Sunday, February 13, 2011

ဂျစ်တူးမှာလဲ”ဝဲ”ကင်းစင်သွားပါပြီဗျို့ 

သူကြီး(ကိုကိုမောင်-ပန်းရနံ့ )ကိုကျေးဇူးအထူးတင်မိပါကြောင်း-
“ဝဲ”ဆိုတာကို ကိုကြီးကျောက်ရဲ့ ဖေ့ဘွတ် ကနေစပြီးသိတယ်။ သူ့မှာတကယ်“ဝဲ”ပေါက်တယ်မှတ်ပြီးအသာ
ကလေးဘဲနေခဲ့တယ်။ နေမကောင်းဖြစ်နေတော့သတင်းတွေလောက်ဘဲဖတ်ပြီးနေခဲ့တဲ့ကောင်---
မနေ့ ကတော့ သူကြီးကမေးကနေတကူးတကပို့ပေးလာခဲ့တယ်။ မောင်မင်းဘလော့မှာ“ဝဲ”စွဲနေပြီတဲ့---
ဆေးခန်းကိုသွားဖို့လိပ်စာကလေးကိုလည်းပေးထားတယ်။ဒါနဲ့ဒီမနက်သွားလိုက်တာ-သိပ့်တန်းမစီလိုက်ရ
ပါဘူး-ခဏကလေးနဲ့ကုလိုက်တာအခုတော့“ဝဲ”ရှိတော့ဘူး-
ဒါပေမဲ့သူကြီးရယ် ကွန်မန့်ကလေးကိုဖြုတ်ရတော့ကျနော့်ရင်ထဲမှာတစစ် စစ်နဲ့နာလိုက်တာဗျာ-
စိတ်ထဲကတကယ်ကိုခံစားရပါတယ်။ကွန့်မန့်တွေကိုဖြုတ်ရင်းဖတ်ရင်းနဲ့ခံစားလိုက်ရတာ-
ရင်အနာဆုံးဘဲသူကြီးရယ်--
သိပ်သိပ့်ကျေးဇူးတင်မိပါတယ်“သူကြီးမင်း”ခင်ဗျား---
ထီပေါက်ဖို့ နံပါတ်ပေးဖို့ဘဲလိုတော့တယ်နော်---
အဲဒါကလေးကိုလည်းမမေ့ပါနဲ့အုံးဗျာ---



No comments: