Monday, May 3, 2010

မဟာဗောဓိ အောင်မြေ ညဘက်မြင်ကွင်း


မဟာဗောဓိစေတီတော်သည် နှစ်ပေါင်း ၂၀၀၀ ကျော်ကြာခဲ့ပြီဖြစ်၍ သီရိဓမ္မာ သောကမင်းကြီး နန်းစံ ၁၀ နှစ် ၁၁ နှစ်ခန့်တွင် စတင် တည်ထားသော ဘုရားရှင်ပွင့်တော်မူရာ အထိမ်းအမှတ် စေတီဖြစ်သည်။ ညဘက်ကို
တခါသွားရိုက်ခဲ့သည်။


စေတီတော်သည် နှစ်ဆင့်ဖြစ်သည်။ အောက်ပိုင်းသည် ဂူကျောင်းပုံစံဖြစ်၍ အတွင်း၌ ရုပ်ပွားတော် တဆူ ကိန်းဝပ်လျက် ရှိသည်။ အပေါ်ပိုင်းသည် စေတီဖြစ်သည်။ စေတီ၏ ဖိနပ်တော် ထောင့်လေးထောင့်၌ စေတီမကြီး၏ ပုံသဏ္ဌာန်မျိုး အရံစေတီ တစ်ဆူစီရှိသည်။


                                                          
ဘေးမီးထိုးထားတာတွေကတော့အရောင်အမျိုးမျိုးပြောင်းနေတာကိုတွေ့ မြင်ရမည်ထင်ပါသည်။ ပထမအပေါ်ပုံမှဘေးမီးအလင်းရောင်နှင့်ဒုတိယအောက်ပုံကဘေးမီးအလင်းရောင်များကိုကြည့်ပါ။ စိတ်ကူးနှင့်ဖူးမျှော်နိုင်ရန်အတွက်ဖြစ်ပါသည်။
 ဓါတ်ပုံကနဲနဲစောင်းသွားတယ်ဗျာ- ညဘက်ဘုရားရှစ်ခိုးဖို့ သွားတာပါ-ကင်မရာပါပေမဲ့သုံးချောင်းထောက်
ကယူမလာမိဘူးလေ-ညဘက်ရှုခင်းကိုတွေ့ တော့လည်းရိုက်ချင်မိတာနဲ့ အနီးနားကသံတိုင်တခုမှာတင်ပြီး
ရိုက်ယူလာခဲ့တာပါ။

No comments: