Monday, August 15, 2011

နောက်ကွယ်ကဇာတ်လမ်း


နောက်ကွယ်ကတကယ့်အဖြစ်မှန်ဇာတ်လမ်းလို့ ဘဲခေါင်းစဉ်တပ်လိုက်တော့မယ်ဗျာ-တကယ့်အဖြစ်မှန်တွေပါ။
တရားပွဲ-ပျော်ပွဲရွှင်ပွဲဘယ်လိုပွဲမျိုးကိုဘဲလုပ်လုပ်နောက်ကွယ်ကဇာတ်လမ်းတွေကတော့အများကြီးမှအများကြီး
ပါဘဲ-အဲလိုဇာတ်လမ်းတွေထဲကအခုဇာတ်လမ်းကလေးကတော့ကျနော်ကိုယ်တိုင်ပါဝင်တာမို့ အသေးစိတ်ရေးပြပါ
မယ်။ ရေးမယ်ဆိုတာကလည်းကျနော်ပါဝင်တဲ့အပိုင်းကလေးပါ။
တရားပွဲတစ်ခုဖြစ်ဖို့ ဆိုတာတကယ်တော့လွယ်လွယ်ကူကူမဟုတ်ပါဘူး-
တရားဟောမည့်ဆရာတော်ကလည်း
ကျန်းမာရေးကောင်းနေရမယ်ကြွရောက်ဖို့ အစစအရာရာအဆင်ပြေနေရမယ်
(ပတ်စ်ပို့  - ဗွီစာ-လေယဉ်လက်မှတ်-စသည်ဖြင့်ပေါ့ )
တရားပွဲစီစဉ်တဲ့သူတွေကလည်း
တရားပွဲကျင်းပဖို့ အခန်းနေရာ-( ငွေပေးရမည့်အရေအတွက်-စသည်ဖြင့်ပေါ့ )
ဆရာတော်ကိုကြိုဖို့ ဆရာတော်တည်းခိုဖို့ အစစအရာရာကြိုတင်ပြင်ဆင်ထားရပါတယ်)
တရားပွဲစင်မြင့်ပေါ်မှာလည်း
ဘုရားပင့်ဖို့ နေရာထိုင်ခင်းပြင်ရ( ဆရာတော်ထိုင်ဖို့ ထိုင်ခုံနေရာချထားဖို့ ဆရာတော်ဘွဲ့ တော်အမည်နဲ့ 
စာတန်းပါတာချိတ်ဆွဲဖို့ -အသံတွေကောင်းကောင်းကြားဖို့ -မိုက်ကောင်းမကောင်းစသည်ဖြင့်ပေါ့ )
အောက်ထပ်ကတရားနာသူတွေအတွက်ဆရာတော်ပုံကိုမြင်ဖို့  (တဆင်ပြဖို့ တီဗွီဖန်သားပြင်ထားဖို့ နေရာစသည်ဖြင့်ပေါ့ )
ပန်းအလှဆင်ပေးမည့်သူတွေကလည်း( ပန်းလှလှကလေးရဖို့ -ပန်းတွေလန်းဆန်းနေဖို့ -ပန်းအလှကိုအချိန်မှီ
ပြင်ဆင်ဖို့ စသည်ဖြင့်ပေါ့ )
အွန်လိုင်းကနေတဆင့်ပြဖို့ စီစဉ်ကြ-ဗွီဒီယိုရိုက်ဖို့ -ဓါတ်ပုံရိုက်ဖို့ လုပ်တဲ့သူတွေကလည်း( မိမိကွန်မြူတာ-
မိမိဗွီဒီယိုကင်မရာ-မိမိဓါတ်ပုံရိုက်ကင်မရာတွေကဓါတ်ခဲတွေအားရှိမရှိစသည်ဖြင့်ပေါ့ )
တခါ-တရားလာနာသူတွေဗိုက်ဆာနေမှာစိုးလို့ ( ဆီထမင်းတို့ ငါးခြောက်ကြော်တို့ စသည်ချက်ပြုတ်သူတွေ )
ရေကုသိုလ်ရှင်တွေကလည်းရေဗူးမှာကြ-သည်ယူကြပေါ့-
တရားနာသူတွေလိုအပ်သည့်စာရွတ်စာတန်းဝေငှဖို့ စာရွက်တွေကူးယူရိုက်ကြစသည်ဖြင့်ပေါ့-
ခန်းမ-သန့်ရှင်းဖို့ ကလည်းအရေးကြီးတယ်လေ-( ခန်းမထဲမှာသန့်ရှင်းအောင်ဖုန်စုတ်စက်နဲ့ သန့်ရှင်းတာတို့ -
ခန်းမပြန်အပ်တော့လည်းတခါသန့်ရှင်းပေးကြရတာဘဲ )
ရေအိမ်သာထဲမှာသန့်ရှင်းဖို့ ( အသုံးပြုရန်စကူလိပ်ထားပေးတာအစ )
စသည်ဖြင့်စသည်ဖြင့်ပေါ့လေ
ဆရာတော်ပုံတော်တွေကိုဓမဒါနဲပြုဖို့ ကလည်း ( အထက်ကသူတွေလိုဘဲကြိုတင်ပြင်ဆင်ထားရတာပါဘဲ )
ဒါပေမဲ့
ဒီတခါတော့ခါတိုင်းလိုကြိုတင်ပြင်ဆင်ချိန်မရလိုက်တော့ဘူးလေ---
အလှူရှင်က စနေနေ့ ညမှာတွေ့ တော့ ကျန်သေးတဲ့တနင်္ဂနွေနေ့ မှာလှူလို့ ရတယ်ဆိုပြီးဝမ်းသာမိတယ်-
မနက်စောစောထပြီးဓါတ်ပုံထည့်ရမည့်ခြင်္သေ့ ကဒ်ကလေးတွေကိုအိပ်အကြီးကြီးနဲ့ ထည့်ပြီး
သူရစိုး တို့ ထက်ထက်တို့ ကိုသယ်ယူခိုင်းရတယ်။
တကယ်တော့အဲဒီတနင်္ဂနွေနေ့ ကဓါတ်ပုံကူးတဲ့စက်တွေအများအားဖြင့်ပိတ်ကြတယ်။ ဖွင့်တဲ့ဆိုင်ကြတော့လည်းနေ့ ခင်း ၃ နာရီကျော်မှဖွင့်ကြတယ်။ စူဇန်ရယ်ထက်ထက်ရယ်ဓါတ်ပုံကူးတဲ့ ဆိုင်တွေခွဲရှာကြတယ်။ (ကူးတာများတော့နေ့ခြင်းပြီးမရနိုင်တဲ့ဆိုင်တွေလည်းတွေ့ ရတယ်) အရည်အသွေးမမှီတဲ့ ကူးတဲ့ ဆိုင်တွေကလည်းပိုက်ဆံပိုယူချင်ကြတယ်။ ဂျစ်တူးနဲ့ သူရစိုးတို့လည်းတဆိုင်ဝင်တဆိုင်ထွက်နဲ့ ဓါတ်ပုံကူးတဲ့ဆိုင်တွေကိုရှာကြရတာပေါ့။
နောက်ဆုံးတော့ကိုယ်ကူးနေဋ္ဌကဆိုင်မှာဘဲနဲနဲစောဖွင့်ခိုင်းပြီးကူးခိုင်းရတာပေါ့-ဒါတောင် ညနေ ၃ နာရီမှာဖွင့်သည်။
(အရည်အသွေးကောင်းကောင်းနဲ့ ဓါတ်ပုံကလည်းအမြန်လိုချင်ဆိုတော့အမြန်နှုန်းတော့
နဲနဲပိုပေးလိုက်ရတာပေါ့ )ထားတော့---
ဓါတ်ပုံတွေတဝက်ရတာနဲ့  ထက်ထက် ကိုအရင်သွားခိုင်းရတယ်။ ( သူ့ သူငယ်ချင်းတွေခေါ်ပြီးဓါတ်ပုံတွေကို
အရင်ထည့်နှင့်ကြဖို့  )
ကျန်ရှိနေတဲ့ဓါတ်ပုံတဝက်ရတော့ဂျစ်တူးနဲ့ စူဇန်ကလည်းအမြန်နောက်ကနေလိုက်ရတယ်။
ခါတိုင်းကတော့ဂျစ်တူးအိမ်မှာဘဲဓါတ်ပုံတွေထည့်ကြတာပေါ့-အခုတော့  ကျော်ဝင့်သူ+လေးလေး တို့ အိမ်မှာ
မှာ ထက်ထက် သူငယ်ချင်းတွေနဲ့ ဝိုင်းထည့်ကြတာပေါ့။

                                                                           ကျော်ဝင့်သူ+လေးလေးတို့ အိမ်မှာ






 


ဓါတ်ပုံတွေထည့်ပြီးကြတော့ဓါတ်ပုံတွေနှင့်အတူအမှတ်တရကလေးဓါတ်ပုံရိုက်ယူခဲ့ ကြပါသည်။
အိပ်တွေနဲ့ တနိုင်တပိုင်တရားပွဲရှိရာသို့ သယ်ယူဋ္ဌကပါသည်။
                                                တရားပွဲရှိရာနေရာသို့ အရောက်သယ်ယူခဲ့ပြီးအလှူရှင်များကိုယ်တိုင်ဓမဒါနအဖြစ်ဆရာတော်ပုံတော်တွေကို
ကုသိုလ်ဖြစ်ဒါနပြုခဲ့ ကြသည်။

အောင်ကျော်သိုက်+မြင့်စန္ဓာ
သမီး
ရွှန်းလင်းလဲ့စန္ဓာဧကရီသိုက်
                                                               မိသားစုတို့ မှဒါနပြုကြပါသည်




                                  အလှူအမမြင့်စန္ဓာ နှင့် သမီးကလေး     ရွှန်းလင်းလဲ့ စန္ဓာဧကရီသိုက်               


                                    သမီးကလေး    ရွှန်းလင်းလဲ့ စန္ဓာဧကရီသိုက်    ကလည်းကိုယ်တိုင်လှူ


အလှူရှင်ကြီး    အောင်ကျော်သိုက်   ကတော့နိဗ္ဓန်ဆော်လုပ်နေတော့မအားမလပ်ဆိုတော့ကိုယ်တိုင်မလှူနိုင်ခဲ့ ဘူးပေါ့ -

အဲဒီနေ့ က  လေးလေးတစ်ယောက်  ဓါတ်ပုံကူညီပြီးထည့်ပေးတဲ့  ထက်ထက် တို့ သူငယ်ချင်းတသိုက်ရယ်ဂျစ်တူးနှင့်စူဇန်တို့ ကို ထမင်းဟင်းတွေချက်ကျွေးခဲ့ သည်။ ( ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ )
အစစအရာရာကိုကူညီပေးခဲ့ ကြတဲ့  ထက်ထက်တို့ သူငယ်ချင်းများကိုလည်းကျေးဇူးတင်ပါတယ်။
အပေါ်ကစာတွေကတော့တကယ့်အဖြစ်အပျက်ဇာတ်လမ်းကလေးပါ။ အလှူတစ်ခုလှူဖို့ ဆိုတာအစစအရာရာ
ဒေါင့်ပေါင်းစုံကနေဝိုင်းဝန်းစုပေါင်းကြမှသာအောင်မြင်မှု့ ရခဲ့တာပါ။
တဖန်ပြန်ရေးရအုံးမယ်ဆိုခဲ့ရင်လည်းအဖက်ဖက်ကဒေါင့်ပေါင်းစုံကဘယ်လိုဘဲကောင်းအောင်စီစဉ်ကြပေမဲ့ 
တရားပွဲကိုတရားနာ မလာကြဘူးဆိုခဲ့ရင်လည်းအောင်မြင်တဲ့ တရားပွဲဖြစ်မလာနိုင်ပါဘူး-
ဂျစ်တူးကတော့ ဒီလိုအောင်မြင်မှု့ ရအောင် တရားပွဲဖြစ်မြောက်အောင်စီစဉ်ကြသူတွေအားလုံးကိုရော-
ငွေအားလူအားအလှူရှင်များကိုရော သာဓု သာဓု သာဓု ---အကြိမ်ကြိမ်ခေါ်ယူပါတယ်ခင်ဗျာ-
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

9 comments:

အဖြူရောင်နတ်သမီး said...

မွန်မြတ်လှတဲ့ အလှူအတွက် သာဓု..သာဓု..သာဓု..ပါရှင်..

သူကြီးမင်း (တုံးဖလား) said...

ပိတ်ကား နောက်က ဇာတ်လမ်းတွေကို လူတွေက သိပ်သတိမထားမိကြဘူးလေ။ ဒါက ထုံးစံကိုး။ ဥပမာ မင်းသမီး မင်းသားတွေကိုဘဲ လူတွေက မြင်ကြတာ။ သူတို့ကို နောက်ကွယ်က ပံ့ပိုးပေးကြတဲ့ သူတွေကို သတိမထားတတ်ကြဘူး မဟုတ်လား။

ခင်မင်လျက်

မိုးယံ said...

အခုလို တရားပွဲတွေကို ကိုယ်အားဥာဏ်အား ဖြင့် လုံ့လ စိုက်ထုတ်ကူညီခဲ့သော သူများ အားလုံးကို ၀မ်းမြောက်ဝမ်းသာ သာဓု ခေါ်မိပါသည်။

သာဓု သာဓု သာဓု...........

ခရစ္စတလ် said...

မြင်နိုင်ခဲတဲ့ အကြောင်းလေးကို ရေးထားသိပ်ကောင်းတာပဲ။
အလှူအားလုံးအတွက် သာဓုခေါ်ပါတယ်နော်။

sosegado said...

အလှူတွေအတွက် သာဓုပါပဲ အမြန်နေကောင်းကျန်းမာပါစေ၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ကုသိုလ်ယူကြပုံတွေ ကြည့်ပြီး ကြည်နူးပီတိဖြစ်ရသလို ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်
သာဓုခေါ်ပါတယ် ကိုဂျစ်တူးရေ..

SHWE ZIN U said...

နောက်ကွယ် က ဇာတ်လမ်းလေး ကိုလာရောက် ကြည့်ရှု့သွားပါတယ်.. သာဓု..သာဓု..သာဓု...

ဒါနဲ့ စာအုပ် တွေ ကိုင်ပြီး ရိုက်ခိုင်းတာ ဘယ့်သူ့ အိုင်ဒီယာ လည်းဗျ... ဟားဟားးးးးးးးးးး

Unknown said...

နောက်ကွယ်ကဇာက်လမ်းဆိုတာ ဒါပြောတာကိုးဗျ…………

Unknown said...

နောက်ကွယ်ကလက်ဇာမ်းလေးကိုဖက်သွားပါတယ်