Sunday, June 27, 2010

ဂိစ္ဈကုဋ်တောင်


ဂိစ္ဈကုဋ်တောင်(သတ်ပုံအမှန်ရေးချင်ပေမဲ့ လက်ကွက်ထဲမှာဘယ်လိုမှရှာမတွေ့ ပါခင်ဗျာ-သီးခံပြီးဖတ်ပေးပါ)
ကိုဆေးဆရာဇိဝက ၏ဥယျာဉ်တော်ဘေးမှလမ်းမကြီးအတိုင်းတက်သွားပါကရောက်နိုင်သည်။
ဤနေရာဤလမ်းကလေးသည် (တောင်ပေါ်တက်ရန်လမ်းကလေးသည်)ဗိမ္ထိသာရမင်ုးကီး၏မိဖုရားဝေဒေဟီ
သည်အဇာတသတ်မင်းသားကလေးကိုယ်ဝန်ရှိစဉ်ကအဖသတ်မည့်သားဟုသိသောအခါအနှိပ်သည်နှင့် 
ဖျက်ချရန်ကြိုးစားခဲ့ သောနေရာဟုသိရသည်။
                             တောင်တက်ရန်လမ်းမုကီး(ဆေးဆရာဇိဝကဆေးဥယျာဉ်တော်ဘေးမှလမ်းမကြီး)


               အရင်ပို့ စ်မှာတင်ခဲ့တဲ့ ဆရာဇိဝကဥယျာဉ်တော်ဘေးမှဤလမ်းမကြီးကိုမြင်တွေ့ နိုင်ပါသည်။


မြတ်စွာဘုရားကိုဒေဝဒတ်မင်းယုတ်ကဤနေရာတွင်ကျောက်မောင်းဆင်လှိမ့်ချ၍မြတ်စွာဘုရား၏ ခြေမတော်အားကျောက်စမှန် ၍သွေးခြေဥခဲ့ ၏။


ဘုရားရှင်အားမည်သည့်ရန်သူမျှအန္တရယ်မပြုနိုင်ကြောင်းသက်သေပြသောနေရာဖြစ်သည်။


လမ်းမုကီးအတိုင်းရှေ့ ကိုဆက်၍တောင်ပေါ်သို့ တက်ပါက စေတီနှစ်ဆူရှိသည်။ဘုရင်ဗိမ္ထိသာရမင်းကြီးသည်
ဘုရားကိုဖူးမျှော်ရန် တောင်ပေါ်တက်လာလျှင် ရထားထက်မှဆင်းသောနေရာတွင်စေတီတစ်ဆူရှိ၏။
သံလျက်၊ သရဖူ စသည့်မင်းမြှောက်တန်ဆာများကို ကိုယ်ရံတော်များသို့ ပေးသောနေရာတွင်စေတီတစ်ဆူရှိ
လေသည်။ ဆက်လက်ပြီးသွားပါက အရှင်အာနန္ဒသီတင်းသုံးရာ လိုဏ်ဂူနှင့် မြတ်စွာဘုရား၏ကျောင်းတော်
ရာတို့ ကိုဖူးတွေ့ ရမည်ဖြစ်သည်။
ဂိစ္ဈကုဋ်တောင်၏ဝဲဘက်တွင် ဤတောင်ထက်မြင့်သော ရတနာဂီရိတောင်ရှိသည်။
ထိုရတနာဂီရိတောင်ထိပ်တွင်ဂျပန်နိုင်ငံမှအရှင်ဒီဂျီးတည်ထားသောငြိမ်းချမ်းရေးစေတီရှိသည်။
ယခုအခါထိုစေတီသို့ကောင်းကင်ကြိုးပုခက်များနှင့်တက်လို့ ရသည်။
ခေတ်မီစက်ုကိုးယိံ္ဇရားများဖြင့် အချိန်တိုတိုအတွင်းမှာတောင်ပေါ်သို့သွားနိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်။

No comments: