Wednesday, September 21, 2011

မကောင်းမှုမှန်သမျှမလုပ်ကြနဲ့ -ကောင်းမှုမှန်သမျှလုပ်ဖြစ်အောင်လုပ်ကြ

ဒုတိယအကြိမ်မြောက်စင်္ကာပူတွင် ဥုးသုမင်္ဂလ (ဒယ်အိုးဆရာတော်) တရားပွဲများ-
ဆရာတော် ကျန်းမာရေးမကောင်းတဲ့ ကြားထဲကဆေးသောက်ပြီးတရားဟောမည်။ နာဖို့ သာပြင်ထားကြပေ
တော့ ---


မုံရွာသူမုံရွာသားတို့ ထုံးစံအတိုင်း--
ကဲ - - - -ကဲလိုက်ကြစို့ သူငယ်ချင်း-
ဆရာတော်ဘုရားဂျစ်တူးအိမ်တွင်တရားပွဲမစခင် ၃၀-၀၉-၂၀၁၁ ( သောက်ကြာနေ့  )နှင့်တရားပွဲအပြီး ၀၃-၁၀-၂၀၁၁ ( တနင်္လာနေ့ )များတွင်ကြွရောက်တရားဟောချီးမြင့်ပါမည်။ မိတ်ဆွေသူငယ်ချင်းများတရားအတူအကွနာယူကြရန်ဖိတ်ခေါ်အပ်ပါသည်ခင်ဗျား----
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

တရားပွဲအစီအစဉ်များကိုအောက်တွင်အသေးစိတ်ရေးထားပါသည်။
Dhammadownloadမှကူးယူတင်ပြပါသည်။

SayaDaw U ThuMinGaLA
မင်္ဂလတိုက် (ဒယ်အိုးဆရာတော်)
ဥုးသုမင်္ဂလ

 
******************************
တရားပွဲ ဖိတ်ကြားလွှာ

ဒယ်အိုးဆရာတော် ဥုးသုမင်္ဂလကို ဦးတင်ထွဋ် + မမွှေးမွှေး တို့မှ စင်္ကာပူကြွရောက်ရန်ပင့်ဆောင်၍ တရားပွဲ (Event Organizer) ကို dhammadownload မိသားစုမှ ကြီးမှုး၍ အောက်ပါ အစီအစဉ်အတိုင်း ကျင်းပ ပြုလုပ်မည် ဖြစ်ပါသဖြင့် တရားတော်နာ ကြွရောက်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
တရားပွဲ ပထမနေ့
***************
နေ့ရက်။ ၁ အောက်တိုဘာ ၂၀၁၁ စနေနေ့
အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
နေရာ။ Poh Ern Shih Temple at 9 Chwee Chian Road, Singapore 117488
Bus Stop No. B15201 (one more stop after Pasir Panjang MRT)
Bus No - 10,30,30E, 51,143, 175, 176,188, 200
(Free shuttle bus service from Harbour Front MRT station exit A open car park between 5:00pm - 6:00pm)

http://www.streetdirectory.com/asia_travel/travel/travel_id_4613/travel_site_144238/5/

မှတ်ချက်

Poh Ern Shih Temple ခန်းမသည် စုစုပေါင်း ၁၁၀၀ စတုရန်း မီတာ ခန့်ကျယ်ဝန်းပြီး ပရိတ်သတ် ၂၀၀၀ မှ ၂၅၀၀ ခန့် ဝင်ဆန့်နိုင်ပါသည်။ ဤနေရာသည် ဒုတိယနေ့ တရားဟောခန်းမထက် ပိုမို ဝင်ဆန့်သဖြင့် ပရိတ်သတ်များကို ပထမနေ့ကို ဦးစားပေးပြီး လာရောက်နာယူကြပါရန် တိုက်တွန်းလိုပါသည်။

လမ်းညွှန်

တရားပွဲနေ့တွင် ညနေ ၅နာရီမှ ၆နာရီအတွင်း Harbour Front MRT Station ၏ ထွက်ပေါက် EXIT-A ဘေးနား ရှိသည့် Open Carpark တွင် Free Shuttle Bus ၆ စိးခန့်ကို စီမံထားပါသည်။ Open Cark Park ၏ နေရာကို အောက်ပါ မြေပုံရှိ အပြာရောင် Cross ပြထားသောနေရာတွင် တွေ့နိုင်ပါသည်။

http://www.streetdirectory.com/?x=103.82019929872994&y=1.2662336699014564&l=13&s=sg

ပရိတ်သတ်များ အလွယ်တကူ ရှာတွေ့နိုင်ရန် လမ်းပြ Volunteers များကို Harbour Front MRT ထွက်ပေါက်မှနေ၍ EXIT-A open carpark တိုင်အောင် နေရာချထားပါသည်။ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရန် အဖြူရောင် dhammadownload T-Shirt များ ဝတ်ဆင်ထားပါမည်။ MRT သည် Public နေရာဖြစ်သည့်အတွက် ဘယ်သူဘယ်ဝါသည် မြန်မာဖြစ်ကြောင်း၊ ဘယ်သူဘယ်ဝါသည် တရားပွဲကိုလာသည့် ပရိတ်သတ်ဖြစ်ကြောင်း ခွဲခြားရ ခက်ခဲပါသည်။ သို့ဖြစ်ပါ၍ တရားနာပရိတ်သတ်များမှသာ စတင်မိတ်ဆက် မေးမြန်းနိုင်ပါသည်။

အကယ်၍ တရားပွဲကို ညနေ၅ နာရီမှ ၆နာရီအတွင် အချိန်မှီ မရောက်နိုင်သဖြင့် Free Shuttle Bus Service ကို မမှီလိုက်သည့်သူများသည် Public BUS များကို အသုံးပြု၍ လာရောက်နိုင်ပါသည်။ Pbulic BUS ကို စီးလိုလျှင် Harbour Front MRT မှ vivo city ဘက်အချန်းမှာရှိတဲ့ BUS တွေကို အသုံးပြုရပါမည်။ EXIT-A ဘက်အချမ်းမှ BUS မဟုတ်ပါ။ (Direction မှန်ရန် သတိပြုရပါမည်)။ Vivo City ဘက်အချန်း လမ်းမရှိ အောက်ပါ BUS များကို အသုံးပြုပါ။
Bus No - 10,30,30E, 51,143, 175, 176,188, 200

BUS ကို ၇ မိနစ်ခန့် ၊မှတ်တိုင် ၉မုတ်တိုင်ခန့် စီးရပါမည်။ ဆင်းရမည့်မှတ်တိုင်ကို အလွယ်တကူ ရှာနိုင်ရန် Circle Line MRT Station တွေကို မှတ်သားလျှင် လွယ်ကူပါမည်။ Harbour Front မှ Bus ၄ မှတ်တိုင်ခန့်တွင် Telok Blangah Circle line MRT station တွေ့ပါမည်။ BUS ၆ မှတ်တိုင်ခန့်တွင် Labrador Park MRT station တွေ့ပါမည်။ BUS ၈(သို့မဟုတ်)၉ မှတ်တိုင်ခန့်တွင် Pasir Panjang MRT station တွေ့ပါမည်။ အဲဒီ Pasir Panjang MRT နားမှာရှိတဲ့ BUS မှတ်တိုင်အပြီး နောက်ထပ် တမှတ်တိုင်တွင် ဆင်းရပါမည်။
လမ်းတဘက်ကို ဖြတ်ကူးရပါမည်။ SHELL Patrol Station ကိုတွေ့ ပါမည်။ နောက်ထပ် ရှေ့ဘက်နဲနဲ ဆက်လျှောက်လျှင် Chwee Chian Road ကိုတွေ့ပါမည်။ အဲဒီလမ်းထဲ ဝင်လာလျှင် Poh Ern Shih Temple ကို ရောက်ပါမည်။


အပြန်အတွက် Free Shuttle BUS ၆ စီးကိုလဲ စီစဉ်ထားပါသည်။ အကယ်၍ လူများသဖြင့် Public BUS ကို စီးလိုလျှင် Temple မှ ထွက်လာသည့်ဘက် အချန်းမှ BUS စီးလျှင် Harbour front MRT ကို ရောက်ပါသည်။ လမ်းဖြတ်ကူးရန်မလိုပါ။
Bus No - 10,30,30E, 143, 188,

(ဤ Bus များသည် Harbourfront MRT သို့ မရောက်ပါ --> 51,175, 176, 200)

တရားပွဲ ဒုတိယနေ့
**************

နေ့ရက်။ ၂ အောက်တိုဘာ ၂၀၁၁ တနင်္ဂနွေနေ့
အချိန်။ ညနေ ၆နာရီမှ ၈နာရီထိ
နေရာ။ Function Room 1, The ARENA Country Club, 511 Upper Jurong Road, Singapore 638366, near (JooKoon MRT)


