Friday, April 23, 2010

စွယ်တော်ရွက်


ချစ်တယ်ဆိုတဲ့
စကားလေးတခွန်းနဲ့
နှလုံးသားကို-
သေသေခြာခြာ
အကျဉ်းချထားခဲ့သူပါ။

နှစ်လွှာမှာ
တရွက်-
စွယ်တော်ရွက်နဲ့
ပမာပြုခဲ့
အမြဲဘဲအဲဒီလို
ဖြစ်ချင်ခဲ့တာကဆန္ဒပါ ။

နွေပူပူကြောင့်
ရင့် ဝါရောင်သန်း
ပိုးကိုက်ခံလည်း
နှစ်လွှာမခွဲ
အတူတူတွဲ-

မိုးသည်းသည်းကြောင့်
စိုစွတ်နေဆဲ
ခြွေခံရလည်း
မတုန်မလှုပ်
လက်တွဲမဖြုတ်-

ဆောင်းအေးအေးကြောင့်
ခိုက်ခိုက်တုန်အေး
နှင်းဖွေးဖွေး
လည်ခြင်းရှက်မှာ
တကယ်-
အတင်းဖက်ကာ
နွေးထွေးမှာ -

နွေအပူကြောင့်ဖြစ်ဖြစ်
မိုးသည်းသည်းကြောင့်ဖြစ်ဖြစ်
ဆောင်းနှင်းတွေဝေဆဲမှာဖြစ်ဖြစ်
စိတ်ကူးထဲကတောင်
နှစ်လွှာတရွက်
ခွဲမထွက်ခဲ့သူပါ - ချစ်သူ - - - - -။

ဂျစ်တူး(မုံရွာ)

No comments: