Tuesday, February 21, 2012

http://myatsan.blogspot.com/


အမတ်ကြီးမိတ်ဆွေများ-
ဒီနေ့ မနက် အမတ်ကြီး ( ကဗျာဆရာ ဘလောက်ဂါ မြတ်စံ ) နဲ့ အတူ ဆေးရုံလိုက်သွားတယ်။
အထူးကုနဲ့ တွေ့ တယ်- ဆရာဝန်ပြောတာက အရေးကြီးတဲ့စကားပြောစရာရှိတယ်- ပြောလို့ ရမလားမေးလို့  အမတ်ကြီးက ပြောပါ -ရပါတယ်ပြောတယ်-
ဒါနဲ့ ဆရာဝန်က- ခင်များ ဘာတွေ ပြင်ဆင်ထားသလဲတဲ့- အဓိပ္ပါယ်က- မသေခင် လုပ်စရာလုပ်ရှိတာ လုပ်ဘို့ ပြောတဲ့သဘောဘဲ- သူတို့ ပြောတာက- သူတို့ နိုင်ငံရဲ့ 
ရှူဒေါင့်ကနေပြောတာပေါ့- မိသားစုဝင်တွေ အမွေပေးစရာရှိတာ စာချုပ်စာတမ်း-ရှေ့ နေနဲ့ လွှဲစရာရှိတာ လွှဲအပ်ဘို့ ပေါ့- ဆေးရုံမှာ သီးသန့် အခန်းနဲ့ နေမလား မေးတယ်-
သူက မနေချင်ဘူး-ပြောတယ်- ငါ့ သဘောကတော့ နေစေချင်တယ်- ဘာဘဲဖြစ်ဖြစ် ဆေးရုံမှာဆို နားအေး ပါးအေး ရှိတယ်။ အိမ်မှာဆိုတော့ ကလေးတွေနဲ့ ဆူတယ်။
နောက်ပြီး သူနာပြုလဲ အချိန်ပြည့်ရှိတယ်။ အိမ်မှာနေချင်တယ်ပြောတော့ ဆရာဝန်ပြောတာက- အိမ်မှာနေမယ်ဆိုရင် သူတို့ တတ်နိုင်တာ တခုတော့ရှိတယ်- တရက်- တနာရီလောက်
ကြက်ခြေနီက သူနာပြု တယောက်လာလာကြည့်ပေးမယ်ပြောတယ်။ သိပ်ပြင်းထန်ရင်တော့ ဆေးရုံလာပါလို့ ပြောတယ်။ သိပ်ပြီး မျှော်လင့်ချက် မရှိဘူး-
တရားနှလုံးသွင်းနိုင်အောင် မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတော့ဖွင့်ပေးတယ်။ ဘာဘဲဖြစ်ဖြစ် မအိုခင် မနာခင်က အချိန်ရှိတုန်း သတိတရားလက်ကိုင်ထားပြီး
ရှူမှတ်ပွားများမှ- အိုပြီ နာပြီဆိုရင် တရားအလေ့အကျင့် မရှိထားရင် နှလုံးသွင်းဘို့ မလွယ်ဘူး- ဒါကြောင့်လဲ အပ္မာဒေန သမ္ပါဒေထ လို့  ဘုရားရှင်က နောက်ဆုံးမှာတမ်းမှာ မှာကြားခဲ့တာပေါ့။

အထက်ပါစာ ကိုမေးထဲမှာရောက်လာတာပါ။
ဆရာဆိုတာ ကျနော့်ဘလော့ကလေးကိုအသက်သွင်းပေးခဲ့ သူပါ။
ဆရာအမည်အရင်းက ဦးသန်းစိန် ပါ။ အများကတော့ အမတ်ကြီး လို့ လူသိများတယ်။  ကဗျာရေးဖွဲ့ တတ်သူ ကဗျာဆရာအမည်ကတော့ မြတ်စံ ပါ။ ဆရာရောဂါကအသဲကင်ဆာတဲ့ ---ဆေးရုံရောက်တာအရမ်းနောက်ကျနေပြီတဲ့ 
ကျနော်ဘာမှလုပ်မပေးနိုင်ဘူး-
ကျနော်ဘာမှလုပ်မပေးနိုင်ဘူး-
ကျနော်ဘာမှလုပ်မပေးနိုင်ဘူး-

5 comments:

ဟန်ကြည် said...

ခရီးရောက်မဆိုင်ပဲ စိတ်မကောင်းစရာ သတင်းနဲ့ တိုးနေပါလား...အေးဗျာ...နောက်ဆုံးသွားရာလမ်းဆိုတာ လူတိုင်းသိပေမယ့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့လူတွေနဲ့ ခွဲရမှာကိုတော့ လူတိုင်း စိတ်မကောင်းဖြစ်ကြတာ ချည်းပါပဲ...ကိုယ့်ကိုယ်ကို အပြစ်တင်နေလို့လည်း ဘာမှမတတ်နိုင်ဘူးမဟုတ်လားလေ...သွားတဲ့လူက သွားခဲ့ရင်လည်း ကျန်ခဲ့တဲ့လူတွေက လုပ်စရာတွေ ဆက်လုပ်နေရစ်ရဦးမှာပေါ့...

ဟန်ကြည် said...

ခရီးရောက်မဆိုင်ပဲ စိတ်မကောင်းစရာ သတင်းနဲ့ တိုးနေပါလား...အေးဗျာ...နောက်ဆုံးသွားရာလမ်းဆိုတာ လူတိုင်းသိပေမယ့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့လူတွေနဲ့ ခွဲရမှာကိုတော့ လူတိုင်း စိတ်မကောင်းဖြစ်ကြတာ ချည်းပါပဲ...ကိုယ့်ကိုယ်ကို အပြစ်တင်နေလို့လည်း ဘာမှမတတ်နိုင်ဘူးမဟုတ်လားလေ...သွားတဲ့လူက သွားခဲ့ရင်လည်း ကျန်ခဲ့တဲ့လူတွေက လုပ်စရာတွေ ဆက်လုပ်နေရစ်ရဦးမှာပေါ့...

ဆူးသစ် said...

ဘာပဲဖြစ်ဖြစ် စိတ်မကောင်းစရာပါပဲဗျာ။ ကျွန်တော်တို့မှာ ရွေးစရာလမ်းမှမရှိဘဲ ကိုချစ်တူးရေ။ ကျွန်တော်တို့လည်း တစ်နေ့ဒီလမ်းကိုပဲ လိုက်ကြရမှာပဲ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်တာလေး နည်းနည်းချင်းလုပ်ပေးပေါ့ဗျာ။ သူလည်းစိတ်ချမ်းသာ၊ ကိုယ်လည်းကျေနပ်စရာပေါ့။

The Queen said...

ခုတလော အသဲကင်ဆာ ဖြစ်တာတွေ တော်တော်ကြားရတယ် ကိုဂျစ်တူးရေ..... အဒေါ်တစ်ယောက်လဲ ဟိုတလောကမှသိတယ်။ အိမ်မှာနေတဲ့ ညီမတစ်ယောက်ရဲ့ အဖေလဲ ပြီးခဲ့တဲ့ အပတ်ကပဲ အဲဒီ ရောဂါ နဲ့ ဆုံးသွားလို့ စိတ်မကောင်းစရာတွေ ဖြစ်နေတာ၊ ခုဘလောက် လည်တော့လဲတွေ့ပြန်ပြီ။ ကိုယ်တွေလဲ ဘာမှလုပ်မပေးနိုင်တော့ တရားနဲ့သာဖြေရုံပေါ့။ ကျမတို့ ဗုဒ္ဓမြတ်စွာဘုရားတောင် သေခြင်းတရားကို မလွန်ဆန်နိုင်တာပဲ မဟုတ်လား။

Anonymous said...

အ သဲ လေး ,အ သဲ လေး ,အ သဲ လေး , နဲ့ လူတွေ ကို ဒုက်ခ ပေး တာ ဘဲ