Monday, April 5, 2010

ဓါတ်ပုံရိုက်သူတယောက်

တသက်တာ၌
နှစ်ခါတောင်းပန်၊
မတောင်းခံပါ၊
တခါနှင့်မရလျှင်၊
ဘာမှ မယူချင်ခဲ့သူပါ ...တဲ့ 
မောင်စိန်ဝင်း(ပုတီးကုန်း)က
ဆိုခဲ့ တယ်- - - -

ကိုယ့်မှာက
တသက်တာမှာ
နှစ်ခါမက
အခါခါဒူးထောက်
အဋ္ဌကိမ်ဋ္ဌကိမ်များစွာ
အဖန်ဖန်တလဲလဲ
အောက်ကျို့ တောင်းပန်
ကင်မရာလွယ်ရင်း
လူတကာရှေ့ မှာဒူးထောက်
ဓါတ်ပုံရိုက်သူတယောက်မို့ 
တဖွဖွနှင့်တခါမက
အခါခါခယရင်း
ပုံရိပ်လွှာလှလှကလေးတွေ
အရယူချင်သူပါကွယ် - - - -

No comments: