Wednesday, May 5, 2010

ဥဒါန်းကျူးရင့်တော်မူသောမြတ်စွာဘုရား -


 အနေက ဇာတိသံသာရံ  - သန္ခာဝိဿံ အနိဗ္ဗိသံ

ဂဟကရံ ဂဝေသန္ကော -  ဒုက္ခာ ဇာတိ ပုနပ္ပုနံ

ဂဟကာရက ဒိဌောသိ -  ပုနဂေသံ နကာဟသိ

သဗ္ဗာတေဖာသုကာ  - ဘဂ္ဂါ ဂဟကူဋံ ဝိသင်္ခတံ

ဝိသင်္ခါရ ဂတံစိတ္တံ -  တဏှာနံ ခယမဇ္ဈဂါ ၊၊

မြတ်စွာဘုရားရှင်သည် ဤနေရာတွင် ဘုရားအဖြစ်သို့ ရောက်ခဲ့ပြီးဥဒါန်းကျူးရင့်တော်မူခဲ့ခြင်းဖြစ်သည်။

သဗ္ဗညုတဉာဏ်တော်ကို မရသေးသမျှ သံသရာတွင် ဘဝများစွာဖြစ်ပေါ်စေသည့်  ခန္ဗာအိမ်ကို

တည်ဆောက်တတ်သောဟယ် တဏှာလက်သမား -

""   ငါသည် သင့်ကိုပညာမျက်စိဖြင့်  "" ကောင်းစွာသိမြင်ခဲ့ လေပြီ။

သင်သည် ခန္ဗာအိမ်ကို နောက်ထပ်အသစ်တစ်ဖန် ဆောက်လုပ်ခွင့်ရတော့မည်မဟုတ်။

ခန္ဗာအိမ်၏ အချင်ယနယ်နှင့်တူသော ကိလေသာတို့ ကိုလည်းကောင်း -

အမိုးအထွဋ်နှင့်တူသော အဝိဇ္ဖာကိုလည်းကောင်း -

ထောင်းထောင်းကြေကြေမွ ဖျက်ဆီးခဲ့ လေပြီ -

ဆင်းရဲခြင်းကိုဖြစ်စေသော တဏှာ၏ကုန်ဆုံးရာ ငြိမ်းအေးချမ်းသာခြင်းဖြစ်သော -

မဂ်ဖိုလ်နိဗ္ဗာန်ကို အရဟတ္တ မဂ်ဉာဏ်ဖြင့် ခိုဝင်သက်ရောက်ခဲ့ လေပြီ - ၊၊


1 comment:

Anonymous said...

well done. I also want to donate " thin-kyan". Is this bought form there or brought from Myanmar? If this one bought from there, don't mind how much is it? ths