Sunday, May 27, 2012

တခွန်းသောစကား

တခွန်းသောစကား
********

တုန့် ပြန်မည့်အချစ်ကို
ငါ မမျှော်လင့်ခဲ့ ပါဘူး
နင့် ကို ငါချစ်နေယုံနဲ့ 
ကျေနပ်နေသူပါ-

နင့်လက်တွဲဖေါ်
ငါ မဟုတ်ပေမဲ့ 
ပတ်သက်ဘူးခဲ့ တဲ့ 
သံယောဇဉ်ကလေးအတွက်
နာကျင်စေတဲ့ 
စကားတွေမပြောပါနဲ့ -

ငါ တို့ အကြောင်းတွေ
အိမ်မက်မှမဟုတ်ဘဲ
အလွယ်တကူမမေ့ပါရစေနဲ့ -

နောက်ဆုံးစကားတခွန်း
ပြောခဲ့ပါဆိုခဲ့ရင်
နင့်ကိုငါ ချစ်တယ် ဆိုတဲ့
စကားတစ်ခွန်းဘဲဖြစ်မှာပါ။                    ။
                                                          ဂျစ်တူး(မုံရွာ)

အလွမ်းတွေကို လွှတ်ချပြစ်လိုက်တော့ အလွမ်းကဗျာ တွေဖြစ်သွားတယ်-

Tuesday, May 8, 2012

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်များနှင့် အသုံးပြုခဲ့ သော ပစ္စည်းများ

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်များနှင့် အသုံးပြုခဲ့ သော ပစ္စည်းများကို ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။
အများဖူးမျှော်နိုင်ရန်အတွက်ဘလော့မှာတင်လိုက်ပါပြီ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိ ကိုအောက်ကလင့်မှာသွားရောက်ကြည့်ကြပါခင်ဗျာ

http://www.new.mogokdhamma.com/index.php?option=com_content&view=article&id=72&Itemid=469

ဓါတ်ပုံများရိုက်ခွင့်ပေးခဲ့သောဆရာတော်ကြီးနှင်တကွ ဓါတ်ပုံရိုက်ရာတွင်ကူညီပေးခဲ့ သော
ကိုရဲမြင့် နှင့် ကိုဇော်(ဘလော့ကာ) တို့ နှင့်တကွ အားလုံးသော မောင်နှမများကိုကျေးဇူးအထူးတင်ရှိကြောင်းမှတ်တမ်းတင်အပ်ပါသည်။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

Monday, May 7, 2012

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်များနှင့်အသုံးပြခဲ့ သော ပစ္စည်းများ-စင်္ကာပူ