Wednesday, March 7, 2012

သီတဂူဆရာတော်ဘုရားကြီး၏ ၇၅ နှစ်မြောက်မွေးနေ့  ၇-၃-၂၀၁၂


 
                                        ကျေးဇူးတော်ရှင် သီတဂူဆရာတော်ရှင်ဥာဏ်ဏိသ၁ရ
                                   
 
 ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး၏
အတ္ထုပ္ပတ္တိနှင့် သာသနာပြု လုပ်ငန်းများ
=========================

၁။ ၁၂၉၈-ခု၊ ခရစ်နှစ် ၁၉၃၇-ခုနှစ်တွင် ပဲခူးတိုင်း၊ သဲကုန်းးမြို့နယ်၊ ပုတီးကုန်းမြို့တွင် မွေးဖွားခဲ့သည်။
၂။ ၁၃၀၅-ခု၊ ခရစ်နှစ် ၁၉၄၄-ခုနှစ်တွင် သဲကုန်းမြို့ တပ်ရွာအလယ်ကျောင်းတွင် ဘုန်းတော်ကြီး ကျောင်းပညာ အခြေခံများကို စတင်သင်ယူသည်။
၃။ ၁၃၁၃-ခု၊ ခရစ် ၁၉၅၂-ခုနှစ်တွင် ရှင်သာမဏေပြုသည်။
၎။ ၁၃၁၈-ခု၊ ခရစ် ၁၉၅၇-ခုနှစ်တွင် ရဟန်းပြုသည်။ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းမြို့များ၌ ပညာသင်ကြားသည်။
၅။ ၁၃၂၂-ခု၊ ခရစ် ၁၉၆၁-ခုနှစ် တွင် ဓမ္မာစရိယစာချတန်း အောင်မြင်သည်။ “သာသနဓဇဓမ္မာစရိယဘွဲ့”ကို ရရှိသည်။
၆။ ၁၃၂၄-ခု၊ ၁၉၆၃-ခုနှစ်တွင် သံဃတက္ကသိုလ်သို့ ၀င်ရောက်သည်။
၇။ ၁၃၂၆-ခု၊ ၁၉၆၅-ခုနှစ်တွင် ဗုဒ္ဓဒေသနာ ဒီပလိုမာဘွဲ့ကို ရရှိသည်။
၈။ ၁၃၂၆-ခု၊ ၁၉၆၅-ခုနှစ်မှာပင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့၌ မြန်မာဗုဒ္ဓသာသနာပြုကျောင်း (B.B.M. ကောလိပ်) တည်ထောင်သည်။
၉။ ၁၃၂၉-ခု/ ၁၉၆၈-ခုနှစ်တွင် စစ်ကိုင်းတောင်၌ ဗုဒ္ဓစာပေများကို စတင်သင်ကြားပို့ချသည်။
၁၀။ ၁၃၃၄-ခု၊ ၁၉၇၂-ခုနှစ်တွင် သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံကရွာ သပိတ်အိုင်တောရကျောင်း၌ ပဋိပတ်အလုပ် စတင်အားထုပ်ခဲ့သည်။

၁၁။ ၁၃၃၆-ခု၊ ၁၉၇၅-ခုနှစ်မှ စတင်ကာ မြန်မာပြည်အနှံ့ ဗုဒ္ဓဒေသနာများ စတင်ဟောကြားသည်။
၁၂။ ၁၃၃၈-ခု၊ ၁၉၇၇-ခုနှစ်တွင် စစ်ကိုင်းတောင်၌ (အရှေ့)သီတဂူကျောင်းတိုက်ကို စတင်တည်ထောင်သည်။
၁၃။ ၁၃၄၀-ခု၊ ၁၉၇၈-ခုတွင် သီတဂူသာသနာပြုအဖွဲ့ကို စတင်တည်ထောင်သည်။
၁၄။ ၁၃၄၁-ခု၊ ၁၉၇၉-ခုတွင် ကမ္ဘာလှည့် သာသနာပြုလုပ်ငန်းကို စတင်သည်။

