ဘုရားရှင် ဆဋ္ဌ သတ္တာဟကို စံတော်မူခဲ့သည့် နေရာဖြစ်သည်။ မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့တောင်ဖက် ပေ ၁၇၀ ခန့်တွင် မုစလိန္ဒာအိုင် ရှိခဲ့ရာ ထိုအိုင်အနီး ကျည်းပင်းရင်း၌ ခုနစ်ရက်လုံး စံနေစဉ် မိုးကြီးစွေသဖြင့် မုစလိန္ဒာ နဂါးမင်းက မိမိပါးပျဉ်းဖြင့်မိုး၍ ကိုယ်ကိုခွေလျက် ပလ္လင်ပြုကာ လှူဒါန်းခြင်းကို ချီးမြှောက် စံနေတော်မူခဲ့သည်။ ထိုနေရာကို အထိမ်းအမှတ်ပြုသော အဆောက်အအုံ မတွေ့ရသော်လည်း တခါက ရှိခဲ့ဖူးဟန်တူ၍ မြေအောက်မြုပ်နေဟန် ရှိကြောင်း အထောက်အထား အစအနများ တွေ့ရသည်။ ထိုသတ္တာဟကို မုစလိန္ဒာ သတ္တာဟ ဟုခေါ်သည်။
ညဘက်မုစလိန္ဒာအိုင်
မဟာဗောဓိစေတီတော်ကြီး၏အရှေ့ တောင်ဒေါင့် မုစလိန္ဒာအိုင်ရှိသည်။
မြန်မာနိုင်ငံမှပြည်သူအများလှူဒါန်းထားသော နဂါးပါးပျဉ်းအုပ်မိုးထားသော ဘုရားဆင်းတုတော်ရှိသည်။
နေ့ ဘက်မုစလိန္ဒာအိုင်
မုန်စလိန္ဒာနဂါးမင်းသည် မြတ်စွာဘုရားအား ရတနာအတိပြီးသော ဗိမာန်ကိုဖန်ဆင်းလှူဒါန်းနိုင်ပါလျှက် -
မိမိကိုယ်ဖြင့်ပြုသော ကုသိုလ်ကိုရလို ၍ ကြီးစွာသောကိုယ်ကိုဖန်ဆင်းတော်မူ၏။ တစ်ပိုင်းတစ်ခွေကိုပလ္လင်
ခင်းသည် ကိုယ်တော်ကို ( ၇ ) ရစ်ပတ်ရံလျှက် ဦးခေါင်းထက်မှာ ပါးပျဉ်းဖြင့်အုပ်မိုးပြီး မိုးပေါက်မစိုအောင်
ကာကွယ်ပေးခဲ့သည်။
မြင်ကွင်းကျယ်မုစလိန္ဒာအိုင်
မြတ်စွာဘုရားသည် နဂါးမင်း၏အခွေထက်မှာ( ၇ ) ရက်ပတ်လုံးဖလသမာပတ်ဝင်စားတော်မူသည်။
( ၇ ) ရက်စေ့၍ မိုးစဲသောအခါ နဂါးမင်းသည် လူယောင်ဖန်ဆင်းလျက်ဖြင့် မြတ်စွာဘုရားကို- ရှစ်ခိုးခစားလေသည်။
မုစလိန္ဒာအိုင်ကျောက်စာဆိုင်းပုဒ်
မုစလိန္ဒာအိုင်အဝင်အထွက်မုဒ်ဦးမှသာသနာ့အလံများ
မုစလိန္ဒာအိုင်သို့ သွားရာလမ်းတွင်ရှိအာသောကမင်းကြီးကျောက်စာတိုင်-အပေါ်ကအဆောက်အဦးနှင့် -
မျက်နှာချင်းတွင်မှာရှိသည်။
No comments:
Post a Comment