Tuesday, May 25, 2010

ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး ( နာလိံ္ဋာတက္ကသိုလ် - အပိုင်း - ၄ )


   အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏မွေးဖွားရာနှင့်ပရိနိဗ္ဗာန်ပြုတော်မူရာနေရာသည်လည်း ဤ
နာလိံ္ဋာ တက္ကသိုလ်ုကီးထဲမှာပင်ဖြစ်သည်။ မိဘကျေးဇူးကိုဓမ္မနဲ့ ကျေးဇူးဆပ်ရာနေရာလည်းဖြစ်တယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးသည် ပညာအရာမှာဧတဒဂ်ရ လက်ယာတော်ရံ သာဝကတပါးဖြစ်သည်။
အရှင်မောဂ္ဂလာန်မထေရ်မြတ်နှင့်အရှင်သာရိပုတ္တရာတို့ နှစ်ပါးဟာ ဆုထူးပန်တော်မူခဲ့ ချိန်ကစပြီးတော့
တစ်အသေင်္ချေနဲ့ ကမ္ဘာတစ်သိန်းကာလပတ်လုံးလွန်စွာချစ်ကျွမ်းဝင်ခဲ့ တဲ့  ပါရမီဖြည့်ဖက် သူငယ်ချင်းနှစ်ဦး
ဖြစ်ခဲ့ုကတာပါ။
နောက်ဆုံးဘဝမှာလည်းရာဇဂြိုလ်မြို့ အနီးက ရွာကြီးနှစ်ရွာမှာအင်မတန်ချစ်ကျွမ်းဝင်ခဲ့ တဲ့ သူငယ်ချင်းနှစ်ဦး
ဖြစ်လာခဲ့ပါတယ်။ အတူတူဆော့ကစား - အတူတူုကီးပြင်း - အတူတူပျော်ပွဲဝင် - အတူတူသံဝေဂရ -
အတူတူတရားရှာကြတာ နောက်ဆုံးရှင်တော်ဘုရားထံ အတူတူရောက်ရှိလာကြပြီး အဂ္ဂသာဝက အတူတူ
ဖြစ်တော်မူကြပါတယ်။ နှစ်လွှာပေါင်းမှတရွက်ဆိုတဲ့  စွယ်တော်ရွက် ဥပမာဟာအရှင်မြတ်နှစ်ပါးရဲ့ ပါရမီခရီး
ကိုအတိအကျထင်ဟပ်ပေါ်လွင်စေပါတယ်။ အရှင်မြတ်နှစ်ပါးရဲ့ တစ်ဦးပေါ်တဦးကတိသစ္စာရှိမှု့ -
ငဲ့ ညှာထောက်ထားမှု့  - အတုယူလိုက်နာဖွယ် နမူနာကောင်းများလည်းဖြစ်ကြပါတယ်။ ( ဒီလိုသူငယ်ချင်းမျိုး
လိုချင်စမ်းပါဘိတော့တယ် )

                                                         နာလိံ္ဋာတက္ကသိုလ်အဝင်


                                    ရှင်သာရိပုတ္တရာမထေရ်မြတ်ကြီး၏ အထိန်းအမှတ်စေတီတော်


                                                                             စေတီတော်အနီးကပ်မြင်ကွင်း


No comments: