Tuesday, January 25, 2011

ဧည့်သည်ကြီး(ကဗျာ ဆရာကြီးဦးတင်မိုးအတွက)်

ကဗျာဆရာကြီးဦးတင်မိုးအမှတ်တရရေးဖွဲ့ ထားတဲ့ကဗျာကလေးကိုအရမ်းကြိုက်လွန်းလို့ ထပ်ဆင့်တင်ပြပေး
ခြင်းဖြစ်ပါသည်။ဆရာကိုဆရာ့တပည့်တွေဘယ်သူကမှမမေ့သေးပါဘူးဆရာ။သေသောသူကြာရင်မေ့ဆိုတဲ့
အထဲမှာဆရာတော့ပါမယ်မထင်မိပါဘူး။
အဓိပတိလမ်းမကြီးပေါ်မှာထီးမဲကြီးတစ်ချောင်းနဲ့ လွယ်အိပ်ကြီးလွယ်ပြီးလှည်းတန်းလမ်းစီကိုညနေတိုင်းသွား
နေတတ်တဲ့ ဆရာတစ်ယောက်ကိုမြင်တွေ့ နေရအုံးမှာပါ။ ဦးစိုင်းအောင်ဝင်းကျူရှင်သင်တန်းမှာကဗျာစာတွေပို့ချပေးခဲ့တဲ့အချိန်ကာလတွေကိုဘယ်လိုမှမေ့မရသေးပါဘူးဆရာ။
စာရေးလိုက်တိုင်းသတ်ပုံကလေးကိုမှားပြီးရေးမိလိုက်တိုင်းဆရာစကားကိုအမြဲတမ်းကြားနေမိတယ်။
“ ဒီမယ်ကလေးတို့ ရေ-ဆရာတို့မှာမြန်မာတွေဖြစ်တာကိုဂုဏ်ယူတတ်ကြစမ်းပါ။
မြန်မာဆိုတာကိုယ်ပိုင်အရေး၊ကိုယ်ပိုင်စကား၊ကိုယ်ပိုင်စာ၊ဆိုတာရှိတယ်။စာလုံးတိုင်းဟာအများကြီးအဓိပါယ်
ရှိတယ်တန်ဘိုးရှိတယ်။ဝက်ဆံပေါက်မပါသင့်တဲ့နေရာပါလိုက်ရင်အဓိပါယ်တစ်မျိုးဖြစ်သွားသလို-
အောက်ကမြစ်ပါမည့်နေရာကိုမပါခဲ့ရင်လည်းအများကြီးအဓိပါယ်ကွဲသွားတတ်တာ၊စကားလုံးတစ်လုံးထဲကို
တွဲမရေးဘဲနောက်တစ်ကြောင်း(အောက်တစ်ကြောင်း)ကနေရေးလိုက်ရင်လည်းဖတ်ရတဲ့သူအဖို့ စိတ်မသက်
သာလှပေဘူး၊အစက်ကလေးတစ်စက်ဟာအဓိပါယ်တွေအများကြီးဖြစ်တတ်တာမို့ သတိထားပါ။လက်ဆင့်
ကမ်းသည်ယူသူလို့ သက်မှတ်ပြီးမိမိကဂရုစစိုက်မှနောက်လာနောက်သားတွေအတွက်အကျိုးရှိမှာမို့ ဂရုစိုက်
ကြစမ်းပါ။ မြန်မာစာဂုဏ်ထူးထွက်ဖို့ဆိုတာဒီပြင်ဘာသာတွေလိုသိပ့်မလွယ်လှပေဘူး၊၊ဒါကြောင့်အထူးဂရုစိုက်
ကြပါနော် - - - - - - - ”

ဂျစ်တူးကစာလုံးတစ်လုံးရေးရင်အစက်ကလေးတစ်စက်ချတတ်တဲ့သူဖြစ်တာမို့ စာလုံးတိုင်းဟာအမှားတွေ
ဖြစ်နေတတ်တာကိုဆရာကမြင်လို့ ပြင်ပေးခဲ့တာပါ။ မှားတာကဂျစ်တူးမှားတာဖြစ်ပေမဲ့ဆရာကတစ်တန်းလုံး
ကိုပြောပြတော့အားလုံးလည်းသိမြင်သွားတာပေါ့။ ဆရာအဲဒီကတည်းပြင်ပေးလိုက်တဲ့ဂျစ်တူး-အခုဆိုစာလုံး
တစ်လုံးရေးပြီးတိုင်းအစက်မချတော့ပါဘူးဆရာ။
၂၀၀၇ ဇန်န၀ါရီ ၂၂ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့ နေအိမ်အနီး လက်ဖက်ရည်ဆိုင်မှာ ကွယ်လွန်သွားသောဆရာကိုသတိတရရှိနေဆဲပါဆရာ။
ဆရာကောင်းရာမွန်ရာရောက်ပါစေ။
မှတ်ချက်။             ၊၊ ဆရာကွယ်လွန်ခြင်း၎ နှစ်ပြည့်အတွက်အိမ်မှာဆွမ်းကပ်ပြီးဆရာကိုအမျှဝေခဲ့ပါတယ်။



ဧည့်သည်ကြီး
**********
ဖန်မီးအိမ် ထိန်ထိန်ထွန်းပါလို့
လှေတစ်စင်းနှင့်သီချင်းသည်...။

ဟိုး..ပန်းဈေးခင်းဆီက
ထီးကလေးနဲ့မနီ...။

ကဗျာပေါင်း ထောင်သောင်းချီ
သီနှိုင်ပေ့ ပန်းကုံး...။

ဆရာဆုံးသော်လည်း
ပန်းတွေက လန်းတုံး...။ ။

သန်းစိန်
(ဆရာတင်မိုး အမှတ်တရ)

http://myatsan.blogspot.com/  ဘလော့မှထပ်ဆင့်ကူးယူတင်ပြပါသည်။

No comments: