Friday, April 30, 2010

ဒုက္ကရစရိယာတောင်သို့ 

                                                                                  


မနက်အစောဋ္ဌကီးငါးနာရီလောက်မှာဒုက္ကရစရိယာတောင်သို့တက်ခဲ့ကြသည်။                                ရှေးယခင်သိဒ္ဒတ္ထသမင်းသားတော်ထွက်စဉ်ကဆိုလျှင်ဒီနေရာဒီဒေသသည်တော်ကြီးမျက်မည်းဒေသ
ဥရုဝေလတော ဖြစ်ပေလိမ့်မည်။
ဘုရားလောင်းတော်သည် တစ်နေ့ လုံးဆွမ်းတစ်လုပ်ဖြင့်လည်းကောင်း-သစ်သီးတလုံးဖြင့်လည်းကောင်း-
နှမ်းတစေ့ဖြင့်လည်းကောင်း-နေ့ တရက်ကိုကုန်လွန်စေခဲ့သည်။ ကိုယ်တော်ဋ္ဌကုံလှီလွန်းရကား လက္ခဏာတော်ဋ္ဌကီး - ငယ်အသွယ်သွယ်တို့ ကုန်ပျောက်ကုန်၏။ အရိုးပေါ်အရေတင်
 နံရိုးအပြိုင်းပြိုင်းဖြစ်လျက်ရှိ၏။ ကျနော်တို့ ဘုရား-တရားအစစ်အမှန်ကိုရှာခဲ့သည်မှာလွန်စွာမှပင်ပန်းကြီး၏။




ဒုက္ကရစရိယာတောင်သို့ ခြေကျင်တက်ကြသည်။ အသက်အရွယ်ကြီးသူများအတွက်တော့တောင်ပေါ်ရောက်
တဲ့အထိအထမ်းသမားများဌားပြီးတက်လို့ ရသည်။ တောင်တက်လမ်းသည်ခပ်ပြေပြေဖြစ်သော်လည်းကွေ့ 
ကွေ့ ကောက်ကောက်တက်ရသည်။ လမ်းဘေးမှာဥသျှစ်သီးများကိုတွေ့ ရသည်။ အနံကလေးသင်းပြီးအညာ
ကိုတောင်ပြန်သတိရလိုက်မိသေးသည်။ မြေပြင်မှ ဘုရားအလောင်းဒုက္ကစရိယာကျင့်တော်မူခဲ့သည့်လိုဏ်ဂူ
သည် ပေ တစ်ရာခန့် မြင့် သည်။



                                               တောင်ပေါ်မှတောင်အောက်သို့ မြင်ကွင်း


                                       အရိုးပေါ်အရေတင်ဒုက္ကရစရိယာကျင့်တော်မူတော်မူသောပုံ


လူတွေကများလှသည်။ ဘုရားကျင့်တော်မူသည့်လိုဏ်ဂူသည်သေးငယ်ပြီးဆီမီးသုံးတိုင်၏အလင်းရောင်သာ
ရှိသည်။ ယခုကဲ့သို့ ဓါတ်ပုံကောင်းကောင်းရိုက်ဖို့ ရာမှာအလွန်ကိုခက်ခက်ခဲခဲရိုက်ယူခဲ့ရပါသည်။ အထူး
သမြင့် လူတွေမပါအောင်ရိုက်ကူးရသည်မှာလူအရှင်းကိုစောင့်ရပြီးအချိန်အနည်းငယ်အတွင်းမှာဓါတ်ပုံ
ကောင်းတပုံရဖို့ဆိုသည်မှာရိုက်ဖူးသူသာသိပါသည်။ ( ဋ္ဌေက်ာငြာဝင်ခြင်းဖြစ်နိုင်သည် )အမှောင်ထဲကိုလည်း
ရိုက်ခြင်းဖြစ်သည်ဆိုသောကြောင့်သုံးချောင်းထောက်လိုအပ်ပေမဲ့လည်းလူများသောကြောင့်
သုံးချောင်းထောက်ကိုအသုံးပြုခွင့်မရခဲ့ပါ။ မိမိခန္ဒာကိုယ်ကိုဘဲသုံးချောင်းထောက်အမှတ်ပြုပြီးအသက်အောင့်ပြီးဓါတ်ပုံရိုက်ခဲ့ရသည်။နေရာကကျဉ်းပြီး
နောက်လူကိုအလှည့်ပေးရန်အမြန်ရိုက်ယူခဲ့ရသည်။


      ဘုရားအလောင်းတော်သည်ဒုက္ကရစရိယာကို ဒီတောင်ပေါ်မှာ ( ၆ ) နှစ်ကြာကျင့်တော်မူခဲ့ ပါသည်။



အောက်ပါမှတ်ချက်ကိုပို့ စ်တင်ပြီးမှထပ်ထည့်လိုက်တာပါ။( နားလည်ပေးကြပါရန်)

ဒု + ကရ ။ ဒု- ဆိုတာ ခဲခဲ ယဉ်းယဉ်း လို့ ဒီနေရာမှာ အဓိပ္ပါယ်ရှိတယ်။
ရက -ဆိုတာ လုပ်တာ။ ဆိုတော့ ဒု ကရ တနည်းပြောရရင် ဒုက္ကရ + စရိယ ခဲယဉ်း ပင်ပန်း ကျင့်နိုင်ခဲတဲ့ အကျင့်။ အလုပ်လို့ အဓိပ္ပါယ် ရှိတယ်။
ဦးပဏ္ဍ၀ါစာရ ( စံပါဝမ်းဘုန်းတော်ကြီးကျောင်းစင်္ကာပူ)

 ဒုက္ကရစရိယ = ခဲရင်းသောအကျင့်၊ ပြုနိုင်ခဲ လုပ်နိုင်ခဲသောအကျင့်
ဒုက္ခစရိယ = ဆင်းရဲသောအကျင့်၊ ဆင်းရဲဖြစ်ကြောင်းအကျင့်
ဗုဒ္ဓ မြတ်စွာဘုရားကျင့်တာက ဒုက္ကရစရိယအကျင့်
ဦးဥဇ္ဇောတ ( တိုပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းစင်္ကာပူ)

ဒုက္ကရစရိယ=သာမန်လူများကျင့်နိုင်ခဲတဲ့အကျင့်
ရွှေပြည်ဟိန်းဆရာတော်(မြန်မာနိုင်ငံ)
စင်္ကာပူနိုင်ငံရှိ ထိုင်းကျောင်းတရားပွဲမှ


အသံထွက်မှန်အောင်ညွန်ပြသင်ကြားပေးသောဆရာတော် ဦးပညာဝရ ( သြစတေးလျ)
မအားတဲ့ကြားကကူညီရှာပေးသောဆရာတော်ဦးပဏ္ဍ၀ါစာရ ( စံပါဝမ်းဘုန်းတော်ကြီးကျောင်းစင်္ကာပူ)
အဓိပါယ်များကိုတိတိကျကျရှာဖွေပေးသောဦးဥဇ္ဇောတ ( တိုပါးရိုးမြန်မာဘုန်းတော်ကြီးကျောင်းစင်္ကာပူ)
ဆရာတော်အရှင်မြတ်တို့ အားတပည့် တော်ရိုသေစွာလက်အုပ်မိုးပြီးရှစ်ခိုးဦးချကတော့ပါ၏ဘုရား - - -

No comments: