Sunday, May 27, 2012

တခွန်းသောစကား

တခွန်းသောစကား
********

တုန့် ပြန်မည့်အချစ်ကို
ငါ မမျှော်လင့်ခဲ့ ပါဘူး
နင့် ကို ငါချစ်နေယုံနဲ့ 
ကျေနပ်နေသူပါ-

နင့်လက်တွဲဖေါ်
ငါ မဟုတ်ပေမဲ့ 
ပတ်သက်ဘူးခဲ့ တဲ့ 
သံယောဇဉ်ကလေးအတွက်
နာကျင်စေတဲ့ 
စကားတွေမပြောပါနဲ့ -

ငါ တို့ အကြောင်းတွေ
အိမ်မက်မှမဟုတ်ဘဲ
အလွယ်တကူမမေ့ပါရစေနဲ့ -

နောက်ဆုံးစကားတခွန်း
ပြောခဲ့ပါဆိုခဲ့ရင်
နင့်ကိုငါ ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းဘဲဖြစ်မှာပါ။                    ။
                                                          ဂျစ်တူး(မုံရွာ)


အလွမ်းတွေကို လွှတ်ချပြစ်လိုက်တော့ အလွမ်းကဗျာ တွေဖြစ်သွားတယ်-

4 comments:

sosegado said...

facebook မှာ ကတည်းက နှစ်သက်မိပါတယ်

သူကြီးမင်း (တုံးဖလား) said...

အလဲ့....
ကဗျာတွေ စာတွေနဲ့ပါလား။ မောင်ဂျစ်တူးတစ်ယောက် မရိုးတော့ဘူးထင်ပါ့။း)

ဆူးသစ် said...

မရေးဘူး မရေးဘူးနဲ့ ရေးတော့လည်း အလွမ်းနဲ့အချစ် ရောနှစ်ထားပါလား ကိုချစ်ထူးခင်ဗျား။ ကောင်းပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် အချစ်က ရှင်သန်နေမှာကိုး။ နောက်ဆုံးအချိန်အထိ ပြောချင်တဲ့ပြောခွင့်ရပါစေ။

သိင်္ဂါကျော် said...

အိပ်မက် မဟုတ်တော့လည်း အလွယ်မေ့မရနိုင်ဘူး..