ဘုရားရှင်ကရဟန်းအပေါင်းကိုဟောတော်
မူရာနေရာဘဲဟုတွေးမိရင်း - - - -ရွှေမန်းဦးတင်မောင်ဇတ်ထုပ်ကိုတောင်သွားပြီးသတိရလိုက်မိသေးသည်။
သူတပါးပစ္စည်းမတရားယူပြီးကြီးပွားခြင်တဲ့သူနောက်ဆုံးအရူးဘဝနဲ့ နိဂုံးချုပ်ရသည်။ 

                             

No comments: