Monday, March 9, 2009

ငါကျေနပ်ပါတယ်

နင်နဲ့  အဝေးဆုံးကို
ငါထွက် မသွားပေမဲ့
နင်နဲ့  အဝေးဆုံးကို
ငါရောက် နေတာ
အကြောင်းသော အကြောင်းကြောင်း တွေကြောင့်---။

နင်အနီး အနားမှာ ငါမရှိနိုင်တော့သလို
ငါ့အနီးမှာလည်း နင်ကိုရှာမတွေ့ နိုင်တော့ဘူးနော်-
နင့်ကိုငါ အရင်ကထက် ပိုနားလည်လာတယ်
ပိုပြီး နားလည်လေ ပိုပြီး သနားပိုရလေပါ---။

ဘာ့ကြောင့်လို့ တော့ မမေးနဲ့ နော်---
ငါဖြေတတ်မှာ မဟုတ်ဘူး-သိလား
ဘယ်လိုမှ မဆုံတွေ့ နိုင်တော့တဲ့
ဒီဘ၀မှာ ဘယ်သူ့ ကိုမှလည်း
အပြစ် မတင်ရက်တော့ပါဘူး
ငါ -ကျေနပ်ပါတယ်ဟယ်----။ ။

ဂျစ်တူး

No comments: