Sunday, May 2, 2010

သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊


ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။ မြက်ထမ်းသမားလှူတဲ့ နေရာဒေသ
မှနေပြိးမဟာဗောဓိသို့ ကားဖြင့်ထွက်လာခဲ့သည်။ လမ်းတလျှောက်ကိုမြင်မြင်သမျှဓါတ်ပုံရိုက်နေမိခဲ့သည်။
( နောက်ပိုင်းမှာအခုရိုက်ခဲ့တာတွေကိုပြန်လည်တင်ပြပါမည်။ ယခုတော့ဘုရားအကြောင်းအရာတွေနဲ့ ပတ်
သက်တာတွေဘဲအရင်တင်ပါရစေဗျာ)

                                                         
                                                           မဟာဗောဓိအောင်မြေအဝင်ဝဆိုင်းပုဒ်-


 ပေ(၁၇၀)မြင့်သောမဟာဗောဓိစေတီတော်မြတ်ကြီးကိုဖူးမြင်ရပြီ။ တအံ့တသြမော့ကြည့်မိ၏-မြန်မာနိုင်ငံတွင်ဖူးတွေ့ နေကြပုထိုးစေတီများနှင့်မတူတမူထူးခြားနေသည်။ မူလကောင်းမှု့ ရှင်မှာ-
အာသောကမင်းကြီးဖြစ်သည်ဟုဆို၏။ အကြိမ်ကြိမ်ဖျက်ဆီးခံရပြီးအကြိမ်ကြိမ်ထပ်ဆင့်ပြုပြင်မွန်းမံထားရ
သောစေတီတော်ကြီးဖြစ်သည်။ ထိုပြုပြင်သူများထဲတွင် မြန်မာနိုင်ငံမှမင်းတုန်းမင်းကြီးလည်းပါဝင်သည်။


ယခုဖူးမြင်ရသောစေတီတော်ကြီးသည် မင်းတုန်းမင်းကြီး၏ကုသိုလ်တော်ဖြစ်ပြီးအိန္နိယကျောက်ဆစ်ပညာရှင်တို၏လက်ရာဖြစ်သည်ဟုသိရသည်။
စေတီတော်၏အောက်ခြေမှာလေးဒေါင့်ဖြစ်၍ (၄၈)ပေရှိသည်။ အပေါ်သို့ တဖြည်းဖြည်းရူးတက်သွားသည်။

စေတီတော်၏နံရံမျက်နှာပြင်မှာခြူးပန်းခြူးနွယ်များနံရံကပ်လိုက်မုတ်များဖြင့်လှပစွာတန်ဆာဆင်ထားသည်။
စေတီတော်ကြီး၏ပထမအထပ်ဒေါင့်လေးဒေါင့်မှာစေတီလေးဆူရှိသည်။ စေတီကြီး၏ထပ်ဆုံးအပိုင်းမှာလေးဒေါင့်ပြီးသော်-လယ်ပင်ပုံအဝိုင်းဖြစ်သည်။ အပေါ်ဆုံးတွင်ထီးတော်ပုံ
လှပသောအချွန်အထွဋ်ရှိသည်။
ဗုဒ္ဓဂါယာသည် ဗုဒ္ဓဘာသာဝင်အပေါင်းတို့၏ အထွဋ်အမြတ်ဆုံး ဖြစ်ရခြင်းမှာ ထိုဒေသ၌ မြတ်စွာဘုရားသခင်သည် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိ၍ မာရ်ငါးပါးကို အောင်မြင်ခဲ့သော အောင်မြေဖြစ်သောကြောင့် ဖြစ်သည်။ ထိုအရပ်ကို မြန်မာတို့က ဗောဓိမဏ္ဍ သို့မဟုတ် ဗောဓိမဏ္ဍိုင်ဟု ခေါ်ဝေါ်လေသည်။

3 comments:

1ashinsasa said...

ဂျစ်တူး (မုံရွာ) ရေ...
ငါက အခု ဗုဒ္ဓဂယာ မှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ ငါသိတာကတော့ ထီးတော်အပါအ၀င် ဥာဏ်တော် ပေ ၁၈၀၊ ဖိနပ်တော်.အရှေ့အနောက် ၅၇-တောင်၊ (၈၅-ပေ) တောင် မြောက် အတောင်ငါးဆယ်၊ (၇၄-ပေ) ရှိတယ်။ ငါက အတောင်ပဲတိုင်းထားတာပါ။ ပေကတော့ မင့်ဘာသာမင့် မှန်အောင် တွက်ယူပါ။ ငါမှားလျှင်လည်း ပြန်ပြောပေါ့ကွာ။ သိစေချင်လို့ရေးထားတာပါ။ ငါကလည်း မုံရွာသားပါပဲ။ ငါ့ကိုဆက်သွယ်ချင်ရင် thihaman@gmail.com အကောင့်မှာ ဆက်သွယ်နိုင်တယ်။

1ashinsasa said...

ဂျစ်တူး(မုံရွာ) ရေ...
ကိုယ့်လူရဲ့အသိကို ထပ်ဆင့်သိစေချင်လို့ ရေးလိုက်ပါအုံးမယ်။ တကယ်တော့ မဟာဗောဓိစေတီတော်ဟာ ထီးတော်အပါအ၀င် ဥာဏ်တော် ပေ ၁၈၀ မြင့်ပါတယ်။
ဖိနပ်တော်ကတော့ အရှေ့အနောက် ၅၇-တောင် (ပေ-၈၅ ပေ) တောင်မြောက် အတောင် ၅၀ (၇၄-ပေ) ရှိပါတယ်။ ပေက အတိအကျ သေချာမသိရသေးပေမယ့် အတောင်နှုန်းကတော့ တိကျသေချာပါတယ်။ ကိုယ်က အခု ဗုဒ္ဓဂယာ မှာ ကျောင်းတတ်နေတဲ့သူတစ်ဦးပါ။ သူငယ်ချင်းကို သိစေချင်လို့ရေးလိုက်တာပါ။ အသေးစိတ်သိချင်တယ်ဆိုရင် thihaman@gmail.com ကိုဆက်သွယ်ပြီး မေးလို့ရတယ်။

Anonymous said...

ဂျစ်တူး ရေ
သိစေချင်လို့ ရေးထားခဲ့မယ်။ တကယ်တော့ မဟာဗောဓိစေတီတော်ရဲ့ ဥာဏ်တော်အမြင့်က
ထီးတော်အပါအ၀င် ပေ ၁၈၀ ရှိတယ်။
ဖိနပ်တော်က အရှေ့အနောက် ၅၇-တောင် (၈၅-ပေ)
တောင်မြောက် အတောင်ငါးဆယ်၊၉၇၄-ပေ)။ ရှိတယ်။
ကိုယ်တိုင်တိုင်းထားလို့ အတောင်ကတော့ သေချာပေါက်ဖြစ်တယ်။ ပေကတော့ ကိုယ့်လူဘာသာ တွက်ကြည့်ပေါ့။ ကိုယ်က လက်ရှိ အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာမှာ ကျောင်းတက်နေတဲ့ ကျောင်းသားတစ်ယောက်ပါ။ အသေးစိတ်သိလိုတယ်ဆိုရင် ကိုယ့်မေးကိုဆက်သွယ်နိုင်တယ်။