မပြီးဆုံးသေးသော ဗုဒ္ဌဂါယာခရီး - - - -
တောင်ငါးလုံးကာရံထားသလိုတည်ရှိနေတဲ့ဝေဋုဝန်ကျောင်းသည်ရာဇဂြိုလ်မြို့ တွင်တည်ရှိသည်။
ဗိမ္တိသာရမင်ုးကီး ကမြတ်စွာဘုရားအမှူးပြုသောရဟန်းသံဃာတော်များအားသာသနာ၌ပထမဦးဆုံး-ဆောက်လုပ်လှူဒါန်းခဲ့ သည့်ဝေဠုဝန်ကျောင်းဝင်းဖြစ်သည်။
မြတ်စွာဘုရားသည် ဤဝေဠုဝန်ကျောင်းတွင်
ဒုတိယဝါ
တတိယဝါ
စတုတညဝါ - သုံးဝါသီတင်းသုံးခဲ့ပါသည်။ဝေဠုဝန်ကျောင်းအဝင်ဝမှ ဝါးရုံပင်များ
အမျှဝေခြင်းအစ ဝေဋုဝန်ကျောင်းတော်ရာကလို့ ဆိုခဲ့ရင်မှားမည်မထင်။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ ဗိမ္တိသာရမင်ုးကီးကညဖက်မှာမကောင်းတဲ့အိမ်မက်မြင်မက်တယ်
အိမ်မက်မကောင်းတဲ့အတွက် မြတ်စွာဘုရားကိုလျောက်တင်ခဲ့တယ်
တပည့်တော်ညကအိမ်မက်ဆိုးတွေမက်ပါတယ်ဘုရား-
အဲဒါ ဘာအုကာင်းအရာများဖြစ်ပါသလဲဘုရား---ဆိုပြီးမြတ်စွာဘုရားကိုလျှောက်တယ်
မြတ်စွာဘုရားကအရှင်မင်းကြီးရဲ့ အတိတ်ဘဝက တော်စပ်ခဲ့ဘူးတဲ့ ရွှေတော်မျိုးတော်တွေကအမျှအတမ်းလိုချင်၍စောင့်မျှော်နေ
တယ်-ဒါကြောင့်အမျှအတမ်းပေးဝေပေးရမယ် ---- -လို့ မိန်ုးကားခဲ့တဲ့နေရာဖြစ်တယ်မင်းရဲ့အမျိုးတွေဟာပိတ်တာဘဝဘာကြောင့်ရောက်ခဲ့ရသလဲဆိုရင်---င်္ကံဖဘုရားရှင်လက်ထက်တော်ကသံဃာတော်အရှင်သူမြတ်များကိုကပ်လှူမည့် ဆွမ်း-ဘောဇဉ်တွေကို
သံဃာတော်များကိုမကပ်ခင်မှာခိုးပြီးတော့ဘုန်းပေးကြတယ်။ ဒါကြောင့်ပိတ်တာဘဝကိုရောက်ခဲ့ကြပြီးကဿဖဘုရားရှင်လက်ထက်တော်ကတည်းကခံခဲ့ရတဲ့
အကုသိုလ်ဝဋ်ကျွေးဟာဂေါတမဘုရားလက်ထက်တော်ရောက်တော့မှကျွတ်တမ်းဝင်ခဲ့ရတယ်။
ဒါကြောင့်အမျှဝေခြင်းအစ ဝေဋုဝန်ကျောင်းတော်ရာကဖြစ်ပါတယ်။
ဘာေုကာင့်ဝေဋုဝန်ကျောင်းလို့ခေါ်သလဲဆိုခဲ့ရင်ဝါးတောတွေကြားထဲမှာတည်ဆောက်ထားတာကြောင့် 
ဝေဋုဝန်ကျောင်းလို့ခေါ်ပါတယ်။
မြတ်စွာဘုရားဝေဋုဝန်ကျောင်းအတွင်းမှာဟောကြားတော်မူခဲ့တဲ့အထဲမှ
အကုသိုလ်မှန်သမျှကို နဲနဲကလေးလည်းမလုပ်ပါနဲ့  များများကြီးလည်းမလုပ်ပါနဲ့ 
ကုသိုလ်မှန်သမျှကိုနဲနဲ ကလေးလည်းလုပ်ပါ များများကြီးလည်းလုပ်ပါ။
အလှမာန်တက်နေတဲ့ခေမာမိဘုရားကိုအကျွတ်တရားရအောင်ချွတ်တော်မူခဲ့၍
ခေမာမိဘုရားတရားရတဲ့နေရာလည်းဝေဋုဝန်ကျောင်းဒီနေရာဘဲဖြစ်ပါတယ်။
ရှဥ့်နက်ရေကန်( ကလိံ္ဋကရေကန်)
မြတ်စွာဘုရားသည်
ရှဥ့်နက်တို့အား အစာကျွေးရာ ဖြစ်သော နေရာမှာဝေဠုဝန်ကျောင်းဝင်းအတွင်းမှာဖြစ်သည်။
ဝေဠုဝန်ကျောင်းဝင်းအဝင်ဝဆိုင်းဘုတ်
No comments:
Post a Comment