Sunday, February 27, 2011

တံတားအနောက်ဖက်ခြမ်းကခြင်္သေ့ ကြီး

ဂျစ်တူးစင်္ကပူရောက်ခါစကခြင်္သေ့ကတံတားအနောက်ဖက်ခြမ်းမှာလေ-
နိုင်ငံခေါင်းဆောင်တွေကအိမ်မက် မက်တာခြင်္သေ့ကြီးကရှေ့မှာဘာမှမမြင်ရလို့ ပြောင်းခိုင်းလို့ တံတားအရှေ့ဖက်
ခြမ်းကိုပိုက်ဆံတွေအများကြီးအကုန်ခံပြီးပြောင်းပေးခဲ့ရတယ်လေ။
(အဲဒီလိုပြောင်းပေးတဲ့အထဲမှာကျွမ်းကျင်တဲ့မြန်မာအင်ဂျင်နီယာတွေပါတယ်)
ဂျစ်တူးရိုက်ထားတဲ့ဓါတ်ပုံတွေကြည့်ပါအုံး---
တော်တော်တောင်ပျက်စီးနေပါပြီ-ဖလင်တွေနဲ့ရိုက်ထားတာတွေပါ။အဲဒီတုံးကဒစ်ဂျစ်တယ်ကင်မရာတို့ ဓါတ်ပုံတို့
ဆိုတာအိမ်မက်ထဲတောင်မရှိသေးပါဘူး။
ဓါတ်ပုံရဲ့ ဘေးနားကလေးတွေမှာလေးဒေါင်းအကွက်ကလေးတွေပျက်နေတာကတော့ဖလင်တွေကပ်နေလို့ပါ။
သီးခံပြီးသာကြည့်ကြပါတော့ခင်ဗျာ-
ဒီပုံကတံတားပေါ်ကနေလှမ်းရိုက်ထားတာပါ။ Photo by Jittoo(Monywa)

ဒီပုံကတော့ခြင်္သေ့ကြီးကိုအနာက်ဖက်ကနေရိုက်ထားတာပါ။ Photo by Jittoo(Monywa)

ဒီပုံကတော့ခြင်္သေ့အကြီးကြီးနားကပထမဦးဆုံးခြင်္သေ့ကလေးပါ။ ဆုတောင်းပြည့်တယ်လို့လည်းပြောကြပါ
တယ်။ Photo by Jittoo(Monywa)

ဒီပုံသုံးပုံစလုံးကိုဖလင်တွေနဲ့ ရိုက်ကူးခဲ့ပါတယ်။ ဖလင်တွေအခုအချိန်အထိအကောင်းအတိုင်းဖြစ်နေတုံးပါ။
အဲဒီတုံးကကူးထားတဲ့ပုံတွေကိုစကင်ဖတ်ပြီးတင်ထားလိုက်တာပါ။အရှိအတိုင်းပါ။ဘာမှပြုပြင်မထားပါဘူး။
ခန့်မှန်းခြေအရတော့ဒီပုံတွေကို၁၉၉၈-၉၉ လောက်ကဖြစ်မယ်ထင်ပါတယ်။

5 comments:

ခနွဲ said...

အခုလို ပြောင်းသွားတာကို မသိဘူးဗျ။ အခုလို မျှဝေတဲ့ အတွက် ကျေးဇူးပါ။

ကိုဇော် said...

ခြင်္သေ့ကြီး နဲ့ ကိုလူချော . . .

မြစ်ကျိုးအင်း said...

ကြည့်သွားပါတယ်။

kyuauklion said...

အဲဒါ နဂို ကခြင်္သေ့ ..ဂျစ်ရဲ့..တံတားက ၁၉၉၆ ကြမှ ကိုကြီးကျောက်တို့ bore pile တွေ ရိုက်ပေးခဲ့တာ..ရေလည်မှာ ညဆိုင်းဆင်းရင် ညကြည့်မှန်ပြောင်းနဲ့ ကိုကြီးကျောက်တို့ အတွဲချောင်းနေကြ..
မူလ တံတားမဆောက်ခင်က မရီနာဘေးက အကျယ်ကြီး..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီလိုလား ကိုဂျစ်တူး
သုတ တိုးရပြန်ပြီ
ကျေးဇူးဗျို့