Monday, March 9, 2009

အကြွင်းမဲ့အချစ်

ချစ်သူရယ်-------
နင်ကိုငါချစ်ခဲ့ရတာ အလွမ်းအမောတွေနဲ့ ပါ-

ဘယ်အချိန်မှာ နင်ပြစ်ပြေးမလဲ ဆိုတာကို
ရင်နင့်နင့်နဲ့ စောင့်စားနေရသူပါ-

အရှံးတွေ ရင်ဝယ်ပိုက်ပြီး နေရစ်ခဲ့မည့်သူကို
ဘာဖြစ်လို့ များအမုန်းတရားကြီးနဲ့ ခွဲချင်ရတာလဲ

ငါ့မှာ နင်မက်မောလောက်တဲ့ အလှတရား
ငါ့မှာ နင်တတ်မက်လောက်တဲ့ ဓနငွေ
ငါ့မှာ နင်အထင်ကြီးလောက်တဲ့ ပညာ
ဘာမှမရှိဘဲလေ---

အေး----ဒါပေမဲ့
ဘယ်သူနဲ့ မှနှိုင်းရှင်လို့ မရနိုင်တဲ့
နင့်အပေါ်မှာ ရှိခဲ့တဲ့ *ချစ်မေတ္တာ* ကိုတော့
အကြွင်းမရှိ ပေးဆပ်နိုင်ပါတယ်ဟာ

No comments: