Tuesday, May 4, 2010

ရတနာဃရ ရွှေအိမ်တော် ( စတုတ္ထသတ္တဟ )



မဟာဗောဓိ စေတီတော်ကြီး၏ အနောက်မြောက် ပေ ၇၀ ခန့်တွင် နတ်တို့ ဖန်ဆင်းအပ်သော ရတနာဃရ ရွှေအိမ်၌ ပဋ္ဌာန်းကျမ်းကို သုံးသပ်လျက် ခုနစ်ရက် စံတော်မူခဲ့သည်။
နတ်တို့ ဖန်ဆင်းထားသော ရတနာဃရရွှေအိမ်တော်မှာ လက်ဝယ်ဖွဲ့ ခွေနေတော်မူလျှက်
အဘိဓမ္မ( ၇ ) ကျမ်း ကိုဆင်ခြင်တော်မူရာ စဟာပကာရဏ ဖြစ်တော်မူသော ပဌန်းကျမ်းသို့ ရောက်လျှင်-
ထက်ဝန်းကျင်ကိုယ်တော်မှ အညို- အရွှေ - အနီ - အဖြူ - အမောင်း - ပြိုးပြိုးပြက်အားဖြင့်ခြောက်ပါးသော
အဆင်းရှိသည့် ရောင်ခြည်တော်တို့ ထွက်၍ အထက်အဖို့ အားဖြင့် ဘဝဂ်တိုင်အောင် အောက်အဖို့ အားဖြင့် သုံးပါးသောမြေထု - လေထုတို့ ကိငု ဖေါက်၍ အောက်ကောင်းကင်တိုင်အောင် ဖီလာအားဖြင့်  -
အနန္တစကြာဝဠာတိုင်အောင် ပျံ့ နှံစေလျက် ( ၇ ) ရက်ပတ်လုံးစံတော်မူပုံ-


                    ရွေအိမ်အတွင်းထဲကိုကင်မရာထားပြီးအနီးကပ်ဖူးမျှော်ရန်အတွက်ရိုက်ထားပါသည်။


ရတနာရွှေအိမ်တော်သည် ( ၁၄ )ပေ -( ၁၁ )ပေခန့် ကျယ်ဝန်းသည်။ အတွင်းမှာဗောဓိသတ္တရုပ်ထုရှိပါသည်။ ယခုအခါအခြားဘာသာများကလာ-ထည့်ထားသောအခြားသောရုပ်ပွားတော်များလည်းရှိပါသည်။
ထိုနေရာကို ရတနဃရ သတ္တာဟ ဟုခေါ်သည်။ စတုတ္ထ သတ္တာဟ စံခဲ့သော ထိုနေရာတွင် ယခုအခါ အုတ်တိုက်စေတီငယ်တဆူ ရှိ၍ အနုပညာ လက်ရာမြောက်သော ထူပါကျောက်တိုင်များဖြင့် ဝန်းရံလျက်ရှိသည်။

                                            အပြင်ဘက်မှရတနာဃရရွှေအိမ်တော်မြင်ကွင်း


မြတ်စွာဘုရားရောင်ခြည်တော် ခြောက်သွယ်ကွန့် စတင်ကွန့် မြူးသည့် စတုတ္ထသတ္တဟ ရတနာဃရ
စံအိမ်တော်မှာပထဌာန်းဒေသနာတော်ကြီးကိုပူဇောသည်ဟုမှတ်သားရသည်။ 
                                                                     စတုတ္ထသတ္တဟဆိုင်းပုဒ်

No comments: