Thursday, April 29, 2010

"သိဒ္ဓတ္ထမင်းမင်းသားနန်းစည်းစိမ်(၁၃)နှစ်ကြာ စံစားခဲ့ သောကပိလဝတ်နန်းတော်



 ကြီးကျယ်ခမ်းနားသောနန်းတော်ကြီးဖြစ်ခဲ့မည်မှာသေခြာပါသည်။ အုပ်မြစ်ရိုးအုတ်ရိုးအခြေခံကိုကြည့်ပြီး
တော့မှန်းဆကြည့်မိပါသည်။(ဆောက်လုပ်ရေးအင်ဂျင်နီယာတွေဆိုပိုပြီးသိမြင်နိုင်မည်ထင်ပါသည်။
ဒီနေရာကလေးမှာငါတို့ဘုရားလောင်တော်ငယ်ရွယ်နုဖြိုးနေစဉ်မှာနေခဲ့သောနန်းတော်နေရာပါလား-
ယသော်ဓယာနှင့်အတူစံမြန်းလျှက်သားတော်ရာဟုလာကိုမွေးဖွားခဲ့သောနေရာပါလား။ ဒီနေရာကနေ
နန်းတော်ကြီးအရှေ့ တံခါးမှတောထွက်တော်မူခဲ့သောမြို့တော်နေရာပါလားလို့ တွေးနေမိပါသည်။
မနက်အစောကြီးလည်းဖြစ် နှင်းတွေကလည်းမကွဲသေးတော့ဓါတ်ပုံရိုက်ရတာမကောင်းဘူး။

  
နန်းတော်ဟောင်းဆိုတော့ဘာမှမရှိဘူး-ဘုရားဖူးတဲ့အဖွဲ့ တွေတော့ဒီနေရာကိုသိပ့်မရောက်ကြပါဘူး။
ဒီနေရာမှာနန်းညီမင်းသားမင်းသမီးတွေနဲ့ပန်းမျိုးစုံတွေပေါများခဲ့မယ်လို့ထင်မိပါတယ်။တချိန်တခါကပေါ့လေ။
 

           ဘုရားအလောင်းတော်မင်းသားကလေးကဒီနေရာကလေးမှာဘဲဘုရားဖြစ်ဖို့ တောထွက်သွားတော့
မင်းသမီးကလေးယသော်ဓရာ တယောက်သားငယ်ကလေးနှင့်နေရစ်ခဲ့ရတာဒီနေရာကလေးနေမှာဘဲနော်-


တချိန်တခါကမင်းညီမင်းသားတွေ လှပတင့်တယ်စွာပျော်ရွှင်ကြည်နူးခဲ့ တဲ့ ဒီနေရာကလေးမှာအခုတော့ -
လည်းခြောက်ခြောက်သွေ့ သွေ့ နဲ့ မယုံရင်ပုံပြင်သာမှတ်ရတော့မှာဘဲလေ - - -

No comments: