မဟာဗောဓိ စေတီတော်ကြီး၏ အရှေ့မျက်နှာ ပေ ၇၀ ခန့်တွင် မြတ်စွာဘုရား သခင်သည် မာရ်နတ်သမီးတော် သုံးပါးနှင့် ဟိုတုံးက ပုဏ္ဏားတို့ကို ဆုံးမ၍ ခုနစ်ရက် သီတင်သုံးတော်မူခဲ့သော အဇပါလ ဆိတ်ကျောင်း ညောင်ပင်ရှိခဲ့သည်။ ယခုအခါတွင်ထိုဆိတ်ကျောင်းညောင်ပင်မရှိတော့ပေ။
ထိုနေရာတွင် ကျောက်စာ ဌာနက အထိမ်းအမှတ် စိုက်ထူထားသော ကျောက်တိုင်ရှိသည်။
လှေကားမှာအပေါ်ဖက်ထွက်ပေါက်ဖြစ်သည်။
အမြင်ရှင်းစေရန်အတွက် မဟာဗောဓိစေတီကိုသွားသောအဝင်ဘက်မှပုံကိုထပ်တင်ပေးလိုက်ပါသည်။
မဟာဗောဓိစေတီတော်ကြီးရှေ့ ဘက်တည့်တည့်တွင် မုဒ်ဦးနှင့်ပေ (၂၀၀ ) ခန့် မှာ စေတီတော်သို့  -
အဆင်းလမ်း၌ ကျောက်တိုင်တတိုင်ရှိပါသည်။ အဝါရောင် -လိမ္မော်ရောင်-အဖြူရောင် -ရွှေသင်္ကန်းများပန်း
များတို့ ပူဇော်ထားသည်ကိုပုံထဲတွင်တွေ့ မြင်ရမည်ဖြစ်ပါသည်။
ကျောက်စာ-ဆိုင်းပုဒ်
်
ထိုနေရာတွင်ဘုရားစံတော်မူနေစဉ်မာန်နတ်သမီး၏ သမီးတော်များဖြစ်ကြသည့် တဏှာ - အာရတိ - ရဂါတို့ 
သည် မြတ်စွာဘုရားထံကို ချဉ်းကပ်ပြီးနည်းအမျိုးမျိုးဖြင့် မာယာတို့ ဖြင့် ဖျားယောင်းကြသည်။ မြတ်စွာဘုရားရှင်သည် ကိလေသာရန်မှန်သမျှ အောင်မြင်တော်မူသော အခြင်းအရာပြလျှက် နတ်သမီးသုံး
ယောက်တို့ ကို သုသ၁န်တွင် စွန့် ပစ်အပ်သော သူကောင်ပုတ်ကဲ့သို့  ကဲ့ ရဲ့ ရှုံချ စက်ဆုပ်တော် မူသည်။
နတ်သမီးတို့ သည် " လောကတွင်မြတ်သောအလှူကိုခံတော်မူထိုက်ပေ၏။ လူအပေါင်းတို့ တပ်အပ်သော
အရာ၌လည်း ဆုံးမတော်မူနိုင်ပေ၏ " ဟုဆိုပြီး မာန်နတ်မင်းထံပြန်ကြရလေ၏။
ထိုလှေကားမှဆင်းလျှင် မဟာဗောဓိစေတီအဝင်ဝမှာတွေ့ ရသောမတ်တပ်ရပ် ရုပ်ပွားတော်
မဟာဗောဓိစေတီတော်အဝင်ဝလှိုင်ဂူ
မဟာဗောဓိစေတီတော်အဝင်ဝလှိုင်ဂူတော်ဒေါင့် - တွင်ရှိစေတီရံငယ်
No comments:
Post a Comment