ယနေ့အထိ နိုင်ငံပေါင်း (၅၀)ကျော် လှည့်လည်ခဲ့ပြီး၊ အစည်းအဝေးပေါင်း (၃၀) ကျော် တက်ရောက်ခဲ့ပြီး ဖြစ်သည်။

၁၅။ ၁၃၄၂-ခု၊ ၁၉၈၀-ခု၊ တွင် စစ်ကိုင်းတောင် သီတဂူရေအလှူတော် စီမံကိန်း တည်ဆောက်သည်။

၁၆။ ၁၃၄၇-ခု၊ ၁၉၈၅-ခုတွင် သီတဂူအာယုဒါနဆေးရုံတော်ကို စတင်တည်ဆောက်သည်။
၁၇။ ၁၃၅၁-ခု၊ ၁၉၉၀-ခုတွင် သီတဂူအာယုဒါနဆေးရုံတော်ကို စတင်ဖွင့်လှစ်သည်။
၁၈။ ၁၃၅၄-ခု၊ ၁၉၉၂-ခုတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် စီမံကိန်းကို စတင်ချမှတ်ဆောင်ရွက်သည်။
၁၉။ ၁၃၅၆-ခု၊ ၁၉၉၄-ခုတွင် အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် အော်စတင်မြို့တွင် သီတဂူဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကို စတင်တည်ထောင်ဖွင့်လှစ်သည်။
၂၀။ ၁၃၅၈-ခု၊ ၁၉၉၆-ခုနှစ်တွင် စစ်ကိုင်းတောင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို စတင်ဖွင့်လှစ်သည်။

ကျမ်းစာအုပ်များ…
===========

=ဆရာတော်သည် မြန်မာဘာသာဖြင့် စာအုပ်ပေါင်း (၈၀) ကျော်နှင့် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်ပေါင်း (၂၀) ကျော်တို့ကို ထုပ်ဝေခဲ့ပြီးဖြစ်သည်။



သာသနာပြုဘွဲ့တံဆိပ်တော်များ
=================

=ဆရာတော်အား ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ အဂ္ဂမဟာဂန္ထ၀ါစက ဘွဲ့တံဆိပ်တော်များ အပြင် မြန်မာနှစ်(၁၃၅၈-ခု) ခရစ်နှစ် (၁၉၉၇-ခု)တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ကို ဆပ်ကပ်ပူဇော်ခဲ့သည်။

smile=မြန်မာနှစ် ( ၁၃၆၅) ခု၊ ခရစ်နှစ် ၂၀၀၃-ခုနှစ်က ဒီလစ် (D.litt) ဘွဲ့ကို ရန်ကုန်တက္ကသိုလ်က အပ်နှင်းခဲ့သည်။
=မြန်မာနှစ် ၁၃၆၇-ခု၊ ခရစ်နှစ်၂၀၀၅-ခုတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မဟာချူလာလောင်ကွန် တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ ( Ph.D) ဘွဲ့ကို အပ်နှင်းခဲ့သည်။

=မြန်မာနှစ် ၁၃၆၉-ခု၊ ခရစ်နှစ် ၂၀၀၈-ခုနှစ်တွင် အိန္ဒိယနိုင်ငံ နာလန္ဒတက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။

=မြန်မာနှစ် ၁၃၇၀-ခု၊ ခရစ်နှစ် ၂၀၀၉-ခုနှစ်တွင် ထိုင်းနိုင်ငံ မဟာမကုဋ်တက္ကသိုလ်မှ ပီအိပ်ခ်ျဒီ (Ph.D)ဘွဲ့ကို အပ်နှင်းခဲ့သည်။


