ငှက်တို့ ၏တေး - - - -
ငှက်တို့၏တေး...
မလိုက်ရဲရင်လည်း...
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...။
တစ်နေ့ နီးမှာပေါ့...
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်၊
(ငှက်ဆိုတာကတော့ ).... ပျံရင်းသေ။ ။
ကဆုန်စိုင်းသလိုပေါ့....
မုန်းတိုင်းက ရှေ့မှာမွှေ...
တောမီးတွေက ရှေ့မှာဝိုင်း..။
ခြင်္သေ့က မြက်မစား.....
ကျားက ကြွက်မချောင်း...
ဖွတ်တွေက မိကျောင်းလို မနေ...၊
အိုးဝေ...အိုးဝေ.... တွန်သံနှောလေတဲ့...၊
စိမ်းမြညို ဟောဟိုတောဆီသို့.... .
အမောခံ ဇောမာန်တင်းပါလို့---
ပျံရင်းသေ ခရီးဆက်မယ်...တဲ့...
အဲဒါ ... ....အဲဒါ - - - -
ငှက်တွေရဲ့  - - သမိုင်း - - - ။ ။
မောင်စိန်းဝင်း(ပုတီးကုန်း)
စင်္ကာပူမှာအောင်မြင်စွာပြီးဆုံးသွားတဲ့ ဒုတိယအကြိမ်မြောက်စာပေဟောပြောပွဲမှ-
ဆရာမောင်စိန်ဝင်း( ပုတီးကုန်း ) ရွတ်ဆိုသွားတဲ့ ကဗျာကလေးပါ။
ဆရာရဲ့ အသံ ဆရာရဲ့ မာန် ဆရာရဲ့ ဟန်တွေကြောင့် ကျနော်ဂျစ်တူးမှာတကယ့်ကိုရင်ထဲနှလုံးသားထဲက
နာသွားမိပါပြီဆရာ။ဆရာကိုဂျစ်တူးငယ်ငယ် ၈ နှစ် ၉ နှစ်အရွယ်ကတည်းဂျစ်တူးကိုကိုနဲ့ အတူတူပထမဦးဆုံး
စာပေဟောပြောပွဲကို မုံရွာမြို့ က အ မ က အမှတ် ( ၃ ) ကျောင်းမှာဟောပြောကတည်းကကြိုက်ခဲ့သူပါ။
အခုဒုတိယတကြိမ်ဆရာဟောပြောမှု့ ကိုနားထောင်ခဲ့သူပါ။ ဆရာကျန်းမာပါစေ - - - -
No comments:
Post a Comment