မှတ်ချက်
Arena Club ခန်းမသည် အပေါ်ထပ်+အောက်ထပ် စုစုပေါင်း ၈၅၀ စတုရန်း မီတာ ခန့်ကျယ်ဝန်းပြီး ပရိတ်သတ် ၁၇၀၀ မှ ၂၀၀၀ခန့် ဝင်ဆန့်နိုင်ပါသည်။ ဤနေရာသည် ပထမန့ တရားဟောခန်းမထက် အနဲငယ် သေးပါသည်။ တရားပွဲခန်းမ၏ မျက်နှာချင်းဆိုင် လမ်းမ တဖက်ချန်းတွင် SAFTI Military Institute စစ်တပ် ရှိသဖြင့် ပရိတ်သတ်များ အစုအဝေးလိုက် လမ်းမတွင်သော်လည်းကောင်း၊ Arena Club အဆောက်အအုံ ပြင်ပတွင်သော်လည်းကောင်း၊ အစုအဝေးလိုက် ရပ်နေခြင်း၊ တရားနာနေခြင်းကို Club Management မှ ခွင့် မပြုပါ။
ဤအချက်ကို အကြောင်းပြု၍ တရားနာပရိတ်သတ်များကို အဆောက်အအုံ၏ အပြင်တွင် ရပ်မနေကြဘဲ ခန်းမအတွင်းသို မရ၊ ရအောင်ဝင်၍ တရားနာယူကြပါရန် မေတ္တာရပ်ခံပါသည်။

အကယ်၍ ပရိတ်သတ်များ အလွန်များပြားပြီး ခန်းမအတွင်း (သို့မဟုတ်) အဆောက်အအုံအတွင်း၌ မဝင်ဆန့်လျှင်၊ အဆောက်အအုံပြင်ပတွင် အစုလိုက် အပြုံလိုက် ရပ် မနေကြရန်၊ မေတ္တာရပ်ခံအပ်ပါသည်။

လမ်းညွှန်

Joon Koon MRT မှ ၅ မိနစ်ခန့် လမ်းလျှေက်ရပါမည်။
Joon Koon MRT station EXIT-A မှ ထွက်ပါ။ ထို့နောက် မီးပိုင့်ရှိလမ်းဆုံတွင် ဘယ်ဘက်ကိုချိုးပါ။ BENOI လမ်းမအတိုင်းလျှောက်လာလျှင် UPPER JURONG ROAD လမ်းဆုံကို ရောက်ပါမည်။ ထိုလမ်းဆုံတွင် ညာဘက်ချိုး၍ လျှောက်လာလျှင် ARENA Club ကို ရောက်ပါမည်။

http://www.streetdirectory.com/asia_travel/travel/travel_id_9087/travel_site_114561/



ပထမနေ့၊ ဒုတိယနေ့ တရားပွဲများကို အောက်ပါ website များမှ တိုက်ရိုက် လွှင့်ပါမည်..
http://www.dhammadownload.com/live.htm
***************************************
တရားပွဲ အလှုရှင်များ စာရင်း

၁။ ဦးတင်ထွဋ် + မမွှေးမွှေး တို့မှ သား ထွဋ်ဝင်းလျှံ (Alex Chen)၏ ၁၅နှစ်ပြည့်မွေးနေ့အတွက် အောက်တိုဘာလ (၁)ရက်နေ့ တရားပွဲခန်မအတွက် အလှုဒါနပြုပါမည်။

၂။ ဒေါက်တာသန်းနိုင်ဦး+ဒေါက်တာပပဝင်းစိုး၊ သား ထွဋ်ခေါင်းဦး(Raymond)၊ သမီး ရှင်မင်းသူ(Jessica) တို့ မိသားစုမှ အောက်တိုဘာလ (၂)ရက်နေ့ တရားပွဲခန်းမအတွက် အလှုဒါနပြုပါမည်။

၃။ သီတဂူ တရားပွဲဖြစ်မြောက်ရေး အဖွဲ့မှ  S$၅၀၀
၎။ ကိုဇော်မိုးစံ (မြစိမ်းတောင်ယောဂီ အဖွဲ့) မှ S$၅၀၀



2 comments:

သူကြီးမင်း (တုံးဖလား) said...

မောင်ဂျစ်တူး တရားပွဲ မစခင်လေး ဧရာဝတီဆီ သွားကြဦးစို့လေ။း)

ခင်မင်လျှက်

ဆူးသစ် said...

သာဓုခေါ်ပါတယ်။ ကျွန်တော်တို့မလုပ်နိုင်သေးတာတွေလုပ်နေလို့ပါ။ ကျွန်တော်လင့်လည်းချိတ်ထားပါတယ်။