ဆရာတော်အား ကင်မွန်းတပ် ခေါ်ဝေါ်ခဲ့သော နာမည်များ…
===============================

=သပိတ်အိုင်တောရတွင် နေခဲ့ဖူးသောကြောင့် သပိတ်အိုင်ဆရာတော်ဟုလည်း အမည်တွင်သည်၊
=သဲကုန်းမြို့နယ် ဇာတိဖွားဖြစ်သောကြောင့် သဲကုန်းဆရာတော်ဟုလည်း အမည်တွင်သည်၊
= သီတဂူကျောင်း၊ သီတဂူရေအလှူ၊ သီတဂူဆေးရုံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်တို့ကို တည်ထောင်တော် မူခဲ့သည် ဖြစ်ခြင်းကြောင့် သီတဂူဆရာတော်ဟုလည်း အမည်တွင်သည်။
ယခုအခါ ဆရာတော်သည် သက်တော် (၇၄)၊ ၀ါတော် (၅၄)၀ါ ရှိနေပြီ ဖြစ်သော်လည်း စစ်ကိုင်းတောင်ရိုး ပင်မ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ စာသင်သားများအား ဗုဒ္ဓစာပေများကို ပါဠိ+ မြန်မာ+အင်္ဂလိပ်လိုအားဖြင့် ပို့ချရင်း တဖက်မှလည်း လူမျိုးဘာသာ သာသနာအတွက် သာသနာပြု လုပ်ငန်းများကို မနားမနေ အားထုတ်လျှက် ရှိပါသည်။
 
                                           ကျေးဇူးတော်ရှင် သီတဂူဆရာတော်ရှင်ဥာဏ်ဏိသ၁ရ
 

9 comments:

ခရစ္စတလ် said...

လပြည့်နေ့မှာ ဆရာတော်ကြီးကို လာရောက် ဖူးမျှော်ကန်တော့ခဲ့ပါတယ် ကိုဂျစ်ရေ

sosegado said...

ခြိမ်းချမ်းရေး ဆရာတော်ကြီးလဲ ဖြစ်ပါတယ်

မိုးယံ said...

ဒီလို သာသနာ့အာဇာနည်တွေကို အစားထိုးဖို့ ဆိုတာ မလွယ်ကူလှဘူးဗျာ...။ တစ်ခေတ်မှာ တစ်ယောက်ထွန်းဆိုပေမယ့်.... ဆရာတော်လို ကမ္ဘာကျော် ဆရာတော်ကြီးတစ်ပါးကို အမျိုးဘာသာ သာသနာတွက် သက်တော် ၁၂၀ တိုင် ရှည်ပါစေလို့ ဆုတောင်းမေတ္တာ ပို့အပ်ပါသည်။

The Queen said...

လာရောက်ကြည်ညို ကန်တော့သွားပါတယ်။

ဆူးသစ် said...

ဆရာတော်လုပ်ခဲ့တာတွေကိုကြည့်ရင်း လေးစားမိပါတယ်။ ကြည်လည်းကြည်ညိုမိပါတယ်။ အဲဒါတွေဖော်ပြပေးတဲ့ ကိုချစ်တူးကိုလည်း ကျေးဇူးတင်ပါတယ်။

မဒမ်ကိုး said...

ငယ်ငယ်ကတည်းကဆရာတော်ကြီးတရားသံကြားရင် အင်မတန်မှ စိတ်ချမ်းမြေ့တယ်လို့ခံစားရတယ်
သာသနာ့အာဇာနည်ဆရာတော်ကြီး အသက်ရာကျော်ရှည်ပါစေ

ခုလိုတင်ပေးတဲ့ကိုဂျစ်တူးလဲ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ

ခင်မင်လျှက်

မဒိုးကန်

ဖြူတုတ်လေး said...

နှစ်သစ်မှာ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ ရှိပါစေ ကိုဂျစ်တူး ... အောင်မြင်မှုများလဲ ဒီရေအလားတိုးတက်ပါစေ ...

ဖြူတုတ်လေး said...

နှစ်သစ်မှာ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ ရှိပါစေ ကိုဂျစ်တူး ... အောင်မြင်မှုများလဲ ဒီရေအလားတိုးတက်ပါစေ ...

ဖြူတုတ်လေး said...

နှစ်သစ်မှာ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ ရှိပါစေ ကိုဂျစ်တူး ... အောင်မြင်မှုများလဲ ဒီရေအလားတိုးတက်ပါစေ ...