Friday, April 29, 2011

ဗြိတိန်မင်းသားလေးရဲ့ လက်ထပ်ပွဲ



                                                Photo by Jittoo(Monywa)ဗြိတိန်နန်းတော်ကြီးရှေ့ 

ဗြိတိန်မင်းသားကလေး(ဒိုင်ယာနာမင်းသမီးကလေးရဲ့ သားတော်အကြီး) ဝီလီယံနဲ့ အရပ်သူကလေး-
တစ်ယောက်ဖြစ်တဲ့ ကိတ် မစ်ဒယ်လ်တန်တို့ ၏လက်ထပ်ပွဲကို ဗြိတိန်နန်းတော်ကြီးမှာမင်္ဂလာအခန်းအနား
ကျင်းပါတော့မယ်တဲ့ဗျာ-စင်္ကာပူစံတော်ချိန်ညနေ ၅ နာရီမှာတဲ့ ဒီကနေ့ နော်( ၂၉-၀၄-၂၀၁၁ )
အင်္ဂလန်က သူကြီးကိုကိုမောင် တို့တော့အားတော့ဘူးထင်ပါရဲ့ -
ဗြိတိန်ကိုရောက်တုံးကရိုက်ခဲ့ဘူးတဲ့ဓါတ်ပုံကလေးတစ်ပုံပါဗျာ-(ကြွားဝါခြင်းအလျင်းမရှိပါ)

                  Photo by Jittoo(Monywa)
ဘုရင်မကြီးနန်းတော်ရှေ့ မှာစစ်သားတွေစစ်ရေးပြတာကအရမ်းကြည့်လို့ ကောင်းတယ်-တရက်ကိုတစ်တပ်
ဆိုတော့တစ်ပတ်ပြည့်ရင်တော့စစ်သားတွေစစ်ရေးပြတာကိုခုနှစ်မျိုးကြည့်လို့ရတာပေါ့ဗျာ-နေ့ တိုင်းသွားပြီး
ဓါတ်ပုံရိုက်ယူခဲ့ပါသည်။ ကံကောင်းတဲ့နေ့ ဆိုရင်တော့မိုးကောင်းကင်ပြာပြာကလေးတွေကိုဓါတ်ပုံရိုက်လို့ရ
ပေမဲ့ကံမကောင်းတဲ့နေ့ တွေဆိုခဲ့ရင်တော့တိမ်တွေမဲ့တဲ့ကောင်းကင်ဖြူဖြူကြီးကိုဖြစ်ဖြစ်-ကောင်းကင်မီးခိုး
ရောင်ကြီးကိုဖြစ်ဖြစ်မိုးဖွဲဖွဲကလေးရွာတာကိုဘဲဖြစ်ဖြစ်ရိုက်ယူခဲ့ရပါတယ်။အခုတင်ထားတဲ့ပုံတွေကဆလိုက်ပုံ
တွေပါ။ကျနော်အဲဒီကိုရောက်တဲ့အချိန်တုံးကတော့ဒစ်ဂျစ်တယ်ကင်မရာတွေစတင်ပေါ်နေပါပြီ။
အင်္ဂလန်ပြတိုက်ထဲကတန်ဘိုးမဖြတ်နိုင်တဲ့မြန်မာနိုင်ငံကဘုရားတွေအလေးတွေကိုတော့“ခိုး”ရိုက်ခဲ့ပါသေး
တယ်။
နောက်ဆက်တွဲတင်ပေးပါမယ်ခင်ဗျာ-----


5 comments:

သူကြီးမင်း (တုံးဖလား) said...

မောင်ဂျစ်တူးလဲ ဘိလပ်ရွာလေးကို ရောက်ဖူးသကိုးးးး။ အမှန်ဆို တုံးဖလားမြို့တော်လောက် ပျော်စရာ ကောင်းတဲ့ နေရာတော့ မဟုတ်ဘူး။း))))

မင်္ဂလာပွဲကို တီဗီက တစ်ဆင့် ငေးမော တွေးတော နေတယ် မဟုတ်လား။ ဒါပေမဲ့ နောက်ကို ဘိလပ်ဒီဇိုင်းတွေ ယူပြီး သတို့သမီးကို ပြင်မပေးလိုက်နဲ့ဦး။း)))))))


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

sosegado said...

ရောက်ဖူးလို့ရောက်ဖူးတာပဲ၊ ကြွားတဲ့လို့ထင်တဲ့သူအမှားပေါ့၊

စော(အဝါရောင်မြေ) said...

ဘယ်လက လန်ဒန်ကို မြန်မာတွေ သွားလို့  အကောင်းဆုံးလဲဟင်။ ဘယ်လို ရာသီတွေ ရှိလဲ။

စော(အဝါရောင်မြေ) said...

ဆက်ဆက်တင်နော် . . .ပုံတွေကြည့်ရအောင်လို့ ။
သူတို့  ကင်းစောင့်ရင် လုံးဝ မလှုတ်ရဘူးဆို။

win latt said...

လာလည်သွားပါတယ်...။
ပျော်ရွှင်ချမ်းမြေ့မှုအပေါင်း ပြည့်စုံပါစေ....