ဆရာကြီး လင်းမွန်အောင် စီကိုအရောက်သွားခဲ့တယ်။
ဟုတ်တယ်ဗျ-ပထမဆရာကြီးကစင်္ကာပူကို၁၄ ရက်နေ့ ကရောက်မယ်ဆိုတော့ဂျစ်တူးမေမေခံစားနေရတဲ့ဝေဒနာကိုပြကြည့်ဖို့ အားခဲထားတာလေ-နောက်တော့
ဆရာကြီးက ၂၉ ရက်နေ့ မှရောက်မယ်ဆိုတော့အားလျော့သွားတာပေါ့-ဘာ့ကြောင့်လည်းဆိုတော့ဂျစ်တူးတို့ မေမေက ၂၆ ရက်နေ့ မှာရန်ကုန်ပြန်တော့မှာလေ။
ဒါကြောင့် ၂၈ ရက်နေ့ မနက်ပိုင်းကတော့ဆရာကြီးရှိတဲ့ 
ပဲခူးကဆေးခန်းကိုကားကလေးနဲ့ အရောက်သွားပြီးပြလိုက်တယ်။
ဂျစ်တူးမေမေက အာရုံကျောညပ်တာဆိုပြီးစင်္ကာပူဦးနှောက်နဲ့ အာရုံကျောအထူးကုနဲ့ ပြသကုသနေတာပါ။
အဲဒါမသက်သာတာနဲ့ ဆရာကြီးလင်းမွန်အောင်စီကိုအရောက်သွားပြီးကုသလိုက်တာပါ။
လက်တွေ့ ကတော့မေမေရောဂါလက်ကပ်နေတာနဲ့ ခြေထောက်နာနေတာသက်သာသွားပါပြီ။
ပါးကိုက်တာကတော့နဲနဲကျန်နေသေးတယ်လို့ မေမေကသူရောဂါကိုပြောပြပါတယ်။
ဓါတ်ပုံတွေကတော့နောက်မှတင်တော့မယ်ဗျာ-ကွန်နက်ရှင်ကမကောင်းဘူး-
ရောဂါသည်တွေအမျိုးမျိုးကိုဂျစ်တူးမျက်စေ့အောက်တင်ကုသပေးနေတာ-လက်တွေ့ ပျောက်ပြီးပြန်သွားကြတာဗျို့ -
တကယ့်ကိုအံ့မခန်းပါဘဲဗျာ-ဆရာကြီး ၂၉ ရက်နေ့ တော့စင်္ကာပူကိုရောက်ပါပြီ- ၃၀ ရက်နေ့ မှာစပြီး
ဆေးကုသပေးမှာမို့ စင်္ကာပူကမိတ်ဆွေများသွားရောက်ကုသပြီးရောဂါပျောက်ကင်းချမ်းသာကြပါစေ--

4 comments:
ကိုချစ်တူးရဲ့ အမေအမြန်ဆုံးကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ။ ဆရာကောင်းနဲ့တွေ့နေပြီပဲ။ လုံးဝဥဿုံပျောက်မှာပါ။ ဒီလိုဆရာမျိုးတွေရှိတဲ့အတွက် ဝေဒနာရှင်တွေကိုယ်စား
ဝမ်းသာမိပါတယ်။ သူများတွေကို စေတနာနဲ့သတင်းပေးနေတဲ့သူမို့ ကိုယ့်အမေရဲ့ဝေဒနာပျောက်သွားမှာပါ။
စိတ်ဝင်စားစရာ သတင်းဘဲ။
sayar gyi name and address pls :)
Where does he stay in Singapore?
Post a Comment