တခွန်းသောစကား
********
တုန့် ပြန်မည့်အချစ်ကို
ငါ မမျှော်လင့်ခဲ့ ပါဘူး
နင့် ကို ငါချစ်နေယုံနဲ့ 
ကျေနပ်နေသူပါ-
နင့်လက်တွဲဖေါ်
ငါ မဟုတ်ပေမဲ့ 
ပတ်သက်ဘူးခဲ့ တဲ့ 
သံယောဇဉ်ကလေးအတွက်
နာကျင်စေတဲ့ 
စကားတွေမပြောပါနဲ့ -
ငါ တို့ အကြောင်းတွေ
အိမ်မက်မှမဟုတ်ဘဲ
အလွယ်တကူမမေ့ပါရစေနဲ့ -
နောက်ဆုံးစကားတခွန်း
ပြောခဲ့ပါဆိုခဲ့ရင်
နင့်ကိုငါ ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းဘဲဖြစ်မှာပါ။ ။
ဂျစ်တူး(မုံရွာ)
အလွမ်းတွေကို လွှတ်ချပြစ်လိုက်တော့ အလွမ်းကဗျာ တွေဖြစ်သွားတယ်-
4 comments:
facebook မှာ ကတည်းက နှစ်သက်မိပါတယ်
အလဲ့....
ကဗျာတွေ စာတွေနဲ့ပါလား။ မောင်ဂျစ်တူးတစ်ယောက် မရိုးတော့ဘူးထင်ပါ့။း)
မရေးဘူး မရေးဘူးနဲ့ ရေးတော့လည်း အလွမ်းနဲ့အချစ် ရောနှစ်ထားပါလား ကိုချစ်ထူးခင်ဗျား။ ကောင်းပါတယ်။ ဘယ်အချိန်ဖြစ်ဖြစ် အချစ်က ရှင်သန်နေမှာကိုး။ နောက်ဆုံးအချိန်အထိ ပြောချင်တဲ့ပြောခွင့်ရပါစေ။
အိပ်မက် မဟုတ်တော့လည်း အလွယ်မေ့မရနိုင်ဘူး..
Post a